top of page
Search

စစ်ကိုင်းအကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 1, 2023
  • 1 min read

စစ်ကိုင်းဘက်မှာ စစ်ကိုင်းဖိုရမ်လုပ်ကတည်းက စခန်းတွေစီးနင်းခံရမယ်ဆိုတဲ့ ကိစ္စကိုစာ‌ရေးသူ ဇွန်၁၁ ရက်က သတိပေးပြီးသားပါ။ ယုံသူတွေရှိသလို တချို့ကလည်း မယုံကြပါ။ တချို့ကဆိုရင် ဂျင်းသတင်းဘာညာဆိုပြီး အကြီးအကျယ်ရေးသူများ တောင်ရှိတယ်လို့ကြားပါတယ်။

မအလတပ်နဲ့တိုက်ပွဲဖြစ်ရာမှာ pdf နဲ့  မအလတပ်တွေ ကျဆုံးတာရှိနိုင်သလို တစ်ခါတစ်ရံ pdf က မအလစခန်း တိုက်ခိုက်သိမ်းပိုက်လို့ စစ်ကြောင်းပြန်ထိုးခံရတာလည်းရှိပါတယ်။ ဒါတွေက စစ်သဘောအရ ဖြစ်စဉ်တွေပါ။ သူ့ဘက်ကိုယ့်ဘက် သေသူရှိပါတယ်။

ဒါပေမယ့် pdf စခန်းတွေကို ဗုံးကြဲခံရတာ pdf စခန်းမဟုတ်ပေမယ့် ပအဖ ပကဖ တာဝန်ရှိသူတွေသွားလာချိန်မှာ ရွာတွေကိုဗုံးကြဲခံရတာ pdf စခန်းတွေ  ဝင်စီးခံရတာက မအလရဲ့ စရဖထံ သတင်းပေါက်ကြားမှုကြောင့်ပါ။

စာရေးသူယခင်က ပြောခဲ့သလိုပဲ လေတပ်ဟာ မြေပြင်ထောက်လှမ်းရေးသတင်းမရရင် ကောက်ရိုးပုံထဲက အပ်ရှာရ သလိုပါပဲ။ မအလဟာ သတင်းထောက်လှမ်းရာမှာ တယ်လီဖုန်းစကားပြောတာကိုကြားဖြတ်နားထောင်တာ၊ မြေပြင်က ပျူ၊ ဖွတ်၊ နန်းနဲ့ NUG ကို ဖောင်းထုတဲ့ သူများထံကသာသတင်းရပါတယ်။ ဖုန်းမှာတော့ ဘယ်သူ့ဖုန်းကို ကြားဖြတ်နားထောင်ရမယ်ဆိုတာ မသိနိုင်ပေမယ့် စစ်ကိုင်းဖိုရမ်တက်ရင် ဖိုရမ်ကလူတွေကို ဦးတည်ပြီး သူတို့သုံးတဲ့ ကွန်ပျူတာ ဖုန်းတွေထဲကို software ထည့်ပေးထားရင်တော့ သတင်းရနိုင်ပါတယ်။ အချို့က ဖိုရမ်ခေါင်းဆောင် အချို့က ဦးကိုကိုကြီးနဲ့ရင်းနှီးသူ ဦးကိုကိုကြီးပါတီမှာလုပ်ခဲ့သူက ယခုအချိန်မှာ စစ်ကိုင်းနိုင်ငံရေးသမားဆိုပြီး စစ်ကိုင်းဖိုရမ်ကို ဦးဆောင်နေရင်တော့ လုံခြုံရေးအရ သတိထားကြပါ။ အချို့က NUG ကို ဝေဖန်တာကနေ လိုင်းပေါ်မှာ ဖော်ရာကနေ စရဖက သတင်းရတာလဲ ရှိပါတယ်။ ဥပမာ ပုလဲကိစ္စရှင်းစဉ်ကပေါ့။

ပြောစရာရှိတာလဲ ပြောခဲ့ပြီးပါပြီ။ စစ်ကိုင်းက ဖိုရမ်အပြီးမှာ အဆိုပါဖိုရမ်နဲ့ နီးစပ်ခဲ့သူ PDF၊ ပအဖ၊ ပကဖတွေကို စခန်းပြောင်းကြပါ လုံခြုံရေးကို ယခင်ကထက် ဂရုစိုက်ကြပါလို့ သတိပေးခဲ့ပါတယ်။အတိအကျပြောမရတာက စခန်းက ၁၀ ခုထက်ပိုလို့ပါ။ မိမိအဖွဲ့ထဲက ဟိုမဆိုင်သူတွေကို ဖုန်း‌ပေးမကိုင်ပါနဲ့။ NUG ကလဲ ဖြစ်နိုင်ရင် စစ်ကိုင်းက မိမိလက်အောက်ခံ တိုင်းအဆင့်အဖွဲ့တွေကို starlink တပ်နိုင်အောင် ကြိုးစားပေးပါ။ ကယား/ကရင်နီက နိုင်နေလို့ နောက်မှရေးပါမယ်။ စစ်ကိုင်းမှာဖြစ်နေတာကတေဇကျော် ရောက်နေလို့ဆိုပြီး စိုးဝင်းဆွေ ဂျင်း ထည့်နေတာ ဘာမှမဆိုင်ပါ။ တေဇကျော်ကစစ်ဆင်ရေးအထူးအဖွဲ့မှူးလုပ်နေတာကြာခဲ့ပါပြီ။ ယခင်တိုင်းမှူး အဖြုတ်မခံကတင်ထဲက တေဇကျော်ရှိပါတယ်။ ပုံတွေကို ပြန်ကြည့်ပါ။ သူရှုံးနေခဲ့ပါတယ်။ သတင်းမပေါက်ကြားရင် သတင်းလုံခြုံရင်စာရေးသူတို့ လုံးဝလုံးဝ အနိုင်ရမှာပါ။ ပြောက်ကျားစစ်ကို ပြောက်ကျားကဲ့သို့ ဆင်နွှဲနိုင်ပါစေ။ကြားလူအဝင်မခံပါနဲ့။ NUG အမိန့်နဲ့ NUG အုပ်ချုပ်မှုအောက်ကသွားရင် မနိုင်မှာ ပူစရာမလိုပါ။ စစ်ရေးသတိရှိပြီး ကြားအုပ်စုကို မိမိနေရာ ပေးမသိဘဲ စစ်တိုက်နိုင်ကြပါစေ။ ဦးကိုကိုကြီး၊ ဒေါက်ခိုင်၊ သိန်းညွန့်တို့လဲ ဒီမိုဘက်တော်သားတွေ ဖြစ်ခဲ့ပါတယ်။ မမေ့ပါနဲ့။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page