top of page
Search

စစ်ကိုင်းမှာ မအလတပ်တကယ်ထိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 29, 2022
  • 1 min read



ယခုရက်ပိုင်းမှာ ရွာတွေမီးရှို့ခံရရင် အချို့က NUG ကို ဘာလုပ်နေလဲ မေးလေ့ရှိပါတယ်။ ရန်သူကယုတ်မာတာကို NUG က အမေရိကန်ထံမှ လေယာဉ်ပစ်လက်နက်မရဘဲ တုန့်ပြန်ဖို့မလွယ်ပါ။ ဒါပေမယ့် စာရေးသူအနေနဲ့ PDF တွေတိုက်လို့ မအလတပ် တကယ်သေ မသေဆိုတာကို အထောက်အထားနဲ့ပြောပြလိုပါတယ်။

စာရေးသူလိုင်းပေါ်မရှိခင် လွန်ခဲ့တဲ့အပတ်က ဒုဗိုလ်မှူးကြီးအဆင့်ကို NUG လက်အောက်ခံ စနစ်တကျဖွဲ့ထားတဲ့ PDF တွေက ဝိုင်းတိုက်လို့ ဒဏ်ရာရအပြီး သေသွားတာ ရေးခဲ့ပါတယ်။ မုံရွာစစ်မြေပြင်ဆေးရုံကို ရောက်အပြီးမှာပါ။ ဒီထက်ပိုပြီး ဆေးရုံမှာ မအလတပ်က ဒဏ်ရာရသူ ဘယ်လောက်ရှိလဲဆိုတာ အားလုံးသိလိုမှာပါ။ မုံရွာတပ်စစ်မြေပြင်ဆေးရုံမှာ အတွင်းလူနာဆောင်တစ်ခုကို ယခင်က ၁၄ယောက်လောက်သာ ထားပါတယ်။ ယခု အတွင်းလူနာဆောင်တစ်ခုမှာ တစ်ဘက်ကို ၁၀ ယောက်နဲ့မျက်နှာချင်းဆိုင် ၂၀ ထားပါတယ်။ အဆိုပါအဆောင်မျိုး ၃၀ ရှိပြီး လူ ၆၀၀ ဆန့်ပါတယ်။ ကုတင်၁၀၀၀ အထိ ချဲ့နိုင်ပါတယ်။ အပြည့်ပါဘဲ။ ဒါက တပ်မိသားစု နှလုံးရောဂါ၊ ပန်းနာရင်ကျပ် လာကုတာမဟုတ်ဘဲ စစ်မြေပြင်မှာ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းထိ၊ ရင်ခေါင်းထိမျိုးပါ။ လူနာတွေက မန္တလေးအထိတောင် မပို့နိုင်ပါ။ ရာထူးကြီးသူဆိုရင်တော့ နေပြည်တော်ပို့ပါတယ်။ ဒါကြောင့်လက်ရှိမှာ PDF က ပစ်လို့၊ မိုင်းထိလို့ အတွင်းလူနာအဖြစ် ကုသခံရသူ မုံရွာမှာတင် ၆၀၀ ရှိပါတယ်။ ဆေးရုံဆင်းသွားသူ သေသူမပါသေးပါ။ ဒါက ရခိုင်၊ ကချင်၊ ချင်း၊ မကွေး၊ ကရင်၊ မွန်က စစ်မြေပြင်ဆေးရုံမှာ ကုနေရတဲ့ ဒဏ်ရာရသူတွေမပါသေးသလို စစ်မြေပြင်မှာ သေသွားသူတွေမပါသေးပါ။

ဒါကိုပြန်သုံးသပ်ရင် လက်ရှိအညာက PDF တွေဟာ လက်နက်အင်အားသာလွန်တဲ့ မအလတပ်ကို များစွာအထိနာအောင် လုပ်နိုင်တာ တွေ့နေရပါတယ်။ သူတို့ဟာ ပြည်သူအချို့တောင့်တသလို မအလတပ်ရင်းတွေကို ဝင်မသိမ်းနိုင်သေးပေမယ့် မအလကိုတော့ များစွာအထိနာစေတာ တွေ့ရပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့ ဒီတော်လှန်ရေးဟာ အောင်ဖို့သေချာနေတယ်ဆိုတာပါ။ အချိန်ကတော့စာရေးသူတို့ ငွေဘယ်လောက်မြန်မြန်ရမလဲ ဘယ်သူကလက်နက်ကူမလဲအပေါ်မှာ မူတည်ပါတယ်လို့ပြောပါရစေ။ ယခုရေးထားတဲ့ မအလတပ် ဒဏ်ရာရစာရင်းကို ငြင်းလိုသူ ဘောမများ မုံရွာအတွင်းလူနာစာရင်းနဲ့ လာငြင်းနိုင်ပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page