top of page
Search

စစ်ကိုင်းမှပြောသော စစ်ရေးအခြေအနေ

Writer: Myat Tun OoMyat Tun Oo

မအလတပ်ဟာ အနောက်မြောက်တိုင်းအတွက် တပ်ရင်းများစွာကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်နေပါတယ်။ အချို့နေရာတွေမှာက ပျူတွေကိုလဲ ညှပ်သုံးပါတယ်။ ပထမ စစ်ကားတွေနဲ့ စစ်ကြောင်းဖွဲ့သွားချိန်မှာ အစုလိုက်အပြုံလိုက် မိုင်းဆွဲ အသတ်ခံခဲ့ရပါတယ်။ ဒါက မြန်မာ့သမိုင်းမှာ မအလတပ်အတွက်အပြင်းထန်ဆုံးခံနေရတာပါ။ ယခင်က အတိုက်ခံခဲ့ရတာလဲ ရှိပေမယ့် ယခင်က သူတို့နဲ့တိုက်တဲ့အဖွဲ့ကလက်နက်ကောင်းခဲ့ပါတယ်။ ယခုဟာက တူမီးသေနတ်နဲ့ တိုက်တဲ့ PDFကတွကို မအလတပ် ခံနေရတာပါ။

ဒါကိုလက်တုံ့ပြန်ဖို့ မအလတပ်က ဗျူဟာမှူးတွေလုပ်ခဲ့တာက အရပ်သားဝတ်စုံဝတ်တာ၊ ရွာလမ်းတွေကနေသွားပြီး ရွာသားတွေကို လူသားဒိုင်းအဖြစ်သုံးပြီး သွားလာတာတွေပါ။ နောက်လမ်းတွေပေါ်မှာလဲစစ်ကားမသုံးဘဲ အရပ်သားကားတွေသုံးတာ လူစီး လိုင်းကားတွေကိုသုံးပြီးသွားတာတွေ လုပ်ခဲ့ပါတယ်။ ညစ်ပြီး စစ်စည်းကမ်းမလိုက်နာဘဲ တိုက်တာပေါ့။ အရပ်သားကို မထိစေလိုတဲ့ PDF တွေကအစပိုင်းမှာ အငိုက်မိသွားခဲ့ပေမယ့် သူတို့က အချိန်မှီဗျူဟာပြောင်းပြီး ပြန်တိုက်ခဲ့ကြပါတယ်။မြေပြင်မှာ တွေ့နေရတာက စိတ်ဓာတ်ပြင်းထန်တဲ့ PDF တွေပါ။ သူတို့ဟာ မအလတပ်က သေနတ်နဲ့ပစ်ရုံနဲ့ မဆုတ်သွားဘဲ့ ပြန်ခုခံကြပါတယ်။ နောက် မအလထိုးတဲ့ စစ်ကြောင်းတွေဟာ ရွာတွေထဲမှာ ပြန်ပိတ်မိတာတွေလဲ ရှိလာနေပါတယ်။

မအလက ရွာတွေကိုမီးရှို့တာ ပစ္စည်းခိုးတာတွေနဲ့ ရွာသားတွေကြောက်မယ်လို့ ထင်ခဲ့ပါတယ်။ ဒီနေရာမှာ မအလ မေ့နေတာ တစ်ခုရှိပါတယ်။ အဆိုပါ စစ်ကိုင်းနယ်ဟာ မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေထွက်ခဲ့တယ်ဆိုတာပါ။ ဒါ့ကြောင့် ထိုနယ်ကရွာတွေကို မအလက မီးရှို့လေ တစ်ရွာလုံး PDF ဖြစ်သွားလေပါ။ အချို့ မအလ တပ်ထဲကလူတွေရဲ့ မိဘတွေကဆို သူတို့နဲ့ ကင်းကင်းပြန်နေကြတဲ့အထိဖြစ်လာနေပါပြီ။

ဒီနေရာမှာ စစ်ရဲ့သဘောကို ပြောပြလိုပါတယ်။ စာရေးသူတို့က ပထမ စစ်ကိုင်းမှာ တိုက်တာဟာ မအလတပ်ရဲ့ အခြေခံအုပ်ချုပ်ရေးကို အောင်မြင်စွာ ဖျက်နိုင်ခဲ့ပါပြီ။ ယခုအချိန်မှာ သူကစစ်ကြောင်းထိုးပြီး ဟို PDF စခန်းဖျက်တာ ဘာညာ ကြားရမှာပါ။ အဆိုပါစခန်းတွေဟာ KIA လို KNU လို UWSA လိုစခန်းကြီးတွေ မဟုတ်ပါ။ စာရေးသူတို့ PDF မှာ အဆိုပါစခန်းတွေကို ခံချဖို့ လက်နက်မရှိသေးလို့ ခံချတဲ့ဗျူဟာ မသုံးနိုင်သေးပါ။ ဒါပေမယ့် မအလတပ်ဟာ PDF တွေကိုတိုက်ဖို့ စစ်ကြောင်းထိုးရင် တပ်တွေပြောင်းရွှေ့ရမှာဖြစ်သလို သူတို့စိုးမိုးထားတဲ့နေရာကိုထိန်းဖို့ တပ်စွဲထားရမှာပါ။ အဆိုပါနေရာတွေဟာ မအလတပ်အတွက် သေပွဲဝင်ရမယ့်နေရာတွေပါ။ ယခုလို ပြည်သူ့တပ်မတော် PDF က တိုက်လိုက်ပြေးလိုက်လုပ်ရင် မအလတပ်က ရေရှည်မှာ တပ်ပြုန်းသွားမှာပါ။ မိမိလက်နက်အားကောင်းလာရင်လက်နက်ကြီးရှိရင် လွတ်မြောက်နယ်မြေ ရလာမှာပါ။

ယခုတောင် တပ်သားမရှိလို့ မအလက စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်မှုထမ်းခိုင်းမလိုစစ်မှုထမ်းဟောင်းအဖွဲ့အစည်းအဝေးမှာ စပြောနေပါပြီ။ သူကလူတွေကို အတင်းစစ်ထဲဝင်ပြီးသေနတ်ကိုင်ခိုင်းရင် သူ့သေတွင်းသူတူးတာသာ ဖြစ်မှာပါ။ ဒါဆိုရင် သူ့လက်နက်နဲ့ သူ့ပြန်ချရုံဖြစ်ပြီးပြည်သူတွေအတွက် သိပ်လွယ်သွားမှာပါ။ ယခု စစ်ကိုင်းမှာ သူ့တပ်တွေကို ဒေသခံ PDF တွေက ဝိုင်းတိုက်လို့ ပိတ်မိနေပြီး ရဟတ်ယဉ်တွေ လေယဉ်တွေနဲ့ ပစ်နေရပါပြီ။ မနေ့က ရဟတ်ယဉ်တစ်စင်းကျည်ထိလာခဲ့ပါသေးတယ်။ ဒါက လက်နက်ကြီးဆို အဆိုပါရဟတ်ယဉ် ပျက်ကျမှာပါ။ ရဟတ်ယဉ်တွေ သွားပါများရင် အများစုက အိုနေလို့ အပစ်မခံရလဲ ပျက်ကျဖို့ ပိုနီးစပ်လာမှာပါ။ ယခုစစ်ကိုင်းမှာတိုက်နေတဲ့စစ်ပွဲဟာ AA နဲ့ ဖြစ်တဲ့စစ်ပွဲလို MNDAA နဲ့ ဖြစ်တဲ့စစ်ပွဲလို ပြင်းထန်ပါတယ်။ ဒါတောင်PDF တွေက RPG တွေ မသုံးနိုင်သေးပါ။

မအလမျှော်လင့်ထားတာက ပြည်သူတွေက သူခြောက်လိုက်ရင် ကြောက်သွားမယ် ဒူးထောက်မယ်ဆိုတာပါ။ ဒါပေမယ့် စစ်ကိုင်းဟာ သမိုင်းကြောင်းကြီးပါတယ်။ မအလတပ်က ဘောမတွေ ဂုဏ်ယူတဲ့ ဦးအောင်ဇေယျဟာ ရွှေဘိုကနေ မြန်မာတစ်ပြည်လုံး သိမ်းခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ယခုဟာက သမိုင်းကောင်းတဲ့ ဦးအောင်ဇေယျရယ် Gen Z ရယ်က ဖက်ဆစ်တပ်ကို ဝိုင်းတိုက်နေတာပါ။ စစ်ပွဲဟာအတက်အကျရှိပေမယ့် မအလတပ်ရဲ့ အသေအပျောက်က အတက်သာရှိနေတယ်ဆိုတာ မမေ့ပါနဲ့။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


Myint Soe Oo
Myint Soe Oo
Nov 29, 2021

ဦးမြတ်!!! အမည်နာမကိုက စစ်ကိုင်း။

မတရားသဖြင့် ထိုးထွင် ဆင်နွဲလာသော *စစ်*မှန်သမျှ ၊ *ကိုင်း* ညွှတ် ကွေး ပျောက်မည်ဟူသော အနက်ကြောင့် စစ်ကိုင်း အောင်မြေဟု အယူသက်ဝင်ကြပါသည်။

ဦးအောင်ဇေယျ အခြေတည်ရာ ဌာန။သို့ပါ၍ စစ်ကိုင်းတောင်ခြေ အရောက်သွားလို့ တရားရှာဖွေဟု ရှေးစာဆိုတို့ ညွှန်းဆိုပြုခဲ့ကြပါသည်။

အမှန် မဖက်၊ အမှား သက်၍ ၊ ရပ်တည်နေထား လွဲမှားသူများအတွက်ကတော့(စစ်ကိုင်းအနေဖြင့်) တိမ်ဖုံးသော လပမာ၊ မသာမယာ ၊ ဆုံးရှုံးနစ်နာရမည်သာ။

PDF News Channel သတင်းစာမျက်နှာမှတဆင့်သိရပါသည်။

ဒီပဲယင်းနယ် ယဉ်ကျေးရွာတွင် ဆင်းသက်လာသော ရဟတ်ယာဉ်သည် ဒါဏ်ရာပြင်းထန်သူ အကြီး တချို့ကို လာယူသယ်ဆောင်ခြင်းဖြစ်ကြောင်း။ အနားမကပ်နိုင်အောင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း။

ယင်းနယ်မှာပင် မရိတ်သိမ်းရသေးသော ကောက်ပင်များကြား လယ်ကွင်းများထဲအထိ အနီးကပ်အောင် နေရာယူ၍ အသေခံ မိုင်းဆွဲ ခွဲမှုများကြောင့် မြေပင်မှာ မည်သို့မျှ မယှဉ်နိုင်တော့ပဲ ဝေဟင်ကလေယာဉ်များဖြင့် ပစ်ကူလာကြရကြောင်းကိုလည်း ဖော်ပြထားပါသည်။

မန်း ရွှေဘို မုံရွာ စသည့်တို့နှင့် ဆက်စပ်သော လမ်းကွန်ယက်များမှာ အချိတ်အဆက်မိမိ မိုင်းခွဲမှုများ‌ေကြာင့်(မှန်လုံ ခရီးသည်တင်ကား ဟန်ဆောင်၍လာသော အိစ်ပရက်စ် ကားများပါမကျန်) အင်အား အဝင်နည်းလာသဖြင့် လေယာဉ်များဖြင့် စစ်ကူများ အခြေစိုက်ရာရွာထိ လိုက်လံ ဖြန့်ဝေနေရကြောင်းကိုပါသိရှိရပါသည်။

မြစ်ကြီးနား ရထားလမ်းပိုင်း အားကိုးမရသောကြောင့် မြစ်ကြောင်းများမှ သယ်ယူပို့ဆောင်ရာတွင်လည်း ရေမြေအနေအထားကျွမ်းကျင်မှု လက်ဦးမှုရယူ၍ ဆင်နွဲနေကြောင်း ကနီ မင်းကင်း ကသာ စသည်တို့က သက်သေခံနေပါသည်။

သူတို့အထင် ပွင့်လင်းရာသီက သူတို့(စကစ)ဖက်မှာ သာမည်ထင်သော်လည်း မြစ်ကြောင်းအရာမှာတော့

မသာယာနိုင်တော့ပါ။ ခုချိန်မှစ၍ ရေကျရေနည်းချိန်စတင်ပြီမို့ မြစ်ကြောင်းကျဉ်းကာ သောင်ပြင်ပေါ်ထွန်းမှုများနှင့်အတူ သောင်တင်ခြင်းများ (ရေကြောင်းမကျွမ်းကျင်က) ဖြစ်ပေါ် ခံစားရပါမည်။

သောင်တင်ပါက အရပ်ကူပါ လူဝိုင်းပါ ဆိုလျှင်တော့ဖြင့်!!!ဝိုင်းဝန်းကူညီခြင်းကို ခံစားရမှာ မလွဲပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page