top of page
Search

စစ်ကြောင်းထိုးတာ နိုင်နေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 14, 2023
  • 1 min read

မအလတပ်ဟာ စစ်အုပ်ချုပ်ရေးဒေသတွေမှာ စစ်ကြောင်းထိုးနေပါတယ်။ စစ်ကြောင်းထိုးရာမှာ သူတို့ရထားတဲ့သတင်းအတိုင်း ရွာတွေကိုမီးရှို့၊ လူသတ်လုပ်ပါတယ်။ မီးရှို့တာဟာ စစ်အင်အား လက်နက်အင်အား အလုံးအရင်းမရှိရင် ကာကွယ်ရခက်ပါတယ်။ ယူကရိန်းဟာ အမေရိကန်၊ အင်္ဂလိပ်နဲ့ ဥရောပနေတိုးက လက်နက်ထောက်ပံ့ထားတာတောင် သူ့ဒေသတွေကို ရုရှားရဲ့ လေကြောင်းရန်၊ ဒုံးပျံရန်တွေက ယခုအချိန်အထိ မကာကွယ်နိုင်သေးတာ မမေ့ပါနဲ့။ ယခုလို စစ်ကြောင်းထိုးရာမှာ ရွာတွေမီးရှို့ခံရပါတယ်။ ဒါကသတင်းအဖြစ်တက်ရာမှာ ဒီမိုအချို့ကို စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။ သတင်းဌာနတွေကလဲ မီးလောင်တာက သတင်းအတည်ပြုရလွယ်လို့ သတင်းတင်ပါတယ်။ ဒီနေရာမှာ မီးရှို့လို့ မအလတပ်နိုင်နေလား ပထမလေ့လာရအောင်။ မအလတပ်ဟာ မီးရှို့ဖို့ စစ်ကြောင်းထိုးရာမှာ အချို့အဖွဲ့တွေက ဖြတ်တိုက်ခံရပါတယ်။ လက်နက်အား၊ လူအားကောင်းပြီး အမိန့်နာခံမှုရှိတဲ့ PDF နဲ့တွေ့ခဲ့ရင် မအလတပ်က အသေများပါတယ်။ ဘယ်လိုသိသလဲဆိုတော့ ထွက်သွားတဲ့စစ်ကြောင်းက ၁၀၀ ထွက်သွားရင် ၇၀ လောက်သာ ပြန်ရောက်လို့ပါ။ ၇၀ ထဲမှာလဲ ဒဏ်ရာရသူက ရှိပါသေးတယ်။ ဘာကြောင့်အသေများလဲလို့မေးရင် ခြုံခိုအတိုက်ခံရလို့ပါ။ သူ့စခန်းထဲမှာထိုင်နေရင် အသေနည်းပါတယ်။ စစ်သဘောအရပါ။ ဒါပြီးရင် ရွာတွေကိုမီးရှို့လို့ ဒေသခံတွေက မအလကို ပိုနာကျည်းလာစေပါတယ်။ ဒါကြောင့် PDF အင်အားက NUG က လူစုစရာမလိုဘဲ တိုးလာနေပါတယ်။ ဒါကြောင့် ပုန်ကန်သူအင်အားက မလျော့သွားပါ။ ဒီနေရာမှာ ရွာသားအများစုက ငါ့အိမ်၊ ငါ့မိသားစုအတွက် ပြန်တိုက်ရမယ်ဆိုတာမျိုး ဖြစ်သွားခဲ့ကြပါပြီ။

နောက်မအလတပ်ဟာ ရွာမီးရှို့နေပေမယ့် တကယ့် PDF စခန်းကို ဝင်မသိမ်းနိုင်သလို ရွာတွေကိုလဲ မထိန်းနိုင်ပါ။ ဖွတ်ရွာတွေမှာ စခန်းချပေမယ့် တချိန်ချိန်မှာ စခန်းအပြင်ထွက်ရမှာပါ။ ဒါကြောင့် နယ်မြေစိုးမိုးမှု မရနိုင်ပါ။

တချိန်ထဲမှာဘဲ NUG က အခက်အခဲကြားက လက်နက်တပ်ဆင်မှုဟာ အရှိန်နဲ့ တိုးတက်လာနေသလို  PDF တွေကလဲ တိုက်ခိုက်ရည်တိုးတက်လာတာ တွေ့နေရပါတယ်။ စစ်ကိုင်းတောတွင်းတစ်နေရာကတိုက်ပွဲမှာဆိုရင် NUG လက်အောက်ခံ PDF က မအလတပ်စစ်ကြောင်းကို ညှပ်တိုက်လို့ ရဟတ်ယာဉ်တောင် မကယ်နိုင်ဖြစ်သွားခဲ့ရပါတယ်။ စစ်ကူလမ်းကိုလဲ ပိတ်တိုက်ခဲ့တာပါ။ AA တို့ KIA တို့နယ်မြေမှာ ပိတ်တိုက်ခံရပုံမျိုးပါ။ ဒါတွေက လိုင်းပေါ်သိပ်မတက်ခဲ့ပါ။ မအလတပ်ထဲမှာလဲ ဒုဗိုလ်မှူးကြီးသေရင်တော့ အသံကျယ်စွာ တုန်လှုပ်ကြတာ အသိုင်းအဝိုင်းတွေမှာ တွေ့နေရပါတယ်။ ဒါမျိုးတစ်လတစ်ခါအစား ငါးခါလောက်ဆို ပိုတုန်လှုပ်လာမှာပါ။

ယခုအချိန်မှာ မအလတပ်တွေ စစ်ကြောင်းထိုးနေတာက သေခါနီးလူနာက မသေခင် စကားထပြောပြီးသလိုမျိုးပါ။ ယခုလဲ သေခါနီးမီး ထတောက်သလိုပါ။ ဒီနေရာမှာ စာရေးသူတို့ ဒီမိုတွေအနေနဲ့က မြို့ထဲက ပစ်မှတ်တွေကို ဘာလုပ်မလဲဆိုတာ ပြန်သုံးသပ်ရပါမယ်။ မအလတပ်ဟာ သူ့တပ်စခန်းတွေ၊ရဲစခန်းတွေ၊ မြဝတီတို့ကို လုံခြုံရေးပေးထားပေမယ့် ရွှေနန်းတော်ကို လုံခြုံရေးမပေးထားပါ။ လမ်းမတော်၊ လသာက ရွှေနန်းတော်ဆိုင်က ဒီအတိုင်းဖွင့်ထားနိုင်ပါတယ်။ အချို့ကိစ္စတွေက ဘယ်ပစ်မှတ်ကိုတိုက်မလဲ၊ သူ့တပ်ကို အလုပ်ရှုတ်အောင်လုပ်မလားဆိုတာ PDF တွေက ရွေးရမှာပါ။ ယုန်ကလေးမပြောနဲ့ ကွီးဖြိုးနောက်ပိုင်းတက်တဲ့ ယခုလာဘတ်စားလို့ အဖမ်းခံရတဲ့ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း လှစိုးအိမ်တောင် PDF က မတိုက်လို့ မအလက လုံခြုံရေးပေးစရာမလိုပါ။ ဒါက မအလဩဇာခံ အလုပ်လုပ်သူတွေက ဘာမှပူစရာမလိုဘဲ ဘောမခွင့်ရနေတာကို ပြနေသလို မအလရဲ့ လုံခြုံရေးတပ်တွေကိုလဲအားနေစေပါတယ်။ ယခုအချိန်မှာ မအလဟာ သူ့တပ်ကို သူ့လုံခြုံရေးအတွက်သာ နေရာယူစရာလိုပြီးကျန်တာက PDF က လူသားဆန်လို့ မပစ်၊ မဖောက်ဆိုပြီး ဘာမှအပိုထပ် လုံခြုံရေးမပေးထားပါ။ မအလဟာ သူလုံခြုံရေးစီမံရင် PDF မေတ္တာကို အခြေခံပြီး လုပ်လေ့ရှိပါတယ်။ ဒါက PDF အတွက်နာမည်ကောင်းပေမယ့် မအလတပ်အတွက် အလုပ်နည်းစေပါတယ်။ PDF ကို နိုင်ငံခြားက တကယ်ထောက်ပံ့ခဲ့ရင်တော့ သူတို့စည်းကမ်းအတိုင်း စဉ်းစားရမှာပါ။

အကျဉ်းချုပ်ရရင် မအလဟာ စစ်ကြောင်းထိုးနေပေမယ့် သူ့တပ်လဲ အသေများနေပါတယ်။ သေခါနီးမီး ထတောက်နေသလိုပါ။ PDF က မြို့ပေါ်တွေမှာ သူ့ရဲ့လွယ်ကူတဲ့ပစ်မှတ်တွေကို ထိုးစစ်ဆင်နိုင်ရင်တော့ ပွဲကမြန်လာမှာပါ။ အမေရိကန်က မကူညီတဲ့စစ်ပွဲကို အမေရိကန်လူ့အခွင့်အရေးစံနဲ့အညီ တိုက်ရင်တော့ ကြာမှာပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page