top of page
Search

စစ်ကိုင်းငလျင်မှ ဖြစ်ပေါ်လာသော စစ်ရေးပစ်မှတ်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8
  • 1 min read

စစ်ကိုင်းငလျင်လှုပ်တာက သာမန်အပြစ်မဲ့ပြည်သူတွေ ထိခိုက်စေလို့ မကောင်းပါ။ ဒါပေမယ့် စစ်ကိုင်းငလျင်ဟာ စစ်ရေးအရ၊ နိုင်ငံရေးအရ ချိန်ခွင်လျှာပြောင်းသွားစေခဲ့တာကတော့ ရှောင်လွှဲမရတဲ့ အမှန်တရားပါ။

စစ်ကိုင်းငလျင်မဖြစ်ခင်က မအလဟာ ရုရှားထောက်ခံမှုရရှိခဲ့ပြီး တရုတ်ကလည်း ငြိမ်းချမ်းရေးဆိုပြီး ထောက်ခံသလိုလို မမဆောင်းလုပ်လာလို့ ရွေးကောက်ပွဲကျင်းပပြီး ဗိုလ်မအလမှ ဦးမအလထံ အာဏာလွှဲပြောင်း လွှတ်တော်တွေ ကျင်းပဖို့ သူ့စိတ်ကူးနဲ့ရူးပြီး အဆင်ပြေနေခဲ့ပါတယ်။

၂၀၂၅ မတ်လ ၂၈ မှာတော့ စစ်ကိုင်းငလျင်က မအလကို အရူးအိပ်မက်ကနေ လှုပ်နိုးလိုက်ပါပြီ။ ဒီမတိုင်ခင်က မအလရဲ့ နေပြည်တော်နဲ့ သူထိန်းချုပ်ရာမြို့တွေကို ဘယ်သူမှ လာရောက်ဗုံးကြဲလို့ မရခဲ့ပါ။ နေပြည်တော်စစ်ရုံးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ သမ္မတအိမ်တော်၊ လွှတ်တော်အဆောက်အအုံ၊ နန်းဝန်ထမ်းအိမ်ရာ၊ စစ်မှုထမ်းအိမ်ရာတွေဟာ အမေရိကန်က လေကြောင်းချီတပ်ကြီးနဲ့ ဗုံးကြဲမှသာ စိစိညက်ညက်ကြေမှာပါ။ စစ်ကိုင်းငလျင်မတိုင်ခင်က အိုးအိမ်ပျက်စီး၊ မီးရှို့ခံရတာတွေက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနေရာတွေမှာသာ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်စစ်တပ်ကြီး ဗုံးမကြဲဘဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ဗုံးကြဲပစ်ခတ်နိုင်တဲ့ လေယာဉ်ပျံတွေ၊ စွမ်းအားမြှင့်ဒုံးတွေ မရှိဘဲ၊ စစ်ကိုင်းကစခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးက မအလအုပ်ချုပ်ရာ နေပြည်တော်ကို သုံးမရအောင် ဖျက်ဆီးခဲ့ပါတယ်။ ယခုအချိန် မအလစစ်တပ်မိသားစုတွေ၊ မအလထောက်ခံသူ ဝန်ထမ်းတွေဟာလည်း စစ်ဘေးရှောင်ပြည်သူတွေလို အနည်းဆုံးတော့ တဲတွေနဲ့ နေရပါပြီ။ ဒါတင်မက အတိတ်နိမိတ်ကောက် အယူသည်းတတ်တဲ့ မအလနဲ့ သူ့လက်အောက်က ဗေဒင်ယုံသူတွေအတွက်လဲ စိတ်ဓတ်ကျစရာ ဖြစ်သွားစေခဲ့ပါတယ်။

စစ်ကိုင်းငလျင်ဟာ တိုင်းပြည်အာဏာကို မတရားယူခဲ့တဲ့ ခြောက်လုံးတန်း အဝင်အထွက်ကိုလည်း ပိတ်ဆို့လိုက်ပါတယ်။ ဒါတင်မကဘဲ စစ်တပ်ရဲ့ မြေအောက်လှိုဏ်ဂူတွေဟာလည်း ဝင်မရအောင် ပျက်စီးသွားခဲ့ပါပြီ။ ထို့အတူ ယခင်က ဂုဏ်ယူဝံ့ကြွားခဲ့တဲ့ စစ်တပ်ရုံးဆိုက်ရာ အဆောက်အအုံတွေကလည်း အချို့လုံးဝပျက်စီးသွားပြီး၊ အချို့က လူနေထိုင်ဖို့ ခက်ခဲသွားခဲ့ပါပြီ။ အချို့လက်နက်သိုလှောင်ရာနေရာတွေဆိုရင် မလုံခြုံတော့ပါ။

ဒါဆိုရင် ပစ်မှတ်အသစ်တွေက ဘာတွေလဲ? နေပြည်တော်စစ်ရုံး၊ သူ့အကြမ်းဖက်အားပေး ဝန်ထမ်းအိမ်ရာတွေဟာ တဲတွေဖြစ်သွားလို့ ပြင်းအားမြှင့်ဗုံးမလိုဘဲ သာမန်ဗုံးလောက်နဲ့ ကြဲချလို့ရသလို၊ ၁၀၇ မမ ထိရင်လည်း ပျက်စီးဖို့ လွယ်သွားခဲ့ပါပြီ။ ယခင်က ကွန်ကရစ်အမိုးအကာခံနေလို့ ထင်သလောက်မပျက်ခဲ့ပါ။ ယခု ယာယီအဆောက်အအုံတွေ ဆောက်နေလို့ အချို့နေရာတွေက နောက်သုံးလဆို အမိုးအကာအောက် ရောက်သွားနိုင်ပါတယ်။

စစ်ကိုင်းငလျင်ဟာ ရန်ကုန်-နေပြည်တော်၊ မန္တလေး-နေပြည်တော်က လမ်းတံတားတွေကို ဖျက်စီးသွားပါတယ်။ ယခု မအလက ပြန်ပြင်ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာ တော်လှန်ရေးတပ်တွေအနေနဲ့ ဒီလူတွေကို စစ်ရေးပစ်မှတ်ထားမလား၊ လွှတ်ထားမလား စဉ်းစားရပါမယ်။ စစ်ရေးပစ်မှတ်အနေနဲ့ ဟန့်တားနိုင်ရင် မအလက သူ့တပ်လွှတ်ပြီး အကာအကွယ်ပေးရပါမယ်။ ဒါဆိုရင် ပြင်တာကြာနိုင်သလို မအလရဲ့ နေပြည်တော်ထောက်ပို့လမ်းတွေဟာလည်း အလိုလို ပိတ်ဆို့ပြီးသား ဖြစ်သွားပါမယ်။ ဒီနေရာမှာ အချို့ပစ္စည်းက လေကြောင်းကပို့လို့ ရပေမယ့် အများစုက ကား၊ ရထား၊ သင်္ဘောနဲ့သာ ပို့ရတာပါ။ ဒါကို ဖြတ်တောက်နိုင်ရင် မအလထောက်ပို့လမ်းကြောင်း ပြတ်ပါပြီ။ ဒါဆိုရင် နေပြည်တော်က ပြည်သူတွေရောဆိုရင် သာမန်ပြည်သူရှိပေမယ့် မအလဩဇာခံက အများစုပါ။ ဒါကြောင့် ပိတ်ဆို့ထားနိုင်ရင် အကျိုးများမှာပါ။

နောက်စစ်ကိုင်းငလျင်ကြောင့် အပျက်အစီးများလို့ နေပြည်တော်တည်ဆောက်ဖို့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ လိုပါတယ်။ ဘိလပ်မြေက နိုင်ငံခြားက မှာရမှာဖြစ်ပြီး နေပြည်တော်ကို အဆိုပါထောက်ပို့လမ်းကြောင်းကသာ ပြန်ပို့နိုင်မှာပါ။ အဆိုပါ ထောက်ပို့လမ်းကြောင်းကို ထိန်းထားနိုင်ရင် မအလရဲ့ နေပြည်တော်ဟာ ငရဲပြည်ဖြစ်သွားမှာပါ။

အကျဉ်းချုပ်

စစ်ကိုင်းငလျင်က မအလကို ပစ်ကွင်းပေါ်တင်ပေးလိုက်တာပါ။ အားလုံးညီညီညာညာနဲ့ နေပြည်တော်ကို ပိတ်ဆို့နိုင်ရင် အကျိုးများမယ်လို့ ပြောပါရစေ။ နေပြည်တော်/ရန်ကုန်ကို ရသူက အစိုးရဖြစ်မှာပါ။ အာဏာရရင် အမေရိကန်က အကြမ်းဖက်အဖွဲ့ကြေညာခံရသူ ဆီးရီးယားယာယီသမ္မတကိုတောင် ပြင်သစ်သမ္မတက မေ ၇ ရက်က တွေ့နေပါပြီ။ တရုတ်လည်း တွေ့ပါရစေ ဖြစ်လာမှာပါ။ ကုလစည်းမျဉ်းကို ကြည့်နေရင် ကြာမှာပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


jspring374
May 08

Totally right 👍

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page