top of page
Search

စင်ကာပူဘွားတော်က ဒလန်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 28, 2022
  • 1 min read

စာရေးသူဟာ ဒီမိုအဖွဲ့တွေကို မဝေဖန်ဘဲ ရှောင်လေ့ရှိပါတယ်။ မြတ်အောင်ကိစ္စလဲ သူ့ဖာသာ သိသွားမှသာရေးပြီး ယခင်က စောင်းသာရေးလေ့ရှိပါတယ်။ ဒဲ့ဝေဖန်ခဲ့တာ BPLA ကိုသာ ပါ။ အခြားတပ်တော်တွေကို စောင်းရေးတာသာ ရှိပါတယ်။ ဒီကိစ္စမှာ NUG ကို ဝေဖန်သူတိုင်းကို ဒလန်ပြောရန် မသင့်တော်ပါ။ ဒါပေမယ့် အဆိုပါဝေဖန်သူများဟာ ဒလန်ဖြစ်သွားတာများပါတယ်။ ယခင် NLD ကို ဝေဖန်ခဲ့တဲ့သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင်တို့ကိုကြည့်ရင် နောက်ပိုင်း မအလဘောမဖြစ်သွားတာအားလုံးသတိထားမိမှာပါ။

စစ်ထောက်လှမ်းရေးမှာ နဂိုထဲက တန်ပြန်ထောက်လှမ်းရေးတွေအနေနဲ့ တော်လှန်ရေးထဲကို ထည့်လိုက်သူတွေရှိပါတယ်။ ဒီလူတွေက စရဖညွှန်ချုပ်၊ ဒုညွှန်ချုပ်ထံသာ သတင်းပို့ရလို့ အခြားအဆင့်သိဖို့ခက်ပါတယ်။ သူတို့ဟာ လိုင်းပေါ်မှာ NUG ကို မဝေဖန်လောက်ပါ။ သူတို့ဟာ နောက်ပိုင်းမှ ဘက်ပြောင်းအနေနဲ့သာ သုံးမှာပါ။

ဒုတိယအုပ်စုက လေလှိုင်းပေါ်မှာ NLD ကိုဝေဖန်သလို NUG ကို ဝေဖန်ရင်း စရဖက သူတို့ကိုသိမ်းသွင်းတာပါ။ အချို့စာမျက်နှာတွေ၊ လူသိများသူတွေဆိုရင် စရဖက ပိုက်ဆံပေးမယ် သင့်စာမျက်နှာမှာကြေညာမယ် ဒေါ်လာ တစ်သိန်း ဘာညာပေးမယ်ဆိုပြီး သူ့ဘက်ပြောင်းအောင် ကြိုးစားတာပါ။ အချို့က သူတို့လိုအပ်ချက်တွေကို သူတို့နဲ့ရင်းနှီးအောင် လိုင်းပေါ်မှာပေါင်းပြီး ညှိတာပါ။ သင်က နိုင်ငံကူးလက်မှတ်လိုချင်လား၊ အိမ်ပြန်လိုချင်လား၊ မိဘလား ဒါမျိုးကို ညှိတာပါ။

စင်ကာပူဘွားတော်ကို ကိုင်တွယ်တာက စရဖတာဝန်ခံ ဒုဗိုလ်မှူးကြီးတိုးထက်အောင်ပါ။ သူက ၂၀၁၈မှာ တပ်ရင်းမှူးဖြစ်ပြီး နောက်ပိုင်း လိုင်းပြောင်းတာပါ။ စင်ကာပူကလူတစ်ယောက် သတင်းပေးအပြီးစင်ကာပူက ပစ္စည်းသယ်လာသူ အဖမ်းခံရတာသိပေမယ့် သူမသတင်းပေးတာလား အခြားလူလားအစကစုံစမ်းမရခဲ့ပါ။ သူမက PDF တွေအလင်းဝင်ဖို့ ညှိတာက သေချာသွားစေခဲ့ပါတယ်။ ဒါပေမယ့်ပွဲပြီးမှသာ သိခဲ့ပါတယ်။

ဒီမိုတွေအနေနဲ့ PDF တွေအနေနဲ့ သူမနဲ့ဆက်သွယ်တာကို ဖြတ်ပြီး ပြည်တွင်းက ဆက်သွယ်ဖူးသူတွေခြေရာအမြန်ဆုံးဖျောက်ထားတာ ပိုကောင်းပါလိမ့်မယ်။ သူမက သတင်းအကုန်မပေးသေးပေမယ့်သူမစိတ်ဟာ ခန့်မှန်းရခက်လို့ သူမစိတ်မဖောက်ခင် လွတ်ရာကိုသာ ရှောင်နေပါ။

NUG အနေနဲ့ ဆယ်လီဦးတည် ငွေရှာတာထက် PRF လို လူများစုအခြေပြု ငွေရှာတာ အခြားနည်းငွေရှာတာက ရေရှည်မှာ ပိုအဆင်ပြေမှာပါ။ အားလုံးသတိထားရမှာက NUG/NLD ကို ဝေဖန်သူတိုင်းဟာဒလန်မဟုတ်ပေမယ့် စရဖစည်းရုံးတာ ခံရမယ်ဆိုတာပါ။ သူတို့ထဲက ဘက်ပြောင်းသူတွေလဲ ရှိမှာပါ။ဒါကြောင့် သမိုင်းကောင်းသူကိုသာ ထောက်ပို့မှာ သုံးကြပါလို့ ပြောပါရစေ။ ပြည်တွင်းကလူများ NUG pay ကို ဖြစ်နိုင်ရင်သုံးပါ။ မိမိအမျိုးကတဆင့် ငွေလွှဲပါလို့လဲ သတိပေးပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page