top of page
Search

စင်ကာပူနဲ့ တောင်ကိုရီးယားကိစ္စလေး ရှင်းပြပါရစေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 16, 2020
  • 1 min read

ရန်ကုန်အစိုးရက လူစုလူဝေးလုပ်တာကို အရေးယူတော့ စင်ကာပူမှာလဲ ဖြစ်တာအရေးမယူဘူး တောင်ကိုရီးယားကဆို အမှုတောင်ပြန်ရုတ်တယ် ဘာညာဆိုပြီး ဂျင်းထည့်ကြပါတယ်။ စင်ကာပူက ဥပဒေကိုအင်မတန်လေးစားတဲ့ တိုင်းပြည်ပါ။ စာရေးသူက အထောက်အထားနဲ့မှ ယုံကြည်လို့ လေ့လာပါတယ်။ဒီနေရာမှ ဥပဒေကို လူနားလည်အောင် ရှင်းပြပါ့မယ်။

မိမိသားသမီးကို နင်စာမကျက်ရင် ရိုက်မယ်ဆိုတာ အရင်ပြောရပါတယ်။ ပြီးမှ စာမကျက်ရင် ရိုက်ရပါတယ်။ နောက် ဥပဒေက နောက်ကြောင်းပြန် သက်ရောက်ခွင့်မရှိပါ။ ဥပမာ ၆၆ (ဃ) ယခင်ဥပဒေကအာမခံမရပါ။ ထို့ကြောင့် ၆၆(ဃ) မပြင်ခင်က အဖမ်းခံရသူက အာမခံမရပါ။ ပြင်ပြီးနောက် အဖမ်းခံရရင် အာမခံရပါတယ်။ ဒါကြောင့် အမိန့်ထုတ်ပြီးမှ ချိုးဖောက်တယ်ဆိုရင် အဖမ်းခံရပါတယ်။

စင်ကာပူကို ပြန်သွားရအောင်။ စင်ကာပူမှာ ဘာသာရေးပွဲက ကူးစက်တဲ့ပထမက လူနာက ဖေဖော်ဝါရီ၁၁ ရက်ပါ။ Grace Assembly of God ကပါ။ အဲ့ဒီအချိန်မှာ စင်ကာပူအစိုးရ လူစုလူဝေးမလုပ်ရအမိန့် မထုတ်ရသေးပါ။ နောက်လူနာတွေက မလေးမှာ ဗလီတက်ပြီး ပြန်လာသူ ၉၅ ယောက်ပါ။ ဒါကတော့စင်ကာပူရဲ့ လူစုလူဝေး ဥပဒေနဲ့ မဆိုင်ပါ။ စင်ကာပူမှာ လူ ၁၀ ယောက်ထက် ပိုမစုရအမိန့်ထုတ်တာမတ်လ ၂၃ ရက်ကစပြီး ဧပြီလကုန်အထိပါ။ စင်ကာပူက ဥပဒေကို လေးစားလိုက်နာပါတယ်။ ဒါက ရန်ကုန်အစိုးရကို အရေးယူလို့ ဝေဖန်ဂျင်းထည့်သူများအတွက် အထောက်အထားလေးပါ။ အင်္ဂလိပ်စာဖတ်တတ်ရင် သိမှာပါ။

နောက် တောင်ကိုရီးယား။ တောင်ကိုရီးယားမှာ ဘုရားကျောင်းတွေကို ဖေဖော်ဝါရီ ၂၉ ရက်က စပိတ်ပါတယ်။ လူနာတွေကို ဝတ်ပြုပွဲက စကူးတာက အဲ့ဒီရက်မတိုင်ခင်ကပါ။ အစိုးရ မတားခင်ကပေါ့။အစိုးရက အဲ့ဒီဘာသာရေးခေါင်းဆောင်ကို တရားစွဲဖို့လုပ်တာက သူက ဘာသာရေးပွဲကျင်းပလို့မဟုတ်ဘဲ သူက အဲ့ဒီဘာသာရေးပွဲကို တက်ခဲ့တဲ့ လူတွေရဲ့နာမည်ကို အစိုးရကို မပေးလို့ပါ။ သူလုပ်ခဲ့တာက တောင်ကိုရီးယားအစိုးရမတားခင် လုပ်ခဲ့တာမိုလို့ စကထဲက စွဲလို့မရပါ။ ထိုဂိုဏ်းခေါင်းဆောင်ကလဲ ပြန်တောင်းပန်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မတူပါဘူး။

နောက်ဒီတရားဟောဆရာက ကနေဒါနိုင်ငံသားမိုလို့ တရားမစွဲသင့်ဘူးဆိုတဲ့ သီအိုရီပါ။ နိုင်ငံခြားသားတိုင်းဟာ မြန်မာ့ဥပဒေကို လိုက်နာရပါမယ်။ ပြီးမှ တရုတ်တွေကို ပြန်လွတ်ပေးသလို လွှတ်တာကတော့ဗဟိုအစိုးရရဲ့ သဘောပါ။

ဒီနေရာမှာ အချို့လူများက အစိုးရအဖွဲ့ဝင်တွေက လူစုပြီး ငါတို့က မစုရဘူးလားဆိုပြီး ပြောတာတွေရှိပါတယ်။ အစိုးရက အလှူခံရပါတယ်။ ပြန်လှူရပါတယ်။ ဒါက အစိုးရအလုပ် function of the state ပါ။ထရမ့်က ယခုအချိန်မှာ သတင်းသမားတွေနဲ့တွေ့သလို သူသတင်းစာရှင်းလင်းပွဲလုပ်ရင် သူ့နားကလူပေါင်း ၁၀ ယောက်လောက်ရှိပါတယ်။ ထရမ့်ကို သွားပြီး မင်းက လူ ၁၀ ယောက်စုလို့ ငါတို့လဲ စုမယ်လုပ်လို့မရပါ။ သူက သမ္မတမိုလို့ state function လုပ်ရပါတယ်။ စစချင်းမှာ ပူတင်လဲ ဆေးရုံသွားစစ်တုန်းက ဘာမှမတတ်ခဲ့ပါ။ သူ့ကို ဆေးရုံလိုက်ရှင်းပြတဲ့ဆရာဝန်က နောက်ပိုင်းပိုးတွေ့ခဲ့ပြီး ယခုပူတင်လဲ သတိထားနေရပါတယ်။ ဒါက နိုင်ငံရေးပါ။

အားလုံးကို အထောက်အထားနဲ့ ရေးထားပါတယ်။ ရှင်းပြထားတာပါ။ စာဖတ်သူများ ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးပါစေ။

News Source: Reuters, Bloomberg, BBC, Daily Mail, Strait time, south China’s morning post, CNA

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page