top of page
Search
  • Writer's pictureMyat Tun Oo

စင်ကာပူကလက်မခံသောအကြမ်းဖက်အဖွဲ့ထောက်ပံ့မှု စင္ကာပူကလက္မခံေသာအၾကမ္းဖက္အဖြဲ႕ေထာက္ပံ့မႈ



ျမန္မာျပည္မွာ၁၉၆၂မွာေနဝင္းကဒီမိုအစိုးရထံကအာဏာသိမ္းလို႔တရားမဝင္အစိုးရပါ။သူ႔ကိုပုန္ကန္သူေတြထဲတရားဝင္ဝကခဦးႏုပါခဲ့ပါတယ္။ဒါေၾကာင့္သူပုန္ကတရားဝင္သလိုျဖစ္ၿပီးေနဝင္းနဲ႔တိုင္းရင္းသားလက္နက္ကိုင္ကသူပုန္ႀကီးနဲ႔သူပုန္ေလးအဆင့္ျဖစ္သြားပါတယ္။ဒီေနရာမွာေနဝင္းကထိုင္းအစိုးရကိုဦးႏုကိုဖမ္းၿပီးျပန္ပို႔ပါဆိုဟိုကျငင္းပါမယ္။ဘာလို႔လဲဆိုေတာ့သူခိုးကလူေကာင္းကိုဖမ္းခိုင္းသလိုျဖစ္ေနလို႔ပါ။တ႐ုတ္ျပည္မွာကြန္ျမဴနစ္အစိုးရကိုဆန္႔က်င္ၿပီးထြက္ေျပးရင္လဲအေမရိကန္ကလက္ခံပါတယ္။

ဒါေပမယ့္သူတို႔မွာကန္႔သတ္ခ်က္ေလးေတြေတာ့ရွိပါတယ္။ျပင္သစ္၊အီတလီနဲ႔အဂၤလိပ္ဟာလစ္ဗ်ားကကဒါဖီကိုပုန္ကန္ၿပီးထြက္ေျပးလာသူေတြကိုႏိုင္ငံေရးခိုလႈံခြင့္ေပးခဲ့ပါတယ္။ဒါေပမယ့္ကဒါဖီနဲ႔ေျပလည္ခ်ိန္မွာအခ်ိဳ႕ကိုဖမ္းၿပီးကဒါဖီထံျပန္အပ္ပါတယ္။ေနာက္ကဒါဖီကိုျဖဳတ္ခ်ခ်ိန္မွာအခ်ိဳ႕ကိုဥေရာပကေနေပးျပန္ၿပီးလက္နက္ေထာက္ပံ့ပါတယ္။ဒါကအာဏာရွင္ကိုျဖဳတ္ခ်ဖို႔ပါ။

ဆီးရီးယားကိုလဲကူညီဖို႔မာမူနဲ႔ဘာသာတူေတြကဥေရာပကေနသြားၾကပါတယ္။ေနာက္ပိုင္းသူ႔ႏိုင္ငံမွာေမြးသူေတြအၾကမ္းဖက္သမားျဖစ္သြားတာသိခ်ိန္မွာလူသားခ်င္းကူညီဖို႔ဆိုၿပီးသြားတဲ့သူ႔ႏိုင္ငံသားေတြကိုစတားပါတယ္။ၾသဇီလဲဒီလိုပါဘဲ။အေမရိကန္ဆိုပိုဆိုးပါတယ္။

ဒါေပမယ့္ဒီမိုအစိုးရကိုလက္နက္ကိုင္တိုက္လို႔အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာခံရရင္ေတာ့ဖမ္းပို႔ပါတယ္။စပိန္ကခြဲထြက္ဖို႔ႀကိဳးစားတဲ့ Basque ခြဲထြက္ေရးေခါင္းေဆာင္Josu Ternara ကိုသူစပိန္မွာ၁၉၈၇ကသူ႔ရဲ႕ခြဲထြက္ေရးတပ္မေတာ္ETA ကရဲစခန္းကိုဝင္စီးၿပီးလူ၁၁ေယာက္ေသေစမႈနဲ႔၂၀၁၉ေမကမွျပင္သစ္မွာဖမ္းမိပါတယ္။သူ႔ခြဲထြက္ေရးတပ္ကကိုယ္ပိုင္ျပည္နယ္ထူေထာင္ဖို႔ႏွစ္၅၀တိုက္ခဲ့ၿပီးလူ၈၅၀အနည္းဆံုးေသခဲ့ပါတယ္။ဒီBasque ျပည္နယ္ဟာလဲ၁၅ရာစုအထိကိုယ့္ထီးကိုယ့္နန္းနဲ႔ေနခဲ့အၿပီး၁၆ရာစုမွာေျမာက္ပိုင္းကိုျပင္သစ္ကသိမ္းခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာင္ပိုင္းဟာစပိန္လက္ေအာက္ေရာက္ခဲ့ပါတယ္။သူကလြတ္လပ္ေရးလိုခ်င္လို႔တိုက္တာပါ။

ထို႔အတူဘဲလြတ္လပ္ေရးေၾကညာတဲ့စပိန္ကဘာစီလိုနားျပည္နယ္ရဲ႕ေခါင္းေဆာင္Mr Puigdemont ကိုလဲဂ်ာမနီကဖမ္းၿပီးျပန္ပို႔ခဲ့ပါတယ္။သူကဘာအၾကမ္းဖက္မႈမွမက်ဴးလြန္ေပမယ့္လြတ္လပ္ေရးေၾကညာလို႔ပါ။သူ႔ပါတီဝင္အျခားအမတ္၂၄ေရာက္ကိုလဲစပိန္အစိုးရကဖမ္းၿပီးႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ေထာင္ထဲထည့္ခဲ့ပါတယ္။ဘီဘီစီကမ်ားသတင္းအၾကာႀကီးၾကားမိပါလား?ဒါေၾကာင့္ဒီမိုႏိုင္ငံေတြမွာမိမိျပည္နယ္လြတ္လပ္ေရးအတြက္ခြဲထြက္ဖို႔လက္နက္ကိုင္လဲဖမ္းသလို၊တစ္ဖက္သတ္ေၾကညာလဲဖမ္းပါတယ္။

ျမန္မာျပည္မွာက၁၉၆၂ထဲကတရားမဝင္အစိုးရအုပ္ခ်ဳပ္ေနရာကေန၂၀၁၆မွာ၇၅% ဒီမိုအစိုးရျဖစ္လာတာကိုသူပုန္မ်ားအေနနဲ႔သတိမူမိဖို႔လိုပါတယ္။

စင္ကာပူကိုျပန္ေလ့လာရေအာင္။စင္ကာပူရဲကျမန္မာအစိုးရကဖမ္းခိုင္းလို႔ဖမ္းသေရာင္ဓာတ္ခဲကဝါဒျဖန္႔တာေတြ႕လိုက္ပါတယ္။စင္ကာပူရဲကစင္ကာပူအစိုးရေအာက္မွာပါ။မအလေအာက္မွာမရွိပါ။စရဖကသတင္းေပးတာေတာ့ရွိပါမယ္။ဒါဆိုရင္စင္ကာပူေထာက္လွမ္းေရးကေစာင့္ၾကည့္ပါမယ္။အေထာက္အထားေတြ႕လာခ်ိန္မွာဖမ္းတာပါ။တရားဝင္မိမိလူမ်ိဳးဒီမိုဝန္ႀကီးခ်ဳပ္ကိုလုပ္ၾကံတာဟာအၾကမ္းဖက္မႈပါ။ဘာမွဆင္ေျခေပးလို႔မရပါ။

စင္ကာပူအစိုးရဟာယခုလိုဘဲဘဂၤလားကအဖြဲ႕ကိုလဲယခင္ကဖမ္းခဲ့ဖူးပါတယ္။စင္ကာပူအစိုးရရဲ႕ေပၚလစီကသူ႔တိုင္းျပည္ထဲမွာလက္နက္ကိုင္အဖြဲ႕အတြက္ေငြရွာတာ၊လူမ်ိဳးေရးဆြေပးတာကိုမူဝါဒအရတိုက္ဖ်က္ေနပံုပါ။

အားလံုးအၾကမ္းမဖက္ဘဲၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ပါေစ။

Unicode version

စင်ကာပူကလက်မခံသောအကြမ်းဖက်အဖွဲ့ထောက်ပံ့မှု

မြန်မာပြည်မှာ၁၉၆၂မှာနေဝင်းကဒီမိုအစိုးရထံကအာဏာသိမ်းလို့တရားမဝင်အစိုးရပါ။သူ့ကိုပုန်ကန်သူတွေထဲတရားဝင်ဝကခဦးနုပါခဲ့ပါတယ်။ဒါကြောင့်သူပုန်ကတရားဝင်သလိုဖြစ်ပြီးနေဝင်းနဲ့တိုင်းရင်းသားလက်နက်ကိုင်ကသူပုန်ကြီးနဲ့သူပုန်လေးအဆင့်ဖြစ်သွားပါတယ်။ဒီနေရာမှာနေဝင်းကထိုင်းအစိုးရကိုဦးနုကိုဖမ်းပြီးပြန်ပို့ပါဆိုဟိုကငြင်းပါမယ်။ဘာလို့လဲဆိုတော့သူခိုးကလူကောင်းကိုဖမ်းခိုင်းသလိုဖြစ်နေလို့ပါ။တရုတ်ပြည်မှာကွန်မြူနစ်အစိုးရကိုဆန့်ကျင်ပြီးထွက်ပြေးရင်လဲအမေရိကန်ကလက်ခံပါတယ်။

ဒါပေမယ့်သူတို့မှာကန့်သတ်ချက်လေးတွေတော့ရှိပါတယ်။ပြင်သစ်၊အီတလီနဲ့အင်္ဂလိပ်ဟာလစ်ဗျားကကဒါဖီကိုပုန်ကန်ပြီးထွက်ပြေးလာသူတွေကိုနိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပါတယ်။ဒါပေမယ့်ကဒါဖီနဲ့ပြေလည်ချိန်မှာအချို့ကိုဖမ်းပြီးကဒါဖီထံပြန်အပ်ပါတယ်။နောက်ကဒါဖီကိုဖြုတ်ချချိန်မှာအချို့ကိုဥရောပကနေပေးပြန်ပြီးလက်နက်ထောက်ပံ့ပါတယ်။ဒါကအာဏာရှင်ကိုဖြုတ်ချဖို့ပါ။

ဆီးရီးယားကိုလဲကူညီဖို့မာမူနဲ့ဘာသာတူတွေကဥရောပကနေသွားကြပါတယ်။နောက်ပိုင်းသူ့နိုင်ငံမှာမွေးသူတွေအကြမ်းဖက်သမားဖြစ်သွားတာသိချိန်မှာလူသားချင်းကူညီဖို့ဆိုပြီးသွားတဲ့သူ့နိုင်ငံသားတွေကိုစတားပါတယ်။သြဇီလဲဒီလိုပါဘဲ။အမေရိကန်ဆိုပိုဆိုးပါတယ်။

ဒါပေမယ့်ဒီမိုအစိုးရကိုလက်နက်ကိုင်တိုက်လို့အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံရရင်တော့ဖမ်းပို့ပါတယ်။စပိန်ကခွဲထွက်ဖို့ကြိုးစားတဲ့ Basque ခွဲထွက်ရေးခေါင်းဆောင်Josu Ternara ကိုသူစပိန်မှာ၁၉၈၇ကသူ့ရဲ့ခွဲထွက်ရေးတပ်မတော်ETA ကရဲစခန်းကိုဝင်စီးပြီးလူ၁၁ယောက်သေစေမှုနဲ့၂၀၁၉မေကမှပြင်သစ်မှာဖမ်းမိပါတယ်။သူ့ခွဲထွက်ရေးတပ်ကကိုယ်ပိုင်ပြည်နယ်ထူထောင်ဖို့နှစ်၅၀တိုက်ခဲ့ပြီးလူ၈၅၀အနည်းဆုံးသေခဲ့ပါတယ်။ဒီBasque ပြည်နယ်ဟာလဲ၁၅ရာစုအထိကိုယ့်ထီးကိုယ့်နန်းနဲ့နေခဲ့အပြီး၁၆ရာစုမှာမြောက်ပိုင်းကိုပြင်သစ်ကသိမ်းခဲ့ပါတယ်။နောက်ပိုင်းမှာတောင်ပိုင်းဟာစပိန်လက်အောက်ရောက်ခဲ့ပါတယ်။သူကလွတ်လပ်ရေးလိုချင်လို့တိုက်တာပါ။

ထို့အတူဘဲလွတ်လပ်ရေးကြေညာတဲ့စပိန်ကဘာစီလိုနားပြည်နယ်ရဲ့ခေါင်းဆောင်Mr Puigdemont ကိုလဲဂျာမနီကဖမ်းပြီးပြန်ပို့ခဲ့ပါတယ်။သူကဘာအကြမ်းဖက်မှုမှမကျူးလွန်ပေမယ့်လွတ်လပ်ရေးကြေညာလို့ပါ။သူ့ပါတီဝင်အခြားအမတ်၂၄ရောက်ကိုလဲစပိန်အစိုးရကဖမ်းပြီးနိုင်ငံတော်ပုန်ကန်မှုနဲ့ထောင်ထဲထည့်ခဲ့ပါတယ်။ဘီဘီစီကများသတင်းအကြာကြီးကြားမိပါလား?ဒါကြောင့်ဒီမိုနိုင်ငံတွေမှာမိမိပြည်နယ်လွတ်လပ်ရေးအတွက်ခွဲထွက်ဖို့လက်နက်ကိုင်လဲဖမ်းသလို၊တစ်ဖက်သတ်ကြေညာလဲဖမ်းပါတယ်။

မြန်မာပြည်မှာက၁၉၆၂ထဲကတရားမဝင်အစိုးရအုပ်ချုပ်နေရာကနေ၂၀၁၆မှာရ၅% ဒီမိုအစိုးရဖြစ်လာတာကိုသူပုန်များအနေနဲ့သတိမူမိဖို့လိုပါတယ်။

စင်ကာပူကိုပြန်လေ့လာရအောင်။စင်ကာပူရဲကမြန်မာအစိုးရကဖမ်းခိုင်းလို့ဖမ်းသရောင်ဓာတ်ခဲကဝါဒဖြန့်တာတွေ့လိုက်ပါတယ်။စင်ကာပူရဲကစင်ကာပူအစိုးရအောက်မှာပါ။မအလအောက်မှာမရှိပါ။စရဖကသတင်းပေးတာတော့ရှိပါမယ်။ဒါဆိုရင်စင်ကာပူထောက်လှမ်းရေးကစောင့်ကြည့်ပါမယ်။အထောက်အထားတွေ့လာချိန်မှာဖမ်းတာပါ။တရားဝင်မိမိလူမျိုးဒီမိုဝန်ကြီးချုပ်ကိုလုပ်ကြံတာဟာအကြမ်းဖက်မှုပါ။ဘာမှဆင်ခြေပေးလို့မရပါ။

စင်ကာပူအစိုးရဟာယခုလိုဘဲဘင်္ဂလားကအဖွဲ့ကိုလဲယခင်ကဖမ်းခဲ့ဖူးပါတယ်။စင်ကာပူအစိုးရရဲ့ပေါ်လစီကသူ့တိုင်းပြည်ထဲမှာလက်နက်ကိုင်အဖွဲ့အတွက်ငွေရှာတာ၊လူမျိုးရေးဆွပေးတာကိုမူဝါဒအရတိုက်ဖျက်နေပုံပါ။

အားလုံးအကြမ်းမဖက်ဘဲငြိမ်းချမ်းစွာအဖြေရှာနိုင်ပါစေ။

390 views0 comments

Comments


bottom of page