top of page
Search

စကားများများ ပြောပေးပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 28, 2020
  • 1 min read

မြန်မာ့နိုင်ငံရေးမှာ အတွေးအခေါ်အမျိုးမျိုး ရှိကြပါတယ်။ အချို့ကလဲ DASSK က အားလုံးကိုဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြသလို အချို့ကလဲ အဘမှ အဘဖြစ်နေကြပါတယ်။

ဒီထဲမှာ အချို့လူများကလဲ ကျွန်တော်တို့က စီးပွါးရေးသာ စိတ်ဝင်စားတာ ရန်ကုန်တိုင်းဝကခလောက်ကို စီးပွါးရေးသမားပေးရင် အဆင်ပြေမယ်ဆိုသူ အတွေးတိမ်သူများလဲ ရှိပါတယ်။

ဂျပန်သံအမတ်ကြီးနဲ့ ဧရာဝတီရဲ့ အင်တာဗျူးကို နားထောင်လိုက်ရပါတယ်။ စာရေးသူတို့တိုင်းပြည်ကအမေရိကန်မုန်း၊ တရုတ်နိုင်ငံမုန်းရင် နိုင်ငံအချို့နဲ့တော့ အဆင်ပြေအောင် နေရမှာပါ။ ရုရှားဟာ မြန်မာကို လက်နက်ရောင်းတာသာရှိပြီး စီးပွါးရေးအရ ကူညီနိုင်တာက အမေရိကန် (သို့) တရုတ်နိုင်ငံ (သို့) ဂျပန်နိုင်ငံပါ။ ဥရောပက ဟန်သာရှိပြီး အဆန်မရှိပါ။ ဒါကအရှိတရားပါ။ တရုတ်နိုင်ငံကို အားမကိုးလိုရင် ရွေးစရာက အမေရိကန်ပါ။ စာရေးသူ အမေရိကန် သမ္မတသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလောင်းAntony Blinken အကြောင်းရေးချိန်က အချို့စာဖတ်သူများက အဆိုပါလူရဲ့ ဘင်ကိစ္စလော်ထားတာကိုလာပြကြပါတယ်။ စာရေးသူ သူဘာလော်ခဲ့လဲဆိုတာလဲ သိပါတယ်။ ဘာဖိအားလာနိုင်တယ်ဆိုတာလဲသိပါတယ်။ ဒါ့ကြောင့် ပြင်ဆင်ထားဖို့ ရေးပြတာပါ။


ယခုဂျပန်သံအမတ်ကြီးပြောသွားသလိုပါဘဲ။ မြန်မာပြည်ဟာ စီးပွါးရေးတိုးတက်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့လိုပါမယ်။ ဒါဟာ ကမ္ဘာမှာ မြန်မာ့ပုံရိပ်ကောင်းဖို့ လိုအပ်ပါတယ်။ ပုံရိပ်ကောင်းချင်ရင် ရခိုင်ကိစ္စဖြေရှင်းရပါမယ်။ ဘင်ကိစ္စပါပါမယ်။ အဆိုပါကိစ္စအတွက် ရခိုင့်ပါတီတွေနဲ့စကားပြောရပါမယ်။ သူတို့နဲ့မပြောခင် တပ်နဲ့ပြောရပါမယ်။ DASSK နဲ့ လက်ရှိတပ်ချုပ်၊ နောက်တက်လာမယ့် တပ်ချုပ်တို့ဟာ ယခုထက်ပိုတဲ့ စကားပြောဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ NLD ဟာ အပြတ်နိုင်ထားလို့ ပြည်သူ့ဆန္ဒကို လေးစားရပါမယ်။ စကားပြောရာမှာတော့သမ္မတကြီးနဲ့ တပ်ချုပ်ဖြစ်ဖြစ်၊ DASSK နဲ့ တပ်ချုပ်ဖြစ်ဖြစ် အလုပ်သဘောထက်ပိုတဲ့ လူပုဂ္ဂိုလ်အချင်းချင်း ရင်းနှီးမှုလေး တည်ဆောက်နိုင်ရင် တိုင်းပြည်အတွက် ကောင်းနိုင်ပါတယ်။ ပြဿနာကသမ္မတက ခြင်းခတ်ပြီး တပ်ချုပ်က ဂေါက်ရိုက်လို့ တွေ့စရာနေရာက အဲ့ဒီမှာ နည်းနေပါတယ်။


သမ္မတကြီးနဲ့ တပ်ချုပ်တို့ အလုပ်သဘော နေ့လည်စာကို တစ်ပတ်တစ်ခါ အတူစားပြီး စကားပြောကြရင် ပိုအဆင်ပြေလာမယ်လို့ တင်ပြပါရစေ။ မဟုတ်ရင်လဲ ယခု DASSK နဲ့ ဒုတပ်ချုပ်တို့ လက်ရှိရံဖန်ရံခါ တွေ့ဆုံတာကို ထမင်းဝိုင်းနဲ့ အပတ်စဉ်ပုံမှန်တွေ့ပေးရင် ပိုနီးစပ်လာနိုင်ပါတယ်။ ဒါ့မှမဟုတ်တပ်ချုပ်ကြီးက DASSK ဦးဆောင်လုပ်တဲ့ လုံခြုံရေးအဖွဲ့ အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးကိုယ်စားတက်ပြီး ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သင့်ပါတယ်လို့ အကြံပေးပါရစေ။


မြန်မာနိုင်ငံ ၂၀၂၁ မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု ပြဿနာတွေဟာ ကိုဗစ်ကြောင့် ပိုကြီးလာမှာပါ။ မိမိအချင်းချင်း အဆင်ပြေရင် ပြည်ပနဲ့ ရင်ဆိုင်ရာမှာ အဆင်ပြေနိုင်ပါတယ်လို့ ပြောပါရစေ။


Video Credit: Irrawaddy

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page