top of page
Search

စက်တင်ဘာ ၁၁ ရက်မှပြောသော တရားမျှတမှုအတွက်အချိန်

Writer: Myat Tun OoMyat Tun Oo



လွန်ခဲ့တဲ့ရက်ပိုင်းက NUG ဝေဖန်တာအချို့နဲ့ တိုက်ဆိုင်လို့ ရေးလိုက်တာပါ။ ယခင်ကထဲက ရေးလိုပေမယ့် သက္ကမိုးညိုကို ပန်ဆယ်လိုက ရှင်းသွားလို့ ယခုဟာက သာမန်လူတွေ နားလည်လွယ်အောင် ရေးမှာပါ။ ဘင်လာဒင်ဟာ အမေရိကန်ကို စက်တင်ဘာ ၁၁ ရက် ၂၀၀၁ မှာ ဖြစ်ခဲ့ပါတယ်။အမေရိကန်ဟာ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံပါ။ NUG ထက် ငွေ၊ စစ်အင်အား၊ စနစ်၊ နည်းပညာ အားလုံးသာလွန်တာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါ။ အောက်တိုဘာ ၂၀၀၁ တစ်လအကြာမှာ အမေရိကန်က အာဖဂန်ကိုဝင်တိုက်ခဲ့ပါတယ်။ ကာဘူးကို တစ်လအတွင်းသိမ်းနိုင်ခဲ့ပြီး ဘင်လာဒင်အဖွဲ့က နံပတ်သုံး Mohammed Atel ကို နိုဝင်ဘာ ၁၂ မှာ သတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်အာဖဂန်ကနေ နှစ် ၂၀ အကြာမှာ ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဘင်လာဒင်ကို သွေးကြွေးဆပ်ဖို့  ၁၀နှစ်နီးပါးကြာခဲ့ပြီး ၂၀၁၁ မေလ ၂ ရက်မှသာ အိုဘားမားက သုတ်သင်နိုင်ခဲ့ပါတယ်။ သူ့လက်ထောက် ဒုခေါင်းဆောင် Ayman al-Zawahiri ကိုတော့ အနှစ် ၂၀ အကြာ ၂၀၂၂ ဇူလိုင် ၃၁မှာမ သွေးကြွေးဆပ်နိုင်ခဲ့တာပါ။ ဒီဟာကအမေရိကန်လို ကမ္ဘာ့အကြီးဆုံး အကောင်းဆုံး စစ်တပ်ရှိတဲ့အစိုးရ ပိုက်ဆံကို ရေလိုသုံးနိုင်တဲ့ အစိုးရက သွေးကြွေးဆပ်ဖို့ ကြာခဲ့တာပါ။

ဒါဆို မအလကိုသွေးကြွေးဆပ်ဖို့ ဘယ်လောက်စောင့်ရမှာလဲ? စာရေးသူတို့ဟာ ဘရွှေ၊ နေဝင်းမြေးတွေကို ဒဏ်မခတ်နိုင်သေးပါ။ မအလကတော့ ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ကိုသတ်ရာမှာအဓိကတာဝန်ရှိသူပါ။ မအလကတော့ သူတို့ထက်လူထုမေတ္တာခံယူထားလို့ သူကတော့ ဘင်လာဒင်လောက် မကြာနိုင်ပါ။ အမေရိကန်လိုနိုင်ငံတောင် အချိန်ကြာခဲ့ရင် တူမီးနဲ့စခဲ့တဲ့တပ်ကို ကွပ်ကဲရတဲ့ NUG ဟာလဲ အချိန်ယူ ပြင်ဆင်ရမှာပါ။ NUG နဲ့ PDF တွေရဲ့အောင်မြင်မှုဟာ တရုတ်နဲ့ အာဆီယံကို သူတို့ရဲ့ပေါ်လစီတွေ ပြန်သုံးသပ်ရတဲ့အထိ ဖြစ်လာစေခဲ့တယ်ဆိုတာ မေ့မရ ငြင်းမရပါ။အောင်မြင်မှုဟာ မအလကို တုန်လှုပ်စေခဲ့တယ်ဆိုတာ တပ်ထဲမှာ ငြင်းမရတဲ့အချက်ပါ။

NUG ကို ဝေဖန်လိုသူနဲ့ ဖွတ်ခွေးအချို့က NUG ဘာလို့နေပြည်တော်မသိမ်းနိုင်လဲ ဘာညာဆိုပြီး ခနဲ့တာတွေ့ရ ကြားရပါတယ်။ စာရေးသူကတော့ ၂၀၂၁ ဖေဖော်ဝါရီကနေ ယခုအချိန်မှာ မအလဟာ စစ်ကိုင်း၊ ချင်း၊ ကချင်နဲ့ ကယားဒေသတွေကို စိုးမိုးမှုမရှိ စွန့်လွှတ်လိုက်ရပြီဆိုတာ မေ့မထားစေချင်ပါ။ တပ်ထဲမှာ မိမိအိမ်တောင် မိမိမပြန်ရဲတဲ့အထိ ဖြစ်နေကြပါပြီ။ NUG ဟာ မအလဝန်ခံထားတဲ့ ကာလုံအစည်းအဝေးမှာ NUG က မိုင်း ၇၀၀၀ ခွဲခဲ့ပြီး အကြိမ် ၆၀၀၀ တိုက်ခဲ့ကြောင်းမီး ၁၀၀၀ ရှို့ခဲ့ကြောင်း ဝန်ခံထားရပါတယ်။ ဒါဟာ စာရေးသူပြောတမဟုတ်၊ NUG ပြောတာမဟုတ်ဘဲ မအလကိုယ်တိုင် ကာလုံမှာပြောသွားခဲ့တာပါ။ ဒါဟာ အနောက်နိုင်ငံတွေက လေနဲ့သာအကူခံရတဲ့အစိုးရ တူမီးနဲ့ စတော်လှန်ခဲ့ရတဲ့ အစိုးရအတွက် ကြီးမားတဲ့အောင်မြင်မှုပါ။

မအလဟာ ဘင်လာဒင်လိုမဖြစ်ဘူးလို့ မပြောနိုင်ပါ။ သူ မပြောနဲ့ သူ့မြေးတောင် တပ်ရင်းတစ်ခု စရဖတစ်ဖွဲ့နဲ့ ကျောင်းတက်နေရတဲ့အခြေအနေပါ။ သူ့သားသမီးဆိုရင် တပ်ရင်းတစ်ခု၊ နောက်အခြားတပ်ရင်းတစ်ခုကအသင့်အနေအထား သမ္မတရုံးလုံခြုံရေးကပါ စောင့်ပေးနေရတာပါ။ ဒါမျိုး DASSK အစိုးရလက်ထက်မှာ မလိုခဲ့ပါ။ သူ့ကိုယ်သူ လုံခြုံတယ်ထင်သူက ဘာမှဒီလောက်လုပ်စရာမရှိပါ။ ယခုအချိန်မှာ အရေးကြီးဆုံးက NUG လိုနေတဲ့ငွေကိုထောက်ပံ့ပြီး လူညီရင်တော်လှန်ရေးကအောင်ဖို့ နီးစပ်မယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page