top of page
Search

စကခမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းဘယ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 10, 2023
  • 1 min read

ree

ဒီကိစ္စကို MNDAA က အလောင်းတွေ့ထားတယ်လို့ တရားဝင်ပြောထားပါတယ်။ ဒါပေမယ့် ဇော်မဲလုံးကတော့ တာဝန်တွေထမ်းဆောင်နေဆဲဆိုပြီး သူ့ဘောမမီဒီယာများကို ပြောထားပါတယ်။ သူ့ဘောမ ကျော်မျိုးမင်းက မဟုတ်ဘူးလို့ ဗြောင်မလိမ်ရဲပေမယ့် ခေတ်သစ်ကတင်ထားတဲ့ပုံကို အောင်ဇော်လင်းကို သိသူက မဟုတ်ဘူးပြောတယ်ဆိုပြီး ပြောပါတယ်။ ဘယ်ဟာကအမှန်လဲ?

ပထမက ဗိုလ်မှူးချုပ်အောင်ဇော်လင်းဟာ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးပါ။ တပ်မမှူးအဆင့်မျိုးပေါ့။ ဒါကအမှန်ပါ။ သူ့ကိုကရင်နယ်ဘက်ကနေ ရှမ်းမြောက်ကိုပို့တာပါ။ ဒါကြောင့် သူဟာ ရှမ်းမြောက်ကို ရောက်တာလဲမှန်ပါတယ်။ သူက တပ်ရင်းတစ်ခုလုံးလက်နက်ချချိန်မှာ တပ်သား ၁၀၀ နဲ့အတူ ထွက်သွားခဲ့သူပါ။ သူထွက်ချိန်အထိ အထက်ကိုသတင်းပို့ခဲ့ပါတယ်။ နောက်ပိုင်း သူ့တပ်နဲ့အဆက်အသွယ်မရတော့ပါ။ ထိုအချိန်နေပြည်တော်မှာပြောတာက သူဟာ နည်းဗျူဟာဘယ်လိုကောင်းတယ်၊ တပ်ဖျောက်သွားပြီး ပြန်ချမှာ ဘာညာဆိုပြီး မြှောက်ပင့်ပြောကြပါတယ်။ ဒါကို ဘောမမီဒီယာများကလဲ ဆက်ပင့်တာ တွေ့ရပါတယ်။ ဒါက သူ့အကြောင်းနေပြည်တော်မှာ နောက်ဆုံးသိတာပါ။ ထိုနောက်ပိုင်းမှာ အရှေ့မြောက်တိုင်းရော၊ နေပြည်တော်စစ်ရုံးမှာပါ သူ့ထံက ဘာအသံမှ မကြားတော့တာဟာ နောက်ဆုံး MNDAA က သတင်းထုတ်ပြန်တဲ့ အချိန်အထိပါ။ ယခုလဲ ဘာမှထပ်မကြားရသေးပါ။

MNDAA က သတင်းထုတ်ပြန်ချိန်အပြီးနောက်နေ့မှာ အောင်ဇော်လင်းမိန်းမက ရက်လည်ဆွမ်းကျွေးဖို့လုပ်ပါတယ်။ ဒါပေမယ့် ဇော်မဲလုံးက တာဝန်ထမ်းဆောင်ဆဲဆိုလို့ သူ့မိန်းမကို ရက်လည်မလုပ်ဖို့ စရဖကတဆင့် အထက်ကပြောပါတယ်။ ဒါကြောင့် ဘုန်းကြီးဆွမ်းကျွေးပွဲကို ဖျက်လိုက်ရပါတယ်။ ဒီနေရာမှာ သူ့ပုံဟုတ် မဟုတ်က သူ့မိန်းမက အသိဆုံးပါ။ သူနဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ခဲ့သူတွေကတော့ ဒီပုံဟာ သူ့ပုံလို့ပြောပါတယ်။ ဇော်မဲလုံးနဲ့ ကျော်မျိုးမင်းက MNDAA သတင်းက အမှားဆိုရင် အောင်ဇော်လင်းကို ဗီဒီယိုလေးခေါ် တင်လိုက်ရုံပါဘဲ။ တပ်ဖျောက်ထားလဲ ဌာနချုပ်ကတော့ ခေါ်လို့ရပါတယ်။ အသံဖိုင်ကတော့ စာရေးသူလဲ အဘဆိုပြီး လုပ်တင်လို့ရပါတယ်။

ဒါဆိုအမှန်က ဘာဖြစ်နိုင်လဲ? အောင်ဇော်လင်းမိန်းမကတော့ သေသူဟာ သူ့ယောင်္ကျားလို့ ယုံကြည်ပါတယ်။ သူသေလား ရှင်လားဇော်မဲလုံးလဲ သေချာမသိပါ။ မအလလဲ သေချာမသိပါ။ သူနဲ့အဆက်အသွယ်ပြတ်သွားတာ ကြာခဲ့ပါပြီ။ ယခုဟာက ဇော်မဲလုံးက တပ်စိတ်ဓာတ်မကျအောင် တိုက်ပွဲဝင်နေတယ်လို့သာ ရှင်းထားပြီး မတော်တဆရှင်မယ်လို့သာ မျှော်လင့်နေတာဖြစ်ပုံရပါတယ်။ ဒီကိစ္စက သာမန် ဗိုလ်လေးကျတာမျိုးမဟုတ်ဘဲ မအလလိမ်တာ ပေါ်သွားခဲ့ရင် ပြဿနာက ကြီးမှာပါ။ တပ်ထဲမှာ အဓိက တပ်ကိုအုပ်ချုပ်ရသူ တပ်ပိုင်ရှိသူက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်ပါ။ သူတို့တွေကို အင်တာနက်ပိတ်ဖို့ ခက်ပါတယ်။ သူတို့ကသာ အောက်ခြေအဆင့်ကိုပိတ်တာပါ။ ထို့အတူ စကခမှူး၊ ဒကစမှူး၊ တပ်မမှူး၊ တိုင်းမှူးအဆင့်ဟာ တပ်ထဲမှာ ထိပ်ပိုင်း ၅၀ လောက်သာပါ။ သူတို့လူသေတာကို မသေဘူးလိမ်တာဟာ ရေတိုမှာ ဝေဝါးစေနိုင်ပေမယ့် ရေရှည်မှာ တကယ်သေသွားခဲ့ရင် ငါတို့လိုအဆင့်ကို မအလက ဒီလိုဆက်ဆံပါလားဆိုပြီး မအလကို ဩဇာမခံဖို့ ပုန်ကန်ဖို့ ပိုဖြစ်လာမှာပါ။ ဒီလကုန်မှာမ အောင်ဇော်လင်းမပေါ်လာရင်တော့ အောင်ဇော်လင်းဟာ ငရဲပြည်ရောက်သွားခဲ့တာ သေချာပါတယ်လို့ ပြောလိုပါတယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page