top of page
Search

ငွေလိုနေသော မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 6, 2021
  • 1 min read

ငွေလိုနေသော မအလ



မအလဟာ မီတာခကို အသည်းအသန်ကောက်နေပါတယ်။ သူက ဘဏ်ကတဆင့် ပေးမရအောင်OK တို့ wave money တို့နဲ့ ဆောင်မရအောင် ပိတ်ထားပါတယ်။ ယခု တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ လူတွေကြောက်အောင် စံပြမီးဖြတ်ပြပြီး Gen Lee တွေက ကြောက်လို့ လာဆောင်ရင် သူအမြတ်မယ်လို့ တွက်ထားပြီး လုပ်နေတာပါ။ လူတွေစုပြုံတိုးပြီးဆောင်ရင် ကိုဗစ်ကူးနိုင်ပေမယ့်သူက ငွေသားလိုနေလို့ အတင်းကောက်နေပါတယ်။ နေရာတိုင်း ရပ်ကွက်တိုင်းကို ရဲ စစ်သားအစောင့်နဲ့ စစ်မြေပြင်လို မီတာခ လိုက်ကောက်ဖို့က ခက်ပါတယ်။ အခမသင့်ရင် သူတို့မီတာခအဖွဲ့ကို ဒန်ပေါက်ကျွေးခံရမှာပါ။ လောလောဆယ် မီတာခကို လိုင်းပေါ်က ဆောင်မရအောင် ဖြတ်ထားပြီး ငွေသားသာဆောင်ခိုင်းတာဟာ မအလရဲ့ ဘဏ်ထဲမှာ ပိုက်ဆံမရှိတာကို ပြနေပါတယ်။ထိုပိုက်ဆံကို ပေး မပေး မီတာခ ဆောင် မဆောင်က ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ မီးလာဖြတ်သူနဲ့ သူနဲ့အတူပါလာသူ လုံခြုံရေးကို ဘာလုပ်မလဲဆိုတာလဲ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ကြောက်ရင်တော့ ဆက်ကြောက်ရပါမယ်လို့သာ ပြောပါရစေ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 07, 2021

ဦးမြတ်!!! လူမိုက်နှင့် ငွေ ၊ အတူ မနေ တဲ့။ စကားတော့အရှိသားပေါ့။ ရသမျှ မဆင်မခြင် သုံးရင်း လုံးပါးပါးရပါသည်။ သုံးသင့်တဲ့ နေရာ၊ အကျိုးရှိမယ့် လုပ်ရပ် ခွဲခြား မတတ်နိုင်စွမ်းသောကြောင့်ပါ။

လူလိမ္မာများကတော့ အကျိုးကောင်းတွေရနိုင်တဲ့ ေနရာမှာတောင် သူ့အိုးသူ့ဆန် တန်ရုံသုံးပါသည်။ ဗုန်းပေါလအော သွန်မသုံးကြပါ။

~ဘဝ နာသူ လူလိမ္မာ နှင့်

!!! ကုဋေ ၈၀ ကြွယ် သူဌေး၏ သား

ကွာခြားသကဲ့သို့။

အရာနှစ်ခုကို ယှဥ်ပြုတဲ့အခါ၊ စံ အရာ မည်သူကသာသည်ကို မျက်မှောက်ကာလမှာ အလွန်သိသာလှပါသည်။

ငယ်စဥ် မူလတန်းဖတ်စာမှာ သင်ခဲ့ရသော ဗာရာဏသီ ၈၀ကြွယ်သူဌေးသားကဗျာ၏ နောက်ဆုံးစာပိုဒ်ကို သတိရမိပါတော့သည်။

နင်သာ လူမိုက်

ဒုစရိုက်ဟု

ရိုက်ပုတ်နှင်လေ

တောမှာ သေခါ

ကောင်သေ

လင်းတ ကျ၏တည်း။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page