top of page
Search

ငိုပြရင် ကျော်သွားရမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 25, 2022
  • 1 min read

မအလသူပုန်တပ်ဟာ PDF ထောက်ခံသူဆို သတ်တာ၊ ရွာမီးရှို့တာ၊ ပစ္စည်းတွေလုတာ၊ မုဒိမ်းကျင့်တာ၊ဘုန်းကြီးတွေကို သတ်တာတွေလုပ်နေတာ အားလုံးသိမှာပါ။ PDF ထောက်ခံသူ စီးပွါးရေးသမားတွေကိုလဲ ဖမ်းတာ၊ သိမ်းတာ၊ မီးရှို့လုယက်တာတွေ လုပ်နေကြတာ အားလုံးသိမှာပါ။ ဒါက သူတို့က ပြည်သူတွေကို လုပ်နေတာပါ။

ဟို ခေတ်သစ်က လေတပ်ကစစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အရာရှိလိပ်စာတွေကို တင်ချိန်မှာ သူတို့ပြောတာက မဆိုင်တဲ့ မိသားစုတွေကို ဆွဲမထည့်နဲ့ သတ္တိရှိရင် ငါတို့ကိုလာတိုက်ဆိုသူရှိသလို အချို့ကလဲကျွန်တော်က လေယဉ်ဘောမတာပါ တိုက်တဲ့အထဲမပါပါဘူး၊ ဒီအိမ်မှာ ကျွန်တော်မနေတော့ပါဘူး ဘာညာ ဘာညာဆိုပြီး မျက်ရည်ချုကြပါတယ်။ အချို့ကလဲ သတ္တိရှိရင် မအလသွားတိုက် ငါတို့ကို လာမလုပ်နဲ့ ငါတို့က အမိန့်အရ လုပ်ရတာပါဆိုပြီး အရှက်မရှိ ရူးချင်ယောင်ဆာင်ကြပါတယ်။ မအလပိုင်တဲ့ဦးပိုင်ကို ဒဏ်ခတ်ရင် ဘောမတွေက ဦးပိုင်က အလုပ်သမားဘယ်လောက်ကို အလုပ်ပေးထမင်းကျွေးထားတာ သူတို့အလုပ်လက်မဲ့ဆိုရင် မဆိုင်တဲ့သူတွေငတ်မယ် ဘာညာဆိုပြီး ဘောဝင်မကြပါတယ်။

ယခု NUG က စစ်တပ်ကို လက်နက်ထောက်ပံ့သူတွေကို အကြမ်းဖက်မှုထောက်ခံသူအကြမ်းဖက်သမားတွေအဖြစ် ကြေငြာလိုက်ပါပြီ။ တချိန်ထဲမှာဘဲ ဘောမတွေက ဦးတေဇက ဘာမှမဖြစ်သွားဘူး သူ့အလုပ်သမားတွေသာ ထိခိုက်မှာ ဘာညာဆိုပြီး ဘောဝင်မ မျက်ရည်ချူပါလိမ့်မယ်။ စချူနေပါပြီ။ စစ်တပ်ကို မျက်ရည်ချူသလိုပေါ့။ ဒီနေရာမှာ ဦးတေဇက ဒူပိုင်းမှာဆိုရင်တော့လဲ လွတ်နိုင်ပါတယ်။ သူ့စီးပွါးရေးတွေကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူရမှာပါ။ပြည်သူ့တပ်မတော် PDF က ဥပဒေနဲ့အညီ သူတို့စီးပွါးရေးတွေကို အရေးယူချိန်မှာ သူ့ဝန်ထမ်းဟာလဲအကြမ်းဖက်အဖွဲ့ကို ကူညီသူဖြစ်လို့ အရေးယူခံရမှာပါ။

အကျဉ်းချုပ်ရရင် တော်လှန်ရေးကို တော်လှန်ရေးသဘော ပြတ်ပြတ်သားသားလုပ်ဖို့သာလိုပါတယ်။စစ်ခွေးဘောမတွေကို ပြောပြချင်တာက မင်းတို့ပြောသလိုဘဲ မင်းတို့လဲ သတ္တိရှိရင် NUG ရဲ့ သမ္မတကိုသာ သွားတိုက်ပါလို့ ပြောပါရစေ။ မင်းတို့က အောက်ခြေPDF တွေကို သူတို့ထောက်ခံသူတွေကို သတ်နေပြီး မင်းတို့အလှည့် လိပ်စာပေါ်ရုံနဲ့ မျက်ရည်ခံ ငိုပြနေလို့ မရပါလို့ ပြောပါရစေ။ ပြည်သူများလဲတော်လှန်ရေးမှာ တော်လှန်ရေးလို ကျင့်ကြံရင် ဒီပွဲက အမြန်နိုင်မှာပါ။ အလှည့်ကျရင် မနွဲ့ကျစတမ်းပါ။ ငိုပြလို့ရတဲ့ခေတ်က ပြီးသွားခဲ့ပါပြီ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


kmnyo2
Jan 26, 2022

No excuse for all they did our people. We must learn from Taliban how they won Afghan.

Like

Myint Soe Oo
Myint Soe Oo
Jan 25, 2022

ဦးမြတ်!!! လွမ်းတော်မူဖို့ ၊စာကို စီတယ်။

ဘယ်ဆီသို့ ဘယ်ဝယ်သို့ မှန်းကာဆမယ်

လွမ်းပါရမယ်။

နှစ်ပါးသွားမြိုင်ထ ကချင်တိုင်းကပြီးရင်တော့ နိဂုံးအဆုံးသတ်မဲ့ နောက်ပိုင်းဇာတ်တော်ကြီးတွေ ထွက်ပြရပါသည်။

ပရိသတ်စွဲအောင် အပူတိုက် လွမ်းခန်းကို

တခမ်းတနား တင်ဆက်ကြသည်ကို ပြန်လည်သတိရမိပါသည်။

ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ

ကိုယ်တိုင်

တိုက်တွန်း

ကြည်ကြည်ဖြူ

အလို တူ

ဤပုဂ္ဂိုလ် လေးမျိုးသည် အကျိုးပေးကို

မလွဲမသွေခံရသည်မှာ နိယမပါ။သို့ပါ၍

**ကံ တူ ၊ အကျိုးပေး**ဟု အဆုံးအမ ပေါ်ထွက်လာပါသည်။

သဘာဝနိယမတရားပါ။မည်သည့်အဝတ် ဝတ် ဝတ်၊ မည်သည့်ပုဂ္ဂိုလ် မဆို ၊တင်းခံပြီး ငြင်းဆန်လျှင်တော့ တပြည်တရွာသို့ သွားရပါလိမ့်မည်။ရောက်လည်း ရောက်နေကြပါပြီ။

ဇာတ်ပေါင်းခန်းမှာ မျက်ရည်ချူ ၊ အပူတိုက်တာ ၊ ဟဒယထဲမှာ အပူတွေ

ဆူလှိုက်နေလို့ပါ။ ရင်ဟဒယမှာ မငြိမ်းချမ်းတာ သွားရမယ့်လမ်း ကြိုမြင်ကြလို့ပါ။

အတိတ်က မကောင်းမှုနဲ့ လုံးထွေးရစ်ပတ်၊အညစ်အပတ်နဲ့ နေသူတစ်ဦး။ထိုသူ သေခါနီး ဇောကပ်ချိန်မှာ ကံမ္မနိမိတ်၊ သွားရမယ့် အပါယ် ဂတိနိမိတ်တွေမြင်ပြီး

လွမ်းခန်းမှာ မျက်ရည်ကျကြတာ နိယမတစ်ရပ်ပါ။ ဘုရားလည်း မကယ်နိုင်ပါ။

သူ့ရဲ့ရင်ထဲမှာ တရားမျှတမှုဟူသော **ဓမ္မ**မှ မကိန်းခဲ့တာ။ ဘဝတလျောက် ကိန်းခဲ့သည်က အဓမ္မ။ မတရားမှုနှင့် ပျော်ခဲ့သမျှ သေပေါက် သေဝရောက်ရင်

နှောင်းနောင်တနှင့်အတူ မျက်ရည်တွေကျကြရပါသည်။

ဓမ္မ မဆောင်သူ ၊ သူမိုက်မှန်သမျှ

ဘဝနိဂုံး၊ အဆုံးမှာ မလှကြပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page