ငါတို့ပြည်သူတွေ တော်လှန်ရေးမှာ ဘာပြင်သင့်လဲ?
- Myat Tun Oo
- Oct 24
- 2 min read

အများစုက NUG ဘာပြင်သင့်တယ် ဘာမှားနေလဲသာ ဝေဖန်ကြပြီး ငါတို့အနေနဲ့ ဘာပြင်သင့်လဲဆိုတာကို ပြန်မေးခွန်းထုတ်ဖို့ မေ့နေကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ပြန်စဉ်းစားနိုင်အောင် ဒီဆောင်းပါးကိုရေးပါတယ်။ နိုင်ငံရေးသမားလို ပြည်သူက တာဝန်ကျေတယ် ဘာညာဆိုပြီးရေးမှာ မဟုတ်ပါ။
တော်လှန်ရေးအစမှာ ဆန္ဒပြကြသူများစွာရှိနိုင်ပါတယ်။ ဒီတော်လှန်ရေးက လူမညီလို့ ကြာနေတာပါ။ ဥပမာ လိုင်းပေါ်ကနေ နန်းတွေ၊ ဘောမဆီလီတွေကို ဝိုင်းကျင်တာမျိုး ယခုအချိန်မှာ သိပ်မလုပ်ကြတာတွေ့ရပါတယ်။ အချို့ကိစ္စတွေမှာက အဓိကကျတဲ့သူကိုမဟုတ်ဘဲ woke သဘောအရ တွေ့သမျှလူကို သပိတ်မှောက်ခိုင်းလို့ မိမိရည်မှန်းချက် မအောင်မြင်တာလဲရှိပါတယ်။ ဥပမာ ယုန်လေး၊ ဒိန်းဒေါင်၊ မေသင်ဇာဦး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ရန်အောင်၊ မေသန်းနုတို့ဟာ အဓိကတွေပါ။ ဒါပေမယ့် ဒီမိုထဲက woke သမားတွေက အခြားထောင်ကျပြီး ပြန်လွတ်လာသူများကိုပါ စွဲထည့်ပြီး မိမိပစ်မှတ်ကို ရှုတ်ထွေးသွားစေပါတယ်။ ဒါက ကိုယ့်ဂိုးကိုယ်သွင်းတာပါ။ သူတို့တွေမှာလဲ ရှာစားဖို့ရှိပါတယ်။
ဒါတွေထက် အဓိကကျတာက တော်လှန်ရေးအတွက် ထောက်ပံ့မှုပါ။ ပထမဆုံး NUG ကို ဝေဖန်တာက အလေအလွင့်ရှိတယ်ဆိုပြီးပါ။ ဒါက NUG ကို ယုံကြည်မှုပျက်အောင် ပုံကြီးချဲ့ပြောတာပါ။ ဒီ့ထက်ဆိုးတာက local ကို တိုက်ရိုက်လှူ ဘာညာဆိုတာပါ။ ဒါဟာ NUG ကို အားနည်းအောင် မအလအကြိုက်လိုက်လုပ်နေတာပါ။ စာရေးသူ ဥပမာအနေနဲ့ ပေးပါ့မယ်။ လိုင်းပေါ်မှာ YouTube လုပ်နေတဲ့ ဆယ်လီတစ်ယောက်က သူ့ငွေကို BPLA, ပြီးရင် local အဖွဲ့တွေကို အဓိကလှူပြီး NUG ကိုတော့ ၁၀% တောင် မလှူတာ တွေ့ရပါတယ်။ ထို့အတူ နာမည်ကြီး အနုပညာရှင်တစ်ယောက်ကလဲ ထို့အတူပါဘဲ။ သူတို့က လှူချိန်မှာ မိမိရငွေရဲ့ ၁၀% တောင် NUG ကို မလှူဘဲ တာဝန်ယူဖို့ ဆဲချင်ရင်ကြ NUG ကို အပြစ်ပုံချ ဆဲတာက မှားနေပါတယ်။ သင့်ထံက ကူငွေ ၁၀% သာပေးပြီး တာဝန်ကို ၁၀၀% ယူခိုင်းတာက မှားနေပါတယ်။ သင့်အနေနဲ့ သင်အများဆုံးလှူတဲ့အဖွဲ့ကို တာဝန်ယူခိုင်းသင့်ပါတယ်။ ဒါက သင်္ချာသဘောအရ မှားနေတာကို ထောက်ပြတာပါ။ ဒါ့အပြင် သူတို့လှူတဲ့ local က အခြားပြည်နယ်အတွက် တိုက်ပေးရပြီး အုပ်ချုပ်ရင်တော့ NUG လာ ဩဇာမပေးနဲ့ ဖယ်ဒရယ်ဆိုပြီး စလုပ်ပါတယ်။
နောက် စစ်နိုင်ဖို့ဆိုတာ အမိန့်အဆင့်ဆင့် နာခံဖို့လိုသလို ပေါင်းစပ်ညှိနှုင်းရပါတယ်။ ကမ္ဘာ့က စစ်မဟာမိတ်အဖွဲ့ နေတိုးတောင် ဒါကြောင့် စစ်ရေးလေ့ကျင့်မှုတွေ ခဏခဏ လုပ်ရတာပါ။ အမိန့်နာခံဖို့က အသိတရားနဲ့ ငွေနှစ်ခုနဲ့ ထိန်းထားရပါတယ်။ သင်က ဒေသခံအဖွဲ့ကို ငွေပေးနေတော့ ဟိုက NUG မပေးလဲ ငါငွေရနေတာဘဲ ငါ NUG ကို
ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးတွေဖြစ်လာပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မိမိငွေကိုမိမိ လိုင်းပေါ်မှာ Live လွှင့်ရှာပြီး ငါက ငွေရှာပေးနိုင်သူဆိုပြီး သူ့တပ်ထဲမှာ အလိုလို စစ်ဘုရင်ဖြစ်သွားပါတယ်။ ဒီလိုမျိုးဖြစ်အောင်က မအလရဲ့ စရဖက လုပ်စရာမလိုဘဲ သင်တို့က လုပ်ပေးလိုက်တာပါ။ ဥပမာ အဖေနဲ့ အမေကနေတဆင့် ကလေးကို ပိုက်ဆံမပေးဘဲ ကလေးကို အဘိုးအဘွားက ပိုက်ဆံပေးရင် အဲ့ဒီကလေးက အဖေ၊အမေရဲ့ ဩဇာမညောင်းဘဲ ပျက်စီးသွားတတ်ပါတယ်။ ထိုအဖွဲ့က လူသတ်မှာ ထိုဆယ်လီကဘဲ သူထောက်ပံ့ရာကနေ ပျက်ဆီးသွားတာကို NUG ဘာကြောင့်အရေးမယူလဲဆိုပြီး ထဆဲပြန်ပါတယ်။
နောက်လှူရာမှာ ဆယ်လီအမှီပြု လှူဒါန်းမှုပါ။ ဒီဟာက မအလရဲ့ စရဖက စစ်ဆင်ရေးတွေအနေနဲ့ တိုက်ခိုက်ရတာ အင်မတန် လွယ်ပါတယ်။ အချို့က မြန်မာ့ဓလေ့ မနာလိုမှုကြောင့် တိုက်ခိုက်တာပါ။ ဒါဆို ဘယ်လိုလှူတာ အကောင်းဆုံးလဲ?
စာရေးသူအမြင်ကတော့ PRF ကနေတဆင့် လှူဒါန်းတာပါ။ ဒါဟာ မိမိလှူလိုတဲ့ ဒေသကို တိုက်ရိုက်လှူနိုင်ပါတယ်။ NUG အနေနဲ့ ဘယ်တပ်ရင်းကိုလှူတယ်ပြောနိုင်ရင် ပိုကောင်းတာပေါ့။ နောက် ကောက်ရိုးမီးမဟုတ်ဘဲ လစဉ်ပုံမှန်လှူဖို့ ကြိုးစားသင့်ပါတယ်။ စစ်ပွဲက stock ကစား၊ ရှယ်ယာ ဝယ်ရောင်းလုပ်နေတာ မဟုတ်ပါ။ စာဖတ်သူထဲက ဘယ်သူများ PRF ကို ယခုအချိန်အထိ ဘယ်သူက ဆက်လက်လှူဒါန်းနေပါသလဲ? ဒါက တော်လှန်ရေး အနိုင်အရှုံးအတွက် ဆုံးဖြတ်မှာပါ။ သင့်ငွေဟာ NUG ကို PRF ကတဆင့်သွားခြင်းဖြင့် အမိန့်စီးဆင်းမှု၊ အမိန့်နာခံမှုကို ဖြစ်ပေါ်စေပြီး နဂါးလို၊ ဇွဲလိုအကောင်တွေ မပေါ်လာမှာပါ။ လှူရာမှာ မိမိလှူလိုသူကို ၉၀% လှူ၊ NUG ကို ၁၀% သာလှူပြီး NUG ကို ဆဲနေတဲ့ ဆယ်လီတွေလဲ အဆင်မပြေပါ။ မိမိ ၉၀% လှူတဲ့အဖွဲ့ကိုသာ သွားဆဲပါ။ သင်တို့ဟာ ဒီမိုကရေစီ အားကောင်းအောင်သာ လုပ်သင့်ပါတယ်။ NUG က ငွေကို စာရင်းကိုက်အောင် မလုပ်နိုင်ဘာညာ ဝေဖန်သူ သတင်းသမားတွေ၊ ဆယ်လီတွေ၊ အဆိုတော်တွေ၊ ဖောင်းထုလွှတ်တော်အမတ်တွေအနေနဲ့ NUG MOD ထက် အဆင့်မြင့်တဲ့ အမေရိကန်က ကာကွယ််ရေးဝန်ကြီးဌာနဟာ စာရင်းစစ်မအောင်တာ နှစ်ပေါင်း ခုနှစ်နှစ် (၂၀၁၈-၂၀၂၄) အထိ စာရင်းစစ်မအောင်ခဲ့တာ မမေ့ပါနဲ့။ ဒါက သင်တို့ဗဟုသုတရအောင် မျှဝေတာပါ။ မအလတပ်ထဲမှာတော့ စာရင်းစစ်မအောင်တာ ၁၉၆၂ ထဲကပါ။ မအလက တပ်ရင်းအဆင့်တောင် စာရင်းစစ် မအောင်ဘဲ ခိုးကြတာပါ။ တရုတ်ပြည်ကြီးမှာလဲ စာရင်းစစ်မအောင်လို့ ဖြုတ်နေရဆဲပါ။ ဟို NUG ကို အားမရလို့ ပေါ်လာတဲ့ NRA အဖွဲ့ဟာ ဘာမှမလုပ်နိုင်တာ အားလုံးမျက်မြင်ကိုယ်တွေ့ပါ။ အချို့ NUG ကို ဝေဖန်ခဲ့တဲ့ local ကို တိုက်ရိုက်လှူတဲ့ မဲဆောက်ကကောင်က သူခိုးအကြီးစားဆိုတာ စရဖသတင်းပေးဆိုတာကိုလဲ ယခုအချိန်မှာ အားလုံးသိသွားပေမယ့် လှူခဲ့တဲ့လူတွေကတော့ သူ့ကိုအိမ်ဝယ်ပေးလိုက်သလိုပါ။ မအလအောက်မှာနေပြီး NUG PRF အတွက် ပိုက်ဆံမရှိ မအလကို အခွန်ဆောင်နေသူကတော့ မအလကို အိမ်ဝယ်ရာမှာ ငွေပါဝင်နေရပြီး မိမိသားသမီး စစ်မှုထမ်းရာကလွတ်ဖို့ နိုင်ငံခြားမှာကျောင်းထားဖို့ ပိုက်ဆံကုန်ပြီး ဒဏ်ခံနေရပါပြီ။
ပြည်သူတိုင်းမှာ ငွေမပေါများတာ လက်ခံပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာပါ။ NUG အနေနဲ့ မိမိရလာတဲ့ငွေကို မိမိဩဇာခံတပ်ကို အဓိကပေးရမှာဖြစ်ပြီး မိမိဩဇာမခံတဲ့ မအလလိုတပ်တွေကို ဆယ်လီဖိအားကြောင့် ဆယ်လီဝန်ကြီးဖိအားကြောင့် သွားပေးခဲ့မိလို့ နဂါးမှာလို ငွေများစွာ ပလုံပြီး လူမိုက်အားပေးဖြစ်သွားတာကို သင်ခန်းစာယူရမှာပါ။ NUG သည် NGO မဟုတ်ဘူးဆိုတာကို သမ္မတကအစ သတိချပ်ပါ။ နိုင်ငံခြားရောက်သူများကတောာ့ ဒေါ်လာ ၂၀ လောက် PRF အတွက် ထောက်ပံ့ဖို့ရှိမှာပါ။ အားလုံးစဉ်းစားပါ။ အားလုံးက NUG ကို PRF ကတဆင့်လှူဒါန်းရင် NUG အားကောင်းပြီး ဒီမိုကရေစီ အားကောင်းမှာဖြစ်သလို အရပ်သားအမိန့်နာခံတဲ့စစ်တပ်ကို မွေးထုတ်ပေးနိုင်ပြီး သမိုင်းလှမှာပါ။ မဟုတ်ရင်တော့ သင့်ငွေဟာ မအလစစ်တပ်လို နောက်စစ်ဘုရင်လေးတွေကို မွေးထုတ်ပေးသလိုသာ ဖြစ်လာပြီး တော်လှန်ရေးကြာအောင် သင်ကိုယ်တိုင်က လုပ်သလိုဖြစ်နေမှာပါ။ PRF ကိုလှူဖို့ရာက ရွေးချယ်မှုမဟုတ်ဘဲ မိမိတာဝန်ဆိုတာကို အားလုံးသိရင် ဒီတော်လှန်ရေးက မအောင်စရာ ဘာမှမရှိပါဘူး။ စာရေးသူအနေနဲ့ ကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးစဉ်းစားနိုင်အောင် ရေးသင့်တာ ရေးလိုက်တာပါ။



Comments