top of page
Search

ငလျင်ဒဏ်နဲ့ ကမ္ဘာ့ပူနွေးမှု

Writer: Myat Tun OoMyat Tun Oo

ငလျင်ဒဏ်နဲ့ ကမ္ဘာ့ပူနွေးမှု

မြန်မာပြည်က ငလျင်ကြောမှာ တည်ရှိပါတယ်။ ဒါကြောင့် ငလျင်လှုပ်ပါတယ်။ ပထဝီသင်ဖူးသူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ အိန္ဒိယပြတ်ရွေ့ကြောင်းနဲ့ စစ်ကိုင်းပြတ်ရွေ့ကြောင်းကြောင့်ပါ။ ဒါကငလျင်လှုပ်ရခြင်းအကြောင်းပါ။

ရေကြီးတာ၊ မိုးခေါင်တာ၊ ရေရှားတာတွေက သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ပါ။ အင်္ဂလိပ်လို climate change လို့ခေါ်ပါတယ်။ ယခင်ကမှ နှစ်တစ်ရာမှာမ တစ်ခါဖြစ်တာတွေက ခတ်စိတ်စိတ်ဖြစ်လာပါတယ်။

ယခုအပတ်အတွင်းမှာ အီတလီက Venice ဗီးနစ် မြို့မှာ ရေကြီးပါတယ်။ ဩစတီးလျက News South Wales နဲ့ Queensland မှာ တောမီးလောင်နေပါတယ်။ အင်္ဂလန်က မြောက်ဖက် ယောက်ရှိင်းယားYorkshire ခရိုင်မှာ ရေကြီးနေပါတယ်။ တချိန်ထဲမှာ အမေရိကန်မှာ အအေးလွန်ပြီး နှင်းကျလို့ လူ ၄ယောက်သေသွားခဲ့ပါတယ်။ နိုဝင်ဘာလဆန်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ တောမီးတွေလောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းလို့ ကျောင်းတွေပိတ်၊ ကိုယ်ပိုင်ကားသုံးခွင့်ကို မဂဏန်း၊ စုံဂဏန်း တစ်ရက်စီ ပိတ်ခဲ့ရပါတယ်။ ဂျပန်မှာလဲ ပြီးခဲ့တဲ့လက မုန်တိုင်းဝင်ခဲ့သလို ငလျင်လဲ လှုပ်လေ့ရှိပါတယ်။

ပြောချင်တာက ငလျင်ကတော့ ပြတ်ရွေ့ကြောင်းအရဖြစ်တာမိုလို့ အဆောက်အအုံခိုင်အောင်ဆောက်တာကလွဲလို့ ဘာမှ လုပ်လို့မရပါ။ ဒါကြောင့် ဒီမိုအစိုးရတက်လာပြီးပြီးချင်း ရန်ကုန်က အိမ်သစ်တွေကိုစည်းကမ်းနဲ့ညီအောင် ကွီးဖြိုးကရပ်ပြီး စစ်ပြီးမှ ဆောက်ခိုင်းဖို့ လုပ်ခဲ့ချိန်က သူ့ကိုဖိအားပေးပြီး စစ်တာကိုဖျက်ခိုင်းခဲ့တာ မှတ်မိကြမှာပါ။ ဒေါက်ခိုင်တို့ ကန့်ကွက်ခဲ့တာလဲ မှတ်မိကြမှာပါ။ ငလျင်ဖြစ်မှထလုပ်လို့မရပါ။ ဒါပေမယ့် အဘလက်ထက်က ဆောက်ခဲ့တဲ့အိမ်တွေကတော့ ဘုရားစာသာ ရွတ်ပါ။နောက်ငလျင်ဟာ ကြိုခန့်မှန်းလို့မရပါ။ ဒီမိုအစိုးရလက်ထက်မှာ ငလျင်တိုင်းတာတဲ့စက်တွေကိုအရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးလုပ်ထားလို့ ကမ္ဘာကျော် Nature လို့ခေါ်တဲ့ သိပ္ပံဆိုင်ရာ မဂ္ဂဇင်းမှာတောင် ရေးပြီး ချီးကျူးထားပါတယ်။ နယူးဇီလန်မှာလဲ ငလျင်ကြောရှိလို့ ငလျင်များစွာလှုပ်တတ်ပါတယ်။ အနည်းဆုံး ပြင်းအား ၆ နဲ့ အထက်ပါ။ ဒါကြောင့်သူ့လွှတ်တော်က အိမ်ဆောက်တဲ့ ဥပဒေကိုတင်းကျပ်စွာပြဌာန်းပြီး အစိုးရက ဥပဒေကို ကြီးကြပ်ပါတယ်။ ဖွတ်ကျော်ဇေယျသိအောင် ပြောပြတာပါ။

အရေးတကြီး ပြောချင်တာက ဒီငလျင်တို့ မိုးရွာ ရေကြီးတာတွေဟာ ဘာသာရေးနဲ့ ဘာမှမဆိုင်ပါ။ငလျင်က နိုင်ငံတည်နေရာ ပြတ်ရွေ့ကြောနဲ့ဆိုင်ပြီး ရေကြီး၊ ရေရှား၊ မိုးခေါင်တာက သင်သစ်ပင်ခုတ်တာ၊ ကားစီးတာ၊ ကမ္ဘာကြီးပူနွေးအောင်လုပ်တာတွေနဲ့သာဆိုင်ပါတယ်။ အဘနှစ် ၅၀ ကျော် သစ်ပင်ခုတ်ခဲ့ပြီး အမက သစ်ပင်ခုတ်တာရပ်ပြီး စိုက်နေပါတယ်။ ကမ္ဘာကြီးမှာ လျှပ်စစ်ဘစ်စကား ကွီးဖြိုးလိုသဘာဝဓာတ်ငွေ့သုံး ဘစ်စကားစီးတာ၊ လျှပ်စစ်ကားစီးတာ၊ ရထားတွေစီးတာ၊ စက်ဘီးစီးတာတွေ၊ပလပ်စတစ်အိပ်လျှော့သုံးပြီး ပြန်သုံးတာ (recycle) လုပ်တာတွေနဲ့ ကမ္ဘာကြီးပူနွေးမှုကို လျော့ကျအောင်လုပ်နေပါတယ်။ ဒါကြောင့် ဟိုကလေးမလေး Greta Thunberg က ဦးဆောင်ပြီး နိုင်ငံရေးခေါင်းဆောင်တွေက ဥပဒေအနေနဲ့လုပ်အောင် လုပ်နေပါတယ်။ မြန်မာပြည်မှာတော့ သူမမပြောခင်ကထဲက ဒီမိုအစိုးရက ၂၀၁၆ ကစလို့ ပိုက်ဆံမရှိတဲ့ကြားက သစ်ခုတ်တာရပ်တာ၊ သစ်ပင်စိုက်တာတွေကိုလုပ်ပြီး ကွီးဖြိုးကလဲ ရန်ကုန်မှာ နောက်ဆောက်တဲ့အိမ်တွေ ငလျင်ဒဏ်ခံနိုင်အောင် ခရိုနီတွေ ကန့်ကွက်တဲ့ကြားက အမြင့်ကြီးကြပ်တာ စည်းကမ်းနဲ့အညီဆောက်ခိုင်းတာတွေလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ကန့်ကွက်လို့ အဘခွင့်ပြုခဲ့တာကို လွှတ်ပေးလိုက်ရတာလဲ ရှိမှာပါ။စစ်အစိုးရလက်ထက် ပြည်သူတွေကို မီးခိုးတိုက်သတ်နေတဲ့ ဘစ်စကားတွေကိုဖယ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့သဘာဝဓာတ်ငွေ့သုံးကားတွေနဲ့ စွဲစေခဲ့တာပါ။

ဒါ့အပြင် အစိုးရကလဲ ယခင်အဘတို့လက်ထက် မပြင်ခဲ့တဲ့ မြို့ပတ်ရထားကို လူတွေပိုသုံးလာအောင်အဆင့်မြှင့်တင်နေပါတယ်။ နောက် ရန်ကုန်-မန္တလေးရထားလမ်းကောင်းလာ မြန်လာရင် ကားနဲ့သွားတာ နည်းလာပါမယ်။ ဒါဆိုမီးခိုးထွက်တာနည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်တာ နည်းလာပါမယ်။

စာဖတ်သူများကို ပြောချင်တာက ရာသီဥတုက မိမိရဲ့ လုပ်ရပ်ကြောင့်ဖြစ်နေတာပါ။ ဘုရားဟောသလိုအကြောင်းကြောင့် အကျိုးဖြစ်တာပါ။ သစ်ပင်စိုက်ရင် အရိပ်ရမှာဖြစ်ပြီး သစ်ပင်ခုတ်ရင်တော့ အရိပ်မရနိုင်ပါ။ ဖွတ်တွေရဲ့ ဘာသာရေးဂျင်းကို မယုံပါနဲ့လို့သာ ပြောလိုပါတယ်။

News Source: BBC,NBC, CNBC, Nature

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page