top of page
Search
  • Writer's pictureMyat Tun Oo

ငရဲသားနှင့် စကားပြောခြင်း


စာရေးသူရဲ့ စာမျက်နှာမှာ စာရေးသူတင်တာကို ဝေဖန်လေ့ရှိကြပါတယ်။ ဒါကသဘာဝပါ။ ဆဲတာတွေမမှန်သတင်းတင်သူတွေ၊ လူမျိုးရေး၊ ဘာသာရေး ရေးသူများကိုတော့ မန့်ပိတ်လိုက်ပါတယ်။

မနေ့က “အဘသားများရန်ဖြစ်ခြင်း” ဆိုတဲ့ ဆောင်းပါးကိုတင်ရာမှာ အကောင့်တုများနဲ့ အာခြောင်သူများကို အများအပြားတွေ့ရပါတယ်။ တပ်နဲ့နွယ်တဲ့ကိစ္စမိုလို့ အဘက ခိုင်းထားသူများ တာဝန်အရဝင်ရေးတာကို တွေ့ရပါတယ်။ အချို့ အဘတ ဖွတ်များလဲ ရှိပါတယ်။ သူကတော့ လူမျိုးရေးဖြစ်အောင် သွေးထိုးနေသူပါ။

ဒါပေမယ့် အကောင့်တစ်ခုကတော့ ထူးဆန်းပါတယ်။ အကောင့်နာမည်က ငရဲသားလို့ ရေးထားပြီး သူ့ရဲ့ profile က တပ်ယူနီဖောင်းနဲ့ နှစ်ပွင့်ပါ။ အချို့ သူပုန်တွေက တပ်နာမည်ပျက်အောင် တပ်ပုံယူသုံးပြီးအစိုးရရော တပ်ကိုပါ ဝေဖန်လေ့ရှိလို့ သူဘယ်သူလဲဆိုတာ သေချာလေ့လာရာမှာ တပ် (သို့) အစစ်အမှန် တပ်လိုလားသူဆိုတာ ထင်ရှားပါတယ်။ ငယ်သေးလို့ လက်ဆော့တဲ့ သဘောပါ။

ဒီနေရာမှာ သူလာရေးတာက ဘင်္ဂါလီတွေကို သမ္မတက လွှတ်ခိုင်းတယ်ဆိုတဲ့ ထိပ်တန်းလျှို့ဝှက်ဆိုတဲ့အမိန့်စာပါ။ အမိန့်စာဟာ မြို့နယ်၊ တိုင်းတွေကို ရည်ညွှန်းတာမပါဘဲ အမြဲတန်းအတွင်းဝန်ကသာလက်မှတ်ထိုးထားတာပါ။ ပထမမေးခွန်းက ဒီစာဟာ အတုလား၊ အစစ်လားဆိုတာပါ။ အတုဆိုရင်လဲငရဲသားဟာ အတုကို ဖွမှုနဲ့ နိုင်ငံတော်က အရေးယူသင့်ပါတယ်။

နောက်မေးခွန်းက အစစ်လားဆိုတာပါ။ အစစ်ဆိုရင် ဒီစာရွက်က ဘယ်ကရလဲဆိုတာနဲ့ သူစစ်ယူနီဖောင်း ဝတ်ထားတာက ဆက်စပ်နေတာပါ။ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတာကထိပ်တန်းလျှို့ဝှက်လို့ မတတ်ထားတာကို လိုက်ရင်း နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ အဖမ်းခံရတာပါ။ ယခုဟာက လျှို့ဝှက်ဆိုတာကို လိုင်းပေါ်တင်တာပါ။ တမင်ဖောက်ဖျက်နေတာပါ။

အရေးယူ မယူကတော့ နိုင်ငံတော်ကသာ ဆုံးဖြတ်ရမှာပါ။ ယခုငရဲသားက သူ့ပုံကို တင်ထားလို့ တပ်ထဲမှာ အလွယ်တကူ ရှာရလွယ်မှာပါ။ ငရဲသားမိုလို့ ငရဲမကြောက်တာလား ဒါမှမဟုတ် အဘကြီးက ခိုင်းလို့ ပိုင်လို့ လုပ်တာလား၊ ငယ်သေးလို့ မိုက်လို့ လုပ်တာလားတော့ သူသာ သိမှာပါ။

251 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comments


bottom of page