top of page
Search

ငဗစ်မှဖြစ်လာနိုင်သော စီးပွါးရေးအခက်အခဲနှင့် အခွင့်အရေးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 30, 2020
  • 2 min read

ကမ္ဘာပေါ်မှာ ဒီကပ်ရောဂါကြောင့်နိုင်ငံတိုင်းမှာ စီးပွါးရေးပြဿနာ ကြုံနေရပါတယ်။ ဒီငဗစ်က မြန်မာပြည်ကို ဘာတွေ ကောင်းကျိုး ဆိုးကျိုးတွေရှိနိုင်လဲ လေ့လာကြည့်ရအောင်။

ဒီငဗစ်ဖြစ်ပြီး အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေဟာ ၁၀ သန်းအထိ တိုးလာတယ်လို့ ဆိုထားပါတယ်။ဒါက ဧပြီလဆန်းက ဂဏန်းပါ။ ယခုအချိန်မှာ ပိုတိုးလာနိုင်ပါတယ်။ ယူကေကတော့ နောက်လူ ၁.၂သန်းက အစိုးရထံက ထောက်ပံ့ကြေးတောင်းတယ်လို့ဆိုပါတယ်။ သူ့မှာ ထောက်ပံ့ကြေးယူသူစုစုပေါင်း ၃.၅ သန်းရှိသွားပါပြီ။

ယခုလို ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့တွေများလာလို့ စီးပွါးရေးပျက်နေချိန်မှာ မြန်မာပြည်ကိုလဲ မထိခိုက်ဖူးလို့ပြောရန် မဖြစ်နိုင်ပါ။ ထိခိုက်မှာပါ။

မြန်မာပြည်ရဲ့ အထည်ချုပ်ကဏ္ဍ၊ နိုင်ငံခြားကိုပို့တဲ့ ပစ္စည်းကဏ္ဍ၊ ခရီးသွားကဏ္ဍတွေဟာ အနည်းနဲ့အများထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ယခင်က ပြည်ပကို သွားအလုပ်လုပ်နေသူတွေဟာ ထိုင်းနဲ့ မလေးရှားမှာ အလုပ်မရှိလို့ ပြန်လာနိုင်ပါတယ်။ အဲ့ဒီကနေ အလုပ်လက်မဲ့ဦးရေ တိုးလာနိုင်ပါတယ်။

ဒါဆို အားလုံးက မကောင်းသတင်းလားဆိုတော့ မဟုတ်ပါဘူး။

အထည်ချုပ်

ပထမဆုံး အထည်ချုပ်ကဏ္ဍကို လေ့လာကြည့်ရအောင်။ ဒီကဏ္ဍက ဖွင့်ဖြိုးခဲ့သလို အလုပ်သမားအဖွဲ့တွေရဲ့ ဆူပူအောင် လှုံ့ဆော်ခြင်းခံရတဲ့နေရာလဲ ဖြစ်ပါတယ်။ နောက်ပြီး ဘင်္ဂါလီကိစ္စအပြီးမှာ အီးယူက ဘင်္ဂါလီကို သူတို့တောင်းဆိုတဲ့အတိုင်း ပြန်လက်မခံရင် လူ့အခွင့်အရေးနဲ့နွယ်ပြီး အထူးအခွင့်အရေးကို အချိန်မရွေးပြန်ရုတ်သိမ်းနိုင်လို့ အစိုးရအနေနဲ့ ဒုက္ခရောက်နိုင်တဲ့ ကဏ္ဍပါ။ Vulnerable sector ပါ။ အစိုးရကလဲ လောလောဆယ် ခြေဥပြင်နိုင်ဖို့ မရှိသေးပါ။

ယခုဥရောပမှာ အပြင်မထွက်ရတာနဲ့ စီးပွါးရေးကျတာပေါင်းလို့ ဒီကဏ္ဍဟာ သူကစီးပွါးရေးမပိတ်ရင်တောင် သူ့ဖာသာ ကျဆင်းသွားမှာပါ။ ဒီကဏ္ဍဟာ အချိန်မရွေး အစိုးရကို ဒုက္ခပေးနိုင်နေပါတယ်။ယခုကိုဗစ်က အီးယူရဲ့ ခြိမ်းခြောက်နိုင်တဲ့ economic leverage ကို ဖျက်သွားတယ်လို့ ယူဆပါတယ်။ယခုအီးယူကမဝယ်နိုင်လို့ အထည်ချုပ်စက်ရုံတွေဟာ အနည်းနဲ့ အများပိတ်ရမှာပါ။ ဒါကအရှိတရားပါ။ ဒီက အလုပ်လက်မဲ့တွေကို ဘာအလုပ်ပေးမလဲဆိုတော့ အခြား ကဏ္ဍတွေက ဝင်ယူနိုင်ပါမယ်။အစိုးရအနေနဲ့ ဘင်္ဂါလီကြောင့် အကျပ်ကိုင်မခံရဘဲ ကိုဗစ်နဲ့ရှင်းရတာ နာမည်ပိုကောင်းပါတယ်။ အဆိုးထဲက အကောင်းပါ။

ခရီးသွားကဏ္ဍ

မြန်မပြည်ကို ဘင်္ဂါလီကိစ္စအပြီး ၂၀၁၇ အလွန် ၂၀၁၈ အလယ်လောက်ထဲက ဥရောပနဲ့ အမေရိကန်ကလာတဲ့ ခရီးသည်ဦးရေဟာ ကျဆင်းသွားခဲ့ပါတယ်။ မြန်မာရဲ့ ခရီးသွားလုပ်ငန်းက ဝင်ငွေဟာ ဒေါ်လာ၅ ဘီလီယံသာရှိပြီး မြန်မာ့စီးပွါးရေးရဲ့ ၆.၈% သာရှိပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းက တရုတ်နဲ့ အာရှခရီးသွားများ၊ တိုင်းပြည်ထဲက ဘုရားဖူးများကို မှီခိုထားတာပါ။ စာရေးသူတို့တိုင်းပြည်ထဲမှာကကုလားပြီးရင် တရုတ်ကိုမုန်းကြပါတယ်။ ဒါပေမယ့် ယခုကိန်းဂဏန်းတွေက တခြားဘက်ကို ပြနေတာပါ။ ဒါကို ထိုင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ထိုင်းရဲ့ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာ ဒေါ်လာ ၁၀၉.၅ ဘီလီယံဖြစ်ပြီး သူ့စီးပွါးရေးရဲ့ ၂၁.၆% ပါ။ သူက အနောက်တိုင်းခရီးသွားကို အဓိကမှီခိုပါတယ်။

ယခုငဗစ်ဖြစ်တော့ ခရီးသွားလုပ်ငန်းဟာ ထိုင်းနဲ့အတူ မြန်မာကိုလဲ ထိခိုက်နိုင်ပါတယ်။ ဒါဟာငြင်းမရတဲ့အချက်ပါ။ ဒါပေမယ့် မြန်မာဟာ နဂိုကထဲက ထိုင်းလို အနောက်နိုင်ငံကို မမှီခိုလို့ ထိခိုက်မှုနည်းပါမယ်။ မြန်မာကိုအလာများတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်က အနောက်ဥရောပလောက် စီးပွါးရေးမထိခိုက်ပါ။ သူတို့ဟာ ရေတိုမှာ ငဗစ်ကြောင့် လာမလည်နိုင်ပေမယ့် အနောက်တိုင်းကထက် ပြန်လည်နိုင်မှာပါ။

စိုက်ပျိုးရေး

လူတိုင်းဟာ ကပ်ရောဂါဖြစ်နေလဲ ထမင်းစားနေရပါတယ်။ မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အဓိကထားနေရပါတယ်။ အာဆီယံမှာ အင်ဒိုနီးရှားက ၃၅.၇%၊ ဗီယက်နန်က ၂၀,၅%၊ ထိုင်းက ၁၂.၂%၊ မြန်မာက ၁၀.၇% စိုက်ပျိုးရေးအပေါ်မှီတည်နေပါတယ်။

ကိုဗစ်က ခပ်ခွါခွါနေရတာသာရှိလို့ စိုက်ပျိုးရေးကို တိုက်ရိုက်မထိခိုက်ပါ။

ဒီနေရာမှာ ကိုဗစ်ကပေးလာနိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။ ဥပမာ ထိုင်း၊ မလေး၊ စင်ကာပူကပြန်လာသူတွေမှာ အတွေ့အကြုံများစွာ ပါလာနိုင်ပါတယ်။ သူတို့က ဟိုကစိုက်ပျိုးနည်းပညာတွေအတွေ့အကြုံတွေကို သယ်လာနိုင်ပါတယ်။ ဥပမာ စက်နဲ့ထွန်ယက်စိုက်ပျိုးတာမျိုးပေါ့။ မြန်မာပြည်မှာက စိုက်နိုင်တဲ့မြေပေါများပါတယ်။ နောက်အထည်ချုပ်က အလုပ်လက်မဲ့ ဖြစ်သူများဟာလဲစိုက်ပျိုးရေးကဏ္ဍကို ကူးပြောင်းလာနိုင်ပါတယ်။ ဥပမာ လက်နဲ့စိုက်ပျိုးရာကနေ စက်ပြောင်းတာမျိုးပေါ့။ ဒါဆိုသူတို့ဟာလဲ လယ်ယာကဏ္ဍကို စိတ်ဝင်စားလာနိုင်ပါတယ်။ ယခုတောင် အိန္ဒိယက မတ်ပဲပြန်ဝယ်ဖို့ဘာညာ လုပ်နေပါပြီ။ လူတွေဟာ ကပ်ရောဂါဖြစ်ချိန်မှာ အင်္ကျီအသစ်မဝယ်၊ ကားအသစ်မစီးဘဲ နေနိုင်ပေမယ့် ဘာမှမစားဘဲ နေလို့မရပါ။ စိုက်ပျိုးကုန်တွေကို တရုတ်၊ စင်ကာပူနဲ့ အခြားနိုင်ငံတွေကို ရေတိုမှာ ဘယ်လိုတရားဝင်ပို့မလဲ နည်းလမ်းရှာရပါမယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကဘဲ DASSK ရဲ့ အစိုးရက ကိုဗစ်မှာလိုအပ်တဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကူညီဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာပါဝင်တဲ့ “COVID-19 Economic Relief Plan” ကိုဗစ်အတွက်စီးပွါးရေးကူညီမှု အစီအစဉ်ကို ကြေညာလိုက်ပါပြီ။

ဒီလိုအစီအမံကောင်းလို့ အာရှဘဏ် Asia Development Bank က မြန်မာပြည်ရဲ့ တိုးတက်မှုနှုန်းဟာ၆.၈% ကနေ ကိုဗစ်ကြောင့် ၄.၂% ကို ကျသွားနိုင်ပေမယ့် အနောက်အုပ်စုအပေါ် အဓိကမှီခိုနေရတဲ့အရှေ့တောင်အာရှတိုင်းပြည်တွေလောက် မဆိုးတာ တွေ့ရပါတယ်။

ကိုဗစ်ကြောင့် ကမ္ဘာကြီးမှာ ပူနွေးတာတွေ ကျသွားခဲ့သလို သစ်ခိုးထုတ်တာ၊ ကျောက်တူးတာတွေနည်းသွားလို့ ချင်းတွင်းမြစ်ကြီးတောင် ပြန်ကြည်လင်လာခဲ့ပါပြီ။

စာရေးသူတို့ ကြိုးစားရမှာက ကိုဗစ်ကနေဖြစ်တဲ့ ဆိုးကျိုးနည်းပြီး ကောင်းကျိုးများအောင် ပြောင်းယူဖို့ပါ။ ‘Every cloud has a silver lining’ ဆိုတဲ့ အင်္ဂလိပ်စကားအတိုင်း ပြဿနာကနေ အကျိုးရှိအောင်ပြောင်းလဲနိုင်တာဟာ DASSK ရဲ့ အရည်အချင်းပါ။ သူမရဲ့ ပါတီမှာလဲ နိုင်ငံရေးအရည်အသွေးရှိတဲ့သမ္မတကြီးတို့၊ ဒေါက်ဇော်တို့၊ ကွီးဖြိုးတို့၊ ဆရာအောင်မိုးညိုတို့ရှိပါတယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေမှာပါ။ သူမက ပြည်သူတွေနဲ့ ထိတွေ့နေလို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Credit: ASEAN.org, ABC News, ADB, The Telegraph, MOI

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page