top of page
Search
  • Writer's pictureMyat Tun Oo

ငပိန်းဖွတ်များအတွက် ပြည်တွင်း ကြွေးရှင်းတမ်း


စာရေးသူက ပြည်ပကြွေးမြီတွေအကြောင်းကို ရှင်းပြခဲ့ပြီးပါပြီ။ အကျဉ်းချုပ်က အဘတို့တွေဟာတိုင်းပြည်ပိုက်ဆံကို ဘယ်လိုချေးပြီး ဖြုန်းသွားတယ်ဆိုတာ စာဖတ်သူများသိလောက်ပါပြီ။

ဒီအချိန်မှာဘဲ အဘသားများ၊ ဖွတ်များ၊ မဘသများက ပြည်တွင်းကြွေးလေးတွေကို ချပြပြီး ၁၉၈၈ မတိုင်ခင်က ပြည်တွင်းကြွေးမရှိဘဲ နောက်ပိုင်းမှာ ရှိလာပြီး NLD အစိုးရလက်ထက်မှာမ များလာကြောင်း ထောက်ပြကြပါတယ်။ ဒါကအမှန်လား? လေ့လာရအောင်။

ပြည်ပ ချေးငွေက နိုင်ငံခြားကပစ္စည်းဝယ်ဖို့ နိုင်ငံခြားငွေနဲ့ ရှင်းပေးရမှာမိုလို့ ပြည်ပက ကြွေးယူရတာပါ။ နေဝင်းကအာဏာသိမ်းပြီးအစပိုင်းမှာ မြန်မာပြည်က ချမ်းသာနေသေးလို့ ချေးစရာသိပ်မလိုပါ။စစ်တပ်ကအာဏာသိမ်းပြီး အောင်ကြီးတို့ မောင်မောင်တို့ စိန်ဝင်းတို့ စန်းယုတို့ ဘာမှမလုပ်တတ်လို့တိုင်းပြည်က ဆင်းရဲသွားတာပါ။ ၁၉၈၈ မတိုင်ခင်က မြန်မာကို အနောက်က စီးပွါးရေး မပိတ်ဆို့ထားပါ။ သူတို့စီမံခန့်ခွဲမှု အသုံးမကျလို့ တိုင်းပြည်မွဲသွားခဲ့တာပါ။ ဘောလုံးစကားနဲ့ဆို ကိုယ့်ဂိုးကို သွင်းတာပေါ့။


ပြည်တွင်းကြွေးဆိုတာက ဝန်ထမ်းတွေပေးဖို့နဲ့ အခြားပြည်တွင်းမှာ ကျပ််ငွေနဲ့ သုံးဖို့ပါ။ ဥပမာ အစိုးရက ကျပ်သိန်း ၅၀ ဝင်တယ်ဆိုပါစို့။ ပေးရမှာက ကျပ်သိန်း ၁၀၀။ ဒါဆိုရင် သာမန်လူဆိုရင်သူငယ်ချင်းထံက သိန်း ၅၀ ချေးရပါမယ်။ မချေးချင်ရင် အစိုးရက ငွေစက္ကူရိုက်ထုတ်ရပါတယ်။ ဒါဆိုရင် ငွေဖောင်းပွလာပါတယ်။ ဒါကိုဖြေရှင်းဖို့ နေဝင်းဟာ ၁၉၈၄ နောက်ပိုင်း ငွေစက္ကူတွေကို ပထမရိုက်ထုတ်ရာကနေ ၂၅ကျပ်၊ ၃၅ ကျပ်နဲ့ ၇၅ ကျပ်တန်တွေကို တရားမဝင်ကြေညာပါတယ်။ ဒါရဲ့နောက်ဆက်တွဲက ၈၈ အရေးအခင်းနဲ့ ဆုံးသွားတာပါ။ ဒါကြောင့် ငတုံးတွေကို ပြောချင်တာက နေဝင်းလက်ထက်မှာ ကြွေးမရှိတာမဟုတ်ဘဲ လူတွေထံက ပြန်မချေးဘဲ ငွေစက္ကူတွေကို တရားမဝင်ကြေညာပြီး ဓားပြတိုက်သွားတာပါ။ လူပါးဝသွားတာပါ။



ဒါဆိုရင် ၁၉၈၈ နောက်ပိုင်းရော ဘာလို့ ပြည်တွင်းကြွေးနည်းတာလဲ။ ယခင်ကပြောခဲ့သလိုပါဘဲပိုက်ဆံအစိုးရဝင်ငွေက ကျပ်သိန်း ၅၀၊ သုံးငွေက ကျပ် သိန်း ၁၀၀ ဆိုရင် ကျန်သိန်း ၅၀ ကိုချေးရပါမယ်။ ဘရွှေက ဘာလုပ်သွားလဲဆိုတော့ ပိုက်ဆံတွေကို ရိုက်ထုတ်သွားတာပါ။ သူရိုက်သွားတဲ့ ပိုက်ဆံတွေဟာ ၄၅ ကျပ်၊ ၉၀ ကျပ်ကနေ နောက်ပိုင်း ၁၀၀၊ ၂၀၀၊ ၅၀၀ ကျပ်နဲ့ ၁၉၉၈ မှာ ၁၀၀၀ ကျပ် ၂၀၀၄မှာ နောက်ထပ် ၁၀၀၀ ကျပ်နဲ့ ၂၀၀၉ မှာ ၅၀၀၀ ကျပ်တန်တွေပါ။ ဒါရဲ့ အကျိုးဆက်က နေဝင်းလက်ထက် ကျပ် ၄၅၀ ရတဲ့ အရာရှိငယ်လစာက ယခုဆို ၄ သိန်းခွဲ အထိ ငွေကြေးဖောင်းပွသွားတာပါ။ဒီဥပမာကို မျက်စိထဲမမြင်သေးရင် ယခုဇင်ဘာဘွေမှာ မူဂါဘီလက်ထက် သူ့ငွေစက္ကူအသေးသုံးကဇင်ဘာဘွေဒေါ်လာတစ်သန်းပါ။ ပေါင်မုန့်တစ်လုံးက သူ့ဒေါ်လာ ၁၀ သန်းပါ။ နောက်ဆုံးသူ့ငွေမသုံးဘဲနဲ့ အမေရိကန်ဒေါ်လာ ပြောင်းသုံးရတဲ့အထိ သူ့တိုင်းပြည်မှာ ဖြစ်ခဲ့တာပါ။



NLD လက်ထက်မှာက စစ်တပ်ကဘတ်ဂျက်မှာ တပ်ပြေးတွေ၊ သေသူတွေပါ ဖွဲ့စည်းပုံမှာ ပါနေပြီးဘတ်ဂျက်တောင်းသလို ယခင်က မလိုဘဲ ခန့်ခဲ့တဲ့ ဝန်ထမ်းတွေ ဥပမာ နှစ်သီးစားတွေရဲ့ လခတွေပင်စင်တွေ ရပိုင်ခွင့်တွေကို ကျပ်ငွေနဲ့ပေးရပါတယ်။ DASSK အစိုးရမှ ယခင်စီမံဘဏ္ဍာဝန်ကြီးရောယခုဝန်ကြီးပါ တာဝန်သိပါတယ်။ ငွေကြေးဖောင်းပွမှုမကြီးအောင် အများကြီးငွေရိုက်မထုတ်တော့ဘဲအစိုးရငွေတိုက်စာချုပ် Government Bond ရောင်းပြီး ပြည်သူ့ထံက ပြန်ချေးတဲ့စနစ်ကိုသုံးကြပါတယ်။ဒါက အမေရိကန်မှာလဲရောင်းပြီး အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ အီတလီရဲ့ ငွေတိုက်စာချုပ်များကိုတရုတ်အစိုးရနဲ့ အခြားကုမ္ပဏီတွေက ဝယ်ထားကြပါတယ်။


အကျဉ်းချုပ်ရရင် DASSK ရဲ့ အစိုးရဟာ ကိုဗစ်ကိုင်တွယ်ရာမှာတင် တော်တာမဟုတ်ဘဲ ငွေကြေးတွေကို တာဝန်ရှိတာ fiscal responsibility ရှိတာ တွေ့ရပါတယ်။ သူမအစိုးရဟာ နေဝင်းလို တိုင်းပြည်ကိုချမ်းသာတာကနေ ဆင်းရဲအောက်လုပ်သူမဟုတ်ပါ။ နောက်ဘရွှေလို ဆင်းရဲတာကနေ သူများကျွန်ဖြစ်ပြီး ပိုက်လိုင်းမြေရောင်းရတဲ့အထိ လုပ်သူလဲမဟုတ်ပါ။

ဒီ NLD အစိုးရဟာ နေဝင်းလို ပြည်သူကို ဓားပြမတိုက်ဘဲ ဘရွှေတို့လို ပြည်သူ့မြေနဲ့ ပစ္စည်းဥစ္စာကိုသိမ်းသူလဲမဟုတ်ပါ။

တာဝန်သိစွာ ပြည်သူ့ထဲကချေးယူပြီး ပြည်သူကို မြေပြန်ပေးတဲ့ အစိုးရပါလို့ပြောပါရစေ။

ယခုလောက်ဆိုရင်တော့ ပြည်တွင်းကြွေးကိစ္စရော ဘယ်သူက ပြည်သူကို ဓားမြတိုက်တယ် ဘယ်သူကပြည်သူကိုသတ် မြေသိမ်းတယ် ဘယ်သူကပြည်သူကိုထောက်ပံ့တယ် အသက်ကြီးသူတွေကိုထောက်ပံ့တယ် မြေပြန်ပေးတယ်ဆိုတာ သိမယ်ထင်ပါတယ်။

မြေသိမ်းခံ ဓားမြတိုက်ခံရတာကို လွမ်းရင်တော့ အဘကိုမဲပေးပါ။ အဘကလဲ လွမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်။

908 views1 comment
bottom of page