top of page
Search

ငတုံးကျော်ဇေယျနှင့် ဘောမအဖွဲ့သိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 18, 2021
  • 1 min read

စာရေးသူ ကျော်ဇေယျက ကွီးဖြိုးဝေဖန်ကထဲက ဒလန် သူခိုးဆိုတာ ရေးပြ ပြောပြခဲ့ပြီးပါပြီ။ ထိုအချိန်က NLD အချို့ကတောင် စာရေးသူက သူ့မကောင်းကြောင်းရေးရင် မကြိုက်ကြပါ။ သူကထောက်ပြတယ်ပေါ့။ ဟဟပါဘဲ။ ဒီလူကဘာဆိုတာ လူအများစု ယခုအချိန်မှာသိလောက်ပါပြီ။ သူရေးတာ ပြောနေတာက ထောက်ပြတာထက် PDF ကို ဘယ်လိုတိုက် ဘာညာပြောနေလို့ သူဟာ စစ်ခွေးအကြီးစား သူခိုးအကြီးစားဆိုတာ ဒီမိုများ ယုံလောက်မယ်ထင်ပါတယ်။

ယခုရေးလိုတာက ဒီငတုံးသူခိုး ကျော်ဇေယျရယ်၊ ဘူးလက်ရယ်၊ မင်းကင်းရယ်နဲ့ ဘောမအချို့ ပြောလေ့ရှိတဲ့ ဗကပကို တိုက်သလို ဖြတ်လေးဖြတ်တိုက်လိုက်ပါ ဘာညာကို ဒီငတုံးတွေအတွက် နားလည်အောင် ရေးပြပါမယ်။ သူတို့ရေးတာက မအလကရှုံးနေတယ်။ ဒါက မအလက ညှာနေလို့ ဒါ့ကြောင့် နေဝင်းလက်ထက်က ဗကပတိုက်သလို ဖြတ်လေးဖြတ်လုပ် ယခုထက် လူတွေကိုပိုသတ်၊ ပိုကြမ်းပြဖို့လူမိုက်အားပေး လုပ်နေ ရေးနေတာပါ။ ဒီအကြောင်းလေးတွေကို ငတုံးကျော်ဇေယျနဲ့အဖွဲ့များနားလည်အောင် ရှင်းပါ့မယ်။ ကျော်ဇေယျကို ဘာလုပ်ရမလဲ၊ ဘူလတ်ကို ဘာလုပ်ရမလဲ၊ မောင်မြင့်ကို ဘာလုပ်ရမလဲဆိုတာကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

စစ်ပွဲတွေဆိုတာ အယူဝါဒအရ၊ ဘာသာ၊ လူမျိုးအရဆိုပြီး အမျိုးမျိုးဖြစ်လာတာပါ။ ဒုတိယကမ္ဘာစစ်မှာ နာဇီ၊ ဖက်ဆစ်နဲ့ ဒီမိုအုပ်စုတွေဖြစ်ကြတာပါ။ နောက်ပိုင်း ကွန်မြူနစ်နဲ့ အခြားအုပ်စုပေါ့။

ဗကပဟာ သူ့ရဲ့ဝါဒနဲ့ ဖြစ်ပေါ်လာပြီးတိုက်ပါတယ်။ သူနဲ့ဆန့်ကျင်ဖက်က အစပိုင်းမှာ ဖဆပလ ဦးနုဒီမိုအစိုးရပါ။ နောက်ထိုအချိန်က အမေရိကန်က ကွန်မြူနစ်မကြိုက်ဘူး။ ကွန်မြူနစ်ကိုတိုက်ရင်အာဏာရှင်တက်လဲ အမေရိကန်က အိုကေတယ်။ ထိုအချိန်က တောင်ကိုရီးယား၊ အင်ဒိုနီးရှားကစစ်ဗိုလ်အာဏာရှင်တွေက ကွန်မြူနစ်ဆန့်ကျင်တယ်။ နေဝင်းစတိုက်ချိန်မှာ သူက ဒီမိုဦးနုအစိုးရအောက်။ ဒါ့ကြောင့် တပ်နောက်မှာ ပြည်သူရှိခဲ့တယ်။ ကူမင်တန်ကို တိုက်ချိန်ကလဲ ထို့အတူဘဲ။နောက်ပိုင်း ၁၉၆၂ အပြီးမှာလဲ နေဝင်းက ကွန်မြူနစ်တိုက်မယ်ဆိုလို့ အမေရိကန်က နေဝင်းကို အိမ်ဖြူတော်တောင် ခေါ်တွေ့ခဲ့သေးတယ်။


ယခုက ၂၀၂၁။ ကွန်မြူနစ်ခေတ်မရှိဘူး။ ကွန်မြူနစ်ထက်ဆိုးတဲ့ ဖက်ဆစ်မအလဘဲရှိတယ်။ ပြည်သူက NLD ကိုထောက်ခံတယ်။ မဲပေးခဲ့လို့ NLD က မဲအပြတ်နိုင်ခဲ့တာ။ မအလလို တပ်ထဲမှာ မဲခိုးတဲ့ကြားက ရှုံးတာမဟုတ်ဘူး။ ကမ္ဘာကြီးမှာလဲ ကွန်မြူနစ်က ခေတ်မစားတော့ဘူး။ ဒါ့ကြောင့်ခေတ်ကပြောင်းသွားပြီ။

ဒုတိယ မအလကိုဆန့်ကျင်တာက တစ်တိုင်းပြည်လုံး။ ဖက်ဆစ်တပ်ဘက်မှာ ဘယ်သူမှမရှိဘူး။ သူ့လက်အောက်က တပ်သားတိုင်းတောင် သူ့ကိုမထောက်ခံဘူး။ ဗကပကိုတိုက်သလို ပြည်သူကိုအခြေပြုတိုက်လို့မရဘူး။ ပြည်သူက NLD ဘက်မှာ။ မအလကသာ ဗကပဖြစ်နေတာ။ နောက် ဗကပတုန်းက ဘုရားရွှေခွါမယ်ဆိုပြီး နေဝင်းက ဝါဒဖြန့်နိုင်ခဲ့တယ်။ ယခုဘုရားရွှေခွါ အလှူခံပုံးဖောက်တာက မအလစစ်တပ်ကဖြစ်နေတာ တိုင်းပြည်ထဲမှာ လူတိုင်းသိတယ်။ ရွှေတိဂုံဘုရားက မအလက ရွှေခွါတာလဲ လူတိုင်းသိတယ်။

တတိယက လက်ရှိဖက်ဆစ်မအလတပ်ဟာ စစ်ရာဇဝတ်မှုမျိုးစုံကျူးလွန်ပြီး နေဝင်းထက်ဆိုးတဲ့ ဖြတ်လေးဖြတ်ကို လုပ်နေတာပါ။ ဖြတ်စရာ မကျန်တော့ပါ။ စစ်ကိုင်းမှာရော မြန်မာတစ်ပြည်လုံးမှာပါ NLD အမတ်တွေကို မမိရင် မိသားစုလိုက်ဖမ်းနေတာ အားလုံးအသိ။ နေဝင်းလက်ထက်ကတောင် မဖမ်းဘူး။ ဒါကို ငတုံးများက ဖြတ်လေးဖြတ်လုပ်တိုင်း နိုင်မယ်ထင်နေတာက ရူးနေလို့ပါ။ သူဖြတ်လေးဖြတ်လုပ်တိုင်း ပစ်လိုက်တိုင်း ပန်းသီးလိုလူမျိုးတွေ တိုးလာတာနေတာ အားလုံးအသိ။ စစ်ကိုင်းမှာချင်းမှာ လူမတွေ့ မိသားစုသတ်တယ်။ ဟိုက မကြောက်သွားဘဲ မိသားစုလိုက်သေသွားတာတောင်ကျန်သူက အသေခံချဖို့ PDF ထဲ ဝင်သွားတယ်။ ယခုအချိန် PDF က စရဖသတင်းပို့မှုမှာတောင် သုံးသောင်းအနည်းဆုံး စစ်သင်တန်းဆင်းသွားပြီ။ ဒါက မင်းတပ်၊ စစ်ကိုင်းနဲ့ ကယားက သူ့ဖာသာတိုက်နေသူမပါသေးဘူး။ တပ်က သုံးသိန်းရှိတာဆိုရင် ဆေးလှုပ်သောက်။ ယခုသုံးသောင်းက စစ်သင်တန်းတက်ထားတဲ့ကောင်တွေ။ ၂၀၂၁ ဖေဖော်ဝါရီအထိ NLD မှာ DASSK မှာ တပ်မရှိဘူး။ ယခု PDF က ဝတပ်နီးပါးရှိနေပြီ။ တကယ်က ပြည်သူအားလုံးက PDF ဘဲ။ လက်နက်ရတာနဲ့ ဆော်ဖို့စောင့်နေတာ။တပ်ထဲက သုံးသိန်းကလဲ အဘနားက ဘောမတွေကလွဲရင် ဘယ်သူမှ အသေခံမတိုက်ဖူး။ NUG မှာသာ အမြောက်ရှိရင် အာဖဂန်ကျတာထက်တောင် မြန်သွားမယ်။

ငတုံးစစ်ခွေးကျော်ဇေယျကို ပြောချင်တာက သတ္တိရှိရင် ခိုင်ဝါ့နားမနေဘဲ ထွက်တိုက်ကြည့်ပါ။စစ်တပ်ထဲပြန်ဝင်လိုက်ပါ။ ဘူးလတ်နဲ့ မောင်မြင့်လဲ တပ်ထဲသာ ပြန်ဝင်တိုက်လိုက်ပါ။ သတ္တိရှိရင်ပေါ့။လေထဲကအာမခြောင်နေပါနဲ့။ မင်းတို့မတိုက်လဲ မင်းတို့ကို ပြည်သူတွေက တရားစီရင်ပါလိမ့်မယ်။ရင်ကြားစေ့ရေးက ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Aug 21, 2021

လက်နက်ကိုင်တဲ့အထဲမှာ မြန်မာလူမျိုးက နောက်ဆုံးနဲ့အများဆုံးဖြစ်လာမှာပါ။ မအလ တွေဇာတ်သိမ်းဖို့မကြာတော့ပါဘူး။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page