top of page
Search

ဂျပန်ရောက် မြန်မာများမှ နွေထွေးသော ကြိုဆိုမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 20, 2019
  • 1 min read

ဂျပန်ရောက် မြန်မာများမှ နွေထွေးသော ကြိုဆိုမှု

အမေစု ဂျပန်သွားမယ်ဆိုပြီး သတင်းထွက်လာတယ်။ ဘပုကလဲ ဂျပန်သွားတယ်။ ဘယ်သူကမှ သူ့ကိုအဖက်လုပ်ပြီးသွားမကြိုဘူး။ နိုင်ငံတော်အခမ်းအနားနဲ့မကြိုတာကတော့ သူ့အဆင့်က နိုင်ငံတကာမှာညွှန်ချုပ်အဆင့်မိုလို့ရယ် ဂျပန့်တပ်မတော်ကလဲ ကာကွယ်ရေးတပ်အနေနဲ့သာလုပ်ထားလို့ သူ့ကိုတပ်အနေနဲ့လဲ မကြိုလိုက်ဖူး။ သူက ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ သွားတွေ့တယ်။ ဟိုလူက ယခင်ကနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာပြည်လာဖူးလို့ သူ့အကြောင်းကို သိတယ်။

ဒီနေရာမှာ ဂျပန်ရောက် ဓတ်ခဲနောက်လိုက်နဲ့ ကိုအေးမောင်နောက်လိုက်များက ဆန္ဒပြမယ်ထလုပ်တယ်။ သူတို့က ရောက်နေတဲ့ အဘ၊ သူ့တပ်တွေကို လက်ရှိခြေဥအရ တာဝန်ရှိသူကိုတော့ ပြမယ်လို့မပြောဘူး။ ဒီအချိန်မှာဘဲ DASSK ကို လူမပြောနဲ့ ခွေးကထဟောင်ရင်တောင် သတင်းထုတ်လွှင့်ချိန်တဲ့ပြည်ပဩဇာခံ မီဒီယာများကလဲ အင်တာဗျူးတင်ပေါ့။

လူ့သဘောအရ တိုင်းရင်းသားဖြစ်ဖြစ် ဘယ်လူဖြစ်ဖြစ် ကောင်းသူ ဆိုးသူရှိပါတယ်။ အချို့ကနိုင်ငံခြားမှာနေ DASSK မကောင်းကြောင်းပြောသူရှိသလို အကောင်းပြောပြီး ပူးပေါင်းဆောင်ရွက်သူတိုင်းရင်းသားတွေလဲရှိပါတယ်။ ဒီမိုစနစ်မှာ လူကိုဖြစ်ဖြစ် စနစ်ကိုဖြစ်ဖြစ် ကြိုက်သူ မကြိုက်သူရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာက ဒေါ်အောင်ဆန်းစုကြည်က ဓမ္မကို ကိုယ်စားပြုနေလို့ သူ့ကိုဆန့်ကျင်သူဟာ အဓမ္မထောက်ခံသူ ဖြစ်သွားတာပါ။

မနေ့ကတော့ DASSK ကို ဂျပန်မှာ ပြည်သူတွေက လာကြိုပြီး တင်တဲ့ ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတာအင်မတန်မှာ ပီတိဖြစ်မိပါတယ်။ ဘပုလာချိန်မှာ အဖက်မလုပ်ခဲ့တဲ့ မြန်မာတိုင်းရင်းသား ညီအစ်ကိုများဟာ ရိုးရာဝတ်စုံကိုဝတ်ပြီး ၃-၄ နာရီဝေးတဲ့နေရာကနေ DASSK ကို တွေ့ရဖို့ လာကြတာဟာ ပြည်သူတွေက သူမကိုဘယ်လောက်တောင်ချစ်လဲဆိုတာကို ပြနေပါတယ်။ ဒီပုံရိပ်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံခြားအသံလွှင့်ဌာနတွေ၊ သတင်းသမားတွေကို ရောက်သွားမှာဖြစ်သလို ပြည်ပရောက် မြန်မာတွေရဲ့ သူမကိုထောက်ခံမှုဟာ ဘယ်လောက်ခိုင်မာနေတယ်ဆိုတာကို ပြလိုက်တာပါ။ သူမကိုဩဇီမှာရော၊ ယူကေမှာပါ သူမရောက်ရင် မြန်မာများက သွားကြိုကြတယ်လို့လဲ ကြားဖူး တွေ့ဖူးထားပါတယ်။

ပြည်သူက ချစ်တယ်ဆိုတာ မမြင်ဘူးရင် အဘတို့ ကြည့်ထားသင့်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page