top of page
Search

ဂျပန်မှာ ဆန္ဒပြသူတွေက ဘယ်အဖွဲ့ကလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 20, 2019
  • 1 min read

ဂျပန်မှာ ဆန္ဒပြသူတွေက ဘယ်အဖွဲ့ကလဲ

စာရေးသူတို့ ဂျပန်မှာ အမေစုကို ဆန္ဒပြမယ့်သူတွေကို ပြောရင်၊ ရေးရင် ရခိုင်တွေလို့ သိမ်းကျုံးမပြောမိဖို့ သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်က ရခိုင်တိုင်းက အဲ့ဒီဆန္ဒပြပွဲကို မထောက်ခံပါလို့ အတိအလင်းပြောလာပါတယ်။ တကယ်က ဂျပန်မှာ ဦးအေးသာအောင်ကိုထောက်ခံသူသဘောထားပျော့ပြောင်းသူ ရခိုင်များစွာရှိနေပြီး သူတို့တွေဟာ ဦးအေးသာအောင်ကို ထောက်ခံပါတယ်။ အချို့ရခိုင်ကလဲ DASSK ကိုထောက်ခံတယ်လို့ပြောပါတယ်။ နောက်အုပ်စုကတော့ ဒေါက်တာအေးမောင် ထောက်ခံသူ မနေ့တနေ့ကမှ ရောက်လာတဲ့ သူတွေကစည်းရုံးထားတဲ့ ဂျပန်ရောက် ရခိုင်အများစုက ကျဉ်ဖယ်ထားသူ မောင်းမောင်သန်းရဲ့ အုပ်စုဆိုပြီး (၃)ခုကွဲနေတယ်။ ဒေါက်တာအေးမောင်ထောက်ခံသူတွေဟာ ဗီဇာလိုလို့ ဆန္ဒပြတာဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်း သိပါတယ်။

ဒါကြောင့် သတင်းဌာနတွေ၊ အခြားဒီမိုတွေအနေနဲ့ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေလို့ သိမ်ကျူံးမပြောပါစေလိုပါ။ သတင်းဌာနတွေကတော့ တိုင်းရင်းသားချင်း ရန်တိုက်ပေးလိုလို့ ဂျပန်မှာ ဦးအေးသာအောင်ကို ထောက်ခံသူ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒမပြတာကိုတော့ ပြောမည်မထင်ပါ။

အစိုးရလုပ်ရမှာက ဆန္ဒပြတဲ့ လူနည်းစုကို ရန်ကုန်ပြန်လာရင် ဖမ်းဆီးခြင်းမပြုပါလို့ မြန်မာအစိုးရနိုင်ငံခြားရေးရုံးက ဂျပန် လဝကကိုသာ စာထုတ်ပေးလိုက်ပါ၊ အားလုံးဂွမ်းပြီး ကိုယ့်ရှူး ကိုယ်ပတ်ပါလိမ့်မယ်။ ဗီဇာမရမှန်း သိရင် အသံတိတ်သွားပါလိမိ့မယ်၊ ဒီမိုတွေက ရခိုင်လူမျိုးကို ခွဲမြင်ပါ။ ဖွတ်နဲ့ဒီမိုကွာသလို သူတို့မှာလဲ ကွာပါတယ်။ သူတို့လုပ်ရပ်က တပ်ချုပ်ကို ဆန္ဒမပြဘဲ DASSK ကိုသာ ပြမယ်ဆိုကထဲက သူတို့ဘယ်သူလဲဆိုတာ ရိပ်မိပါတယ်။ တပ်ချုပ်ရော DASSK ကိုရော ပြမယ်ဆိုရင်တောင် သူတို့လူမျိုးအတွက်ဆိုပြီး ဖြေတွေးပေးလို့ရပါမယ်။ ယခုသူတို့ချင်းတောင် ရှောင်သူလို့ပြောလာလို့ သိလိုက်ရပါပြီ။ ဩ အဘပိုက်ဆံက ကမ္ဘာအထိ ပေါက်ရောက်နေပါ့လားလို့ တွေးမိပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 20, 2019

ရှယ်ပါ။

Like

Shwe Eain
Shwe Eain
Oct 20, 2019

ရှယ်ခွင်ပြုပါဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page