ဂျပန်ဘုရင့်နန်းတက်ပွဲကို ဘယ်သူတွေတက်လဲ
- Myat Tun Oo
- Oct 22, 2019
- 1 min read
ဂျပန်ဘုရင့်နန်းတက်ပွဲကို ဘယ်သူတွေတက်လဲ
ဒီပွဲမျိုးကို တစ်သက်မှာ တစ်ခါသာကျင်းပတာပါ။ ညွှန်ချုပ်တွေ မတက်ရသလို ကမ္ဘာကြီးမှာဝရမ်းပြေးဖြစ်နေသူတွေလဲ တက်လို့မရပါ။ ဥပမာ အစိုးရသစ်တွေက လေးနှစ်တစ်ခါပြောင်းပါတယ်။ဘုရင်တွေ နန်းတက်တာကတော့ နှစ် ၂၀-၃၀ နေမှ တစ်ခါပါ။
ဒီနေ့ အဲ့ဒီပွဲကို နိုင်ငံပေါင်း ၁၉၄ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ နာမည်ကြီးများကတော့
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
အင်္ဂလန်က အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ် (DASSK နဲ့ ရင်းနှီးပါတယ်)
စပိန်ဘုရင် King Felipe VI၊ ဆီဒင်ဘုရင် King Carl XVI၊ ဂျော်ဒန်ဘုရင်၊ တရုတ် ဒုသမ္မတ၊ ဂျော်ဒန်ဘုရင်၊ နယ်သာလန်ဘုရင်၊ လူဇင်ဘစ်ဘုရင်၊ ဘယ်လဂျီယန်ဘုရင် King Philip၊ ဘူတန်ဘုရင်၊ ဒိန်းမတ်က အိမ်ရှေ့စံမင်းသားFrederick၊ အမေရိကန် ပို့ဆောင်ရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။ စာရင်းက ၁၉၄ နိုင်ငံမိုလို့ အကုန်မရေးတော့ပါ။
ဒီပွဲမျိုးက ထိပ်သီးခေါင်းဆောင်တွေသာ တက်ရောက်ရတာပါ။
တိုင်းပြည်အတွက် ဂုဏ်ယူစရာပါ။
photo credit: Reuter, Hello
Comentarios