top of page
Search

ဂျပန်ကြီး၊ AA နှင့်် မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 29, 2022
  • 1 min read

AA နဲ့ မအလပြန်ချရာမှာ မအလတပ်က နယ်ခြားစောင့် ကင်းစခန်းများဆုံးရှုံးခဲ့သလို ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေလဲ အဝိုင်းခံထားခဲ့ရပါတယ်။  AA ဘက်ကလဲ သေပေမယ့် အချိုးအရ မအလတပ်က ၁:၁၀ လောက်ပါ။ မအလတပ် ဒဏ်ရာရသူက အကောင် ၂၀၀ လောက်ပါ။ ဒါက စာရေးသူသိတဲ့ စစ်ဆေးရုံတစ်ခုထဲမှာပါ။ မအလအနေနဲ့က ကချင်၊ ကရင်ကို အဓိကစစ်ဆင်ဖို့က စစ်အင်အားလိုပါတယ်။ ရခိုင်မှာ အပစ်ရပ်မှ တပ်ရွှေ့လို့ရမှာပါ။ AA ကသူတပ်ဆုတ်တာ ပြဿနာမရှိပေမယ့် တပ်ဖြည့်ရင်တော့ တိုက်မှာပါ။

ယခုလဲ အာဏာမသိမ်းခင်ကလို စစ်ကိုင်း၊ ကချင်၊ ကရင်မှာ ထိုးစစ်ဆင်ဖို့ ဂျပန်ကြီးကိုသုံးပြီး အရှက်ပြေအပစ်ရပ်တာပါ။ ဒါပေမယ့် ရခိုင်မြို့တွေကို ရိက္ခာပို့ရာမှာ ဆက်ပြီးတင်းကျပ်ထားဖို့ စိုးဝင်းက အမိန့်ထုတ်ထားပါတယ်။နောက် မြို့ပေါ်က AA ထောက်ခံသူတွေကိုလဲ ဆက်ဖမ်းဖို့ ညွှန်ကြားထားပါတယ်။ ဥပမာ AA အတွက်အခွန်ကောက်သူ တရားစီရင်သူတွေ ဆေးကုပေးသူတွေရောပေါ့။ ဒါကြောင့် တိုက်ရိုက်မတိုက်ပေမယ့် ဘယ်သူက ဘယ်လောက်အလျှော့ပေးမလဲအပေါ် မူတည်ပြီး အပစ်ရပ်တာက ခံမှာပါ။ စာရေးသူတို့ PDF က မ်မိအလုပ်မိမိဆက်လုပ်ရမှာဖြစ်ပြီး ပြည်သူက NUG ကို ဆက်လှူနေရမှာပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page