top of page
Search
  • Writer's pictureMyat Tun Oo

ဂျပန်ကြီး၊ AA နှင့်် မအလ


AA နဲ့ မအလပြန်ချရာမှာ မအလတပ်က နယ်ခြားစောင့် ကင်းစခန်းများဆုံးရှုံးခဲ့သလို ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေလဲ အဝိုင်းခံထားခဲ့ရပါတယ်။  AA ဘက်ကလဲ သေပေမယ့် အချိုးအရ မအလတပ်က ၁:၁၀ လောက်ပါ။ မအလတပ် ဒဏ်ရာရသူက အကောင် ၂၀၀ လောက်ပါ။ ဒါက စာရေးသူသိတဲ့ စစ်ဆေးရုံတစ်ခုထဲမှာပါ။ မအလအနေနဲ့က ကချင်၊ ကရင်ကို အဓိကစစ်ဆင်ဖို့က စစ်အင်အားလိုပါတယ်။ ရခိုင်မှာ အပစ်ရပ်မှ တပ်ရွှေ့လို့ရမှာပါ။ AA ကသူတပ်ဆုတ်တာ ပြဿနာမရှိပေမယ့် တပ်ဖြည့်ရင်တော့ တိုက်မှာပါ။

ယခုလဲ အာဏာမသိမ်းခင်ကလို စစ်ကိုင်း၊ ကချင်၊ ကရင်မှာ ထိုးစစ်ဆင်ဖို့ ဂျပန်ကြီးကိုသုံးပြီး အရှက်ပြေအပစ်ရပ်တာပါ။ ဒါပေမယ့် ရခိုင်မြို့တွေကို ရိက္ခာပို့ရာမှာ ဆက်ပြီးတင်းကျပ်ထားဖို့ စိုးဝင်းက အမိန့်ထုတ်ထားပါတယ်။နောက် မြို့ပေါ်က AA ထောက်ခံသူတွေကိုလဲ ဆက်ဖမ်းဖို့ ညွှန်ကြားထားပါတယ်။ ဥပမာ AA အတွက်အခွန်ကောက်သူ တရားစီရင်သူတွေ ဆေးကုပေးသူတွေရောပေါ့။ ဒါကြောင့် တိုက်ရိုက်မတိုက်ပေမယ့် ဘယ်သူက ဘယ်လောက်အလျှော့ပေးမလဲအပေါ် မူတည်ပြီး အပစ်ရပ်တာက ခံမှာပါ။ စာရေးသူတို့ PDF က မ်မိအလုပ်မိမိဆက်လုပ်ရမှာဖြစ်ပြီး ပြည်သူက NUG ကို ဆက်လှူနေရမှာပါ။

931 views0 comments
bottom of page