top of page
Search

ဂျပန်ကို အဘသွားတာကောင်းလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 15, 2019
  • 1 min read


ဂျပန်ကို အဘသွားတာကောင်းလား

အားလုံးသိတယ့်အတိုင်း တပ်ချုပ်ကြီးဟာ ဥရောပကို ရုရှားကလွဲရင် သွားရခက်နေပါပြီ။ ဟိုကပေးလာရင်တောင် သူက သွားရဲဖို့က မသေချာပါ။

ဒီနှစ်စထဲက တပ်ချုပ်ကြီးရဲ့အပေါ်မှာ တရုတ်ဖိအားက များခဲ့ပါတယ်။ တိုက်တာရပ်ဖို့ဖိအားပါ။အဘက တရုတ်ပြည်သွားချိန်မှာ ရေကာတာတွေကြည့်ပြီး ထောက်ခံသလိုပြောပါတယ်။ DASSK ဧပြီလ တရုတ်ပြည်မသွားခင်မှာ မြစ်ဆုံရပ်အဖွဲ့တွေကို အဘနဲ့ဖွတ်တွေက ထောက်ပံ့ပြီး DASSK ကိုဖိအားပေးဖို့ကြိုးစားခဲ့တာလဲ တရုတ်ကြီးကသိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က ဖိအားဆက်ပေးနေခဲ့ပါတယ်။

တပ်ထဲမှာလဲ အဘကို ပြည်သူတွေက ဘယ်လိုကြိုက်တာ ၂၀၂၀ အလွန်အဘသာ သမ္မတ ဘာညာဆိုပြီး စစ်မတိုက်ဘဲ ရာထူးတက်ချင်သူများကလဲ မြှောက်ပေးနေပါတယ်။ အဘဟာ DASSK ဖွဲ့တဲ့ ရခိုင်နဲ့ပတ်သက်တဲ့ အဖွဲ့တွေကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနောက်ဆုံး ဖိလစ်ပိုင်အမျိုးသမီးနဲ့ ဂျပန်ကြီးပါတဲ့အဖွဲ့ကိုတော့ တပ်အဖွဲ့ဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆိုလိုတာက ဟိုက ဒီနေရာမှာတပ်ပါတယ်လို့သတင်းရရင် တပ်အဖွဲ့ကိုလွှဲပေးပြီး စုံစမ်းတာတွေ လုပ်ပါတယ်။

ထို့အတူပါဘဲ အိန္ဒိယသွားလဲ ဝကခမိုဒီက သူ့ကိုငြိမ်းချမ်းရေးလုပ်ဖို့ တပ်ကိုကူညီမယ်ဆိုတာတွေပြောပါတယ်။ အိန္ဒိယစစ်တပ်က စာရေးသူတို့တပ်ကိုလာပြီးတောင် ကုလစည်းမျဉ်းတွေနဲ့ ဘယ်လိုနေထိုင်တိုက်ခိုက်ရမလဲဆိုတာကို သင်တန်းလာပေးသွားခဲ့ပါတယ်။

ယခု ဂျပန်က ညွှန်ချုပ်အဆင့် ပူးတွဲစစ်ဦးစီးအဖွဲ့ ဥက္ကဌကဖိတ်လို့ သူသွားပါတယ်။ ဂျပန်မှာကစစ်တပ်ရဲ့ အခန်းကဏ္ဍက ဒုတိယကမ္ဘာစစ်အပြီးကထဲက လျှော့ထားလို့ သူတို့က အခန်းအနားကြီးတွေနဲ့ မကြိုခဲ့ပါ။ သူက ဂျပန်ဝကခနဲ့ တွေ့ပါရစေလို့ ခွင့်တောင်းလို့ ဟိုကတွေ့ခဲ့ပါတယ်။ သူက မြန်မာပြည်ရဲ့ ခြေဥအရ ဒုသမ္မတပေမယ့် ဟိုက ပုံမှန်သာ တွေ့ခဲ့တာပါ။ ဒါပေမယ့် ဂျပန်ဝကခက သူ့ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သေချာအရေးယူပါဆိုပြီး ထပ်ပြောလိုက်ပါတယ်။ အရပ်စကားနဲ့ပြောရင်တော့ မင်းဆက်မမိုက်ပါနဲ့လို့ ပြောလိုက်တာပါ။

သူ့ကိုအဲ့ဒီလို ဒဲ့ပြောလိုက်တာလဲ ကောင်းပါတယ်။ DASSK က ကြားခံပြောလဲ သူလိုက်နာ မနာက မသေချာပါ။ ဟိုက တိုက်ရိုက်ပြောတော့မှ သူ့အခြေအနေမှန်ကို သူသိသွားတာပါ။ ဒီအချိန်မှာ လူအချို့က FDI(foreign direct investment) လို့ခေါ်တဲ့ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနည်းရင် ဘာပေါ်လစီမကောင်းလို့ ဘာညာဆိုပြီး အစိုးရကို အပြစ်တင်လေ့ရှိပါတယ်။ တကယ်က မြန်မာကို ဂျပန်၊ ကိုရီးယားကုမ္ပဏီတွေက တရုတ်ကနေ ရွှေ့လာချင်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို ဘင်္ဂါလီကိစ္စ၊ ပြည်တွင်းသောင်းကျန်သူကိစ္စနဲ့ ကမ္ဘာက မပြောနိုင်အောင် နေပြဖို့လိုပါတယ်။ ဒါက စစ်ရေးဖြစ်ပြီး တပ်ရဲ့ လုပ်ရပ်က စီးပွါးရေးကို လာထိခိုက်နိုင်တာကို ပြတာပါ။ ပုံမှန်တိုင်းပြည်မှာဆိုရင် တပ်က အရပ်သားအောက်မှာမိုလို့အရေးယူလိုက်ရင် ဘာမှ ပြဿနာကြီးစရာမရှိပါ။ ယခု ဂျပန်ဝကခက အဘကိုပြောလိုက်တော့ သူသဘောပေါက်မယ်လို့ထင်ပါတယ်။

ဒါကြောင့် ဒီခရီးစဉ်ကနေ တရုတ်နဲ့ အိန္ဒိယတင်မကဘဲ ဂျပန်ကပါ အကျင့်ပြင်ဖို့ပြောနေပါလားဆိုတာသူသိသွားလို့ အနည်းဆုံးတော့ သူ့ကို တိုက်ရိုက်ပြောနိုင်ခဲ့လို့ အကျိုးရှိပါတယ်။ ဒီအချိန်မှာ နားလည်သင့်ပါပြီအဘ။

Photo source: NHK, NLOM

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Shwe Eain
Shwe Eain
Oct 16, 2019

ရှယ်ပြီး နော်ဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page