top of page
Search

ဂျင်းသတင်းများ သတိထားပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 28, 2021
  • 1 min read

DASSK နဲ့ ရာပြည့်တွေ့တယ်ဆိုပြီး သတင်းလွှင့်တယ်။ စာရေးသူက အထောက်အထားနဲ့ ဇူလိုင်၁၃ ရက် အင်္ဂါနေ့အထိ တွေ့တာမဟုတ်ဘူးဆိုတာကို ရှင်းပြတယ်။ ဒါနဲ့ နောက်ရက်မှာ ၁၅ ဇူလိုင်မှာ မအလနဲ့တွေ့တယ်ဆိုပြီး သတင်းထပ်ထွက်လာခဲ့တယ်။ ဒါအမှန်ဆိုပြီး ရှယ်သူများကရှယ်တယ်။ ဒီအပေါ်မှာ DASSK ကို ဝေဖန်လေ့ရှိသူများက ဆက်ဝေဖန်တယ်။ ယုံသူများလဲရှိတာကိုအံ့ဩစွာတွေ့ရပါတယ်။

ပထမပြောချင်တာက သတင်းတွေထဲမှာ DASSK နဲ့ မအလတွေ့တာကိုက စမှားနေတာပါ။ မအလဟာ ကြောင်ချီးပါ။ မတွေ့ရဲပါ။ နောက် ဆွေးနွေးစရာကလဲ စကားမရှိပါ။ ဒီလိုသတင်းမျိုးကိုလဲ တပ်ထဲက ဘယ်သူကမှ မပေါက်ကြားရဲပါ။ တပ်ထဲမှာ မအလရဲ့ လှုပ်ရှားမှုတွေက သူ့ဝန်ကြီးတွေတောင် ယဉ်တန်းလိုက် အစည်းအဝေးခန်းထဲရောက်မှ သိတာပါ။ တပ်တွေကို မအလသွားစစ်ချိန်မှာတောင် ဩဝါဒခံယူပွဲဆိုပြီးသာ ခေါင်းစဉ်တပ်ထားပြီး ဘယ်သူလာမယ် ဘယ်သူ့ထံကဆိုတာကို ကြိုမပြောပါ။

ဒါဆို ဘာရည်ရွယ်ချက်နဲ့လဲ။ ဒီမိုတွေကြား ရန်တိုက်ပေးဖို့ရယ်နဲ့ PDF တွေ သူတို့ကို တိုက်နေတာကို ဇဝေဇဝါ ဖြစ်သွားအောင်ပါ။ မအလဟာ ဘာမှဆွေးနွေးဖို့မရှိဘဲ ထိပ်တိုက်ရင်ဆိုင်ရေးသာသွားနေတာပါ။

ပြည်သူတွေက ကိုဗစ်ကို ရှင်သန်နိုင်အောင်လုပ်ပြီး PDF ခိုင်မာအောင် လွတ်မြောက်နယ်မြေ ရရှိအောင်သာ ဆက်ကြိုးစားကြပါ။ လွတ်မြောက်နယ်မြေနဲ့ တပ်ရှိရင် အားလုံးအဆင်ပြေမှာပါ။ မအလက သေနတ်ရှိမှသာ ကြောက်တာပါလို့ ပြောပါရစေ။ သေနတ်နဲ့ လွတ်မြောက်နယ်မြေရှိရင်တရုတ်ကလဲ လာတွေ့မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page