top of page
Search
  • Writer's pictureMyat Tun Oo

ဂန္ဒူးႏိုင္ငံေရးမလုပ္ပါနဲ႔



ႏိုင္ငံေရးကို"the activities associated with the governance of a country or area, especially the debate between parties having power" ဆိုၿပီးအဓိပၸါယ္ဖြင့္ပါတယ္။အာဏာရဖို႔ပါတီေတြၾကားျငင္းခံုေဆြးေႏြးတာကိုႏိုင္ငံေရးလို႔ေျပာပါတယ္။သူကပါတီႏိုင္ငံေရးဆိုၿပီးခြဲမေရးထားပါ။ျမန္မာျပည္မွာဘုရင္စနစ္မွာကနန္းတြင္းေရးေပါ့။

၁၉၈၈မွာအာဏာသိမ္းၿပီးေတာ့ခင္ၫြန္႔ကအမ်ိဳးသားႏိုင္ငံေရးဆိုၿပီးထေအာ္ပါတယ္။သူေျပာခ်င္တာကႏိုင္ငံေရးကိုမိမိပါတီအာဏာရေအာင္လုပ္တာမဟုတ္ဖူးေပါ့။အမ်ိဳးသားေရး(nationalism)ဆိုတာရွိေပမယ့္အမ်ိဳးသားႏိုင္ငံေရးကိုအဂၤလိပ္လိုရွာရင္မေတြ႕ႏိုင္ပါ။စာေရးသူရဲ႕အသိကအိႏၵိယစစ္တကၠသိုလ္မွာငါတို႔ကအမ်ိဳးသားႏိုင္ငံေရးလုပ္တာလို႔ေျပာေတာ့ဘယ္သူမွနားမလည္ခဲ့ပါ။တကယ္ေတာ့အမ်ိဳးသားႏိုင္ငံေရးဆိုတာမိမိတရားမဝင္ရထားတဲ့အာဏာကိုထိန္းထားႏိုင္ဖို႔လုပ္တာပါ။ဒါကလဲေပၚတင္လူမိုက္လုပ္တာေပါ့။

ဒါေပမယ့္ယခုဒီမိုအစိုးရ၂၀၁၆ေနာက္ပိုင္းတက္လာအၿပီးမွာသူ႔ကိုျပဳတ္က်ေအာင္လုပ္ေနတယ့္ႏိုင္ငံေရးကိုေတာ့ဂန္ဒူးႏိုင္ငံေရးလို႔ေျပာလိုပါတယ္။ဘာလို႔ဂန္ဒူးႏိုင္ငံေရးလို႔ေခၚသလဲဆိုေတာ့ေရွ႕မွာဆိုျပံဳးေနပါတယ္။ဒါေပမယ့္အင္တာနက္ကေနေပၚတင္မဟုတ္ဘဲအေကာင့္တုေတြကိုယူနီေဖာင္းဝတ္ျပည္သူ႔ပိုက္ဆံယူသူမ်ားက႐ံုးထိုင္ၿပီးမေကာင္းေရးပါတယ္။ဒါတင္လား? မဟုတ္ေသးပါ။ဘုန္းႀကီးေတြကိုေနာက္ကေနေျမႇာက္ေပးပါတယ္။ဂန္ဒူးလိုေပါ့။ေနာက္တိုင္းရင္းသားထဲကအစိုးရကိုအျပစ္ေျပာလိုသူေတြကိုေျမႇာက္ေပးပါတယ္။ေနာက္စီမံကိန္းေတြကိုမိမိတို႔လက္မွတ္ထိုးခဲ့တာကို႐ူးခ်င္ေယာင္ေဆာင္ၿပီးျပည္သူေတြေျမႇာက္ေပးပါတယ္။ဒါကဂန္ဒူးထက္ေတာင္ပိုမ်က္ႏွာေျပာင္တာပါ။

ေနာက္မိမိဖာသာတိုက္ၿပီးအစိုးရကတိုက္ခိုင္းလို႔ေျပာတာမိမိကအင္တာနက္လိုင္းျဖတ္ၿပီးအစိုးရကျဖတ္တယ္လို႔ေျပာတာကဂန္ဒူးႏိုင္ငံေရးလို႔ေခၚပါတယ္။မိမိလုပ္ရင္မိမိခံရဲရပါတယ္။ကမ႓ာေပၚမွာေတာ့ႏိ္ုင္ငံေရးသာရွိပါတယ္။ပါတီႏိုင္ငံေရးဟာမိမိပါတီကအာဏာရေအာင္ျပည္သူကိုခ်ျပစည္း႐ံုးတာပါ။အမ်ိဳးသားႏိုင္ငံေရးဆိုတာကမ႓ာမွာတရားဝင္မသံုးဘဲျပည္သူ႔ထံကမတရားနည္းနဲ႔အာဏာသိမ္းသူအခ်ိဳ႕ကသံုးခဲ့တယ့္စကားလံုးပါ။ဒါဟာလဲဂန္ဒူးႏိုင္ငံေရးေလာက္ေတာ့မဆိုးေသးပါ။အဘကိုေျပာလိုတာကသတၱိရွိရင္ျပည္သူေတြကေထာက္ခံတယ္လို႔ထင္ရင္ယူနီေဖာင္းခၽြတ္ၿပီးေရြးေကာက္ပြဲဝင္ပါ။ဂန္ဒူးႏိုင္ငံေရးေတာ့မလုပ္ပါနဲ႔လို႔ေျပာပါရေစ။

Unicode version

ဂန်ဒူးနိုင်ငံရေးမလုပ်ပါနဲ့

နိုင်ငံရေးကို"the activities associated with the governance of a country or area, especially the debate between parties having power" ဆိုပြီးအဓိပ္ပါယ်ဖွင့်ပါတယ်။အာဏာရဖို့ပါတီတွေကြားငြင်းခုံဆွေးနွေးတာကိုနိုင်ငံရေးလို့ပြောပါတယ်။သူကပါတီနိုင်ငံရေးဆိုပြီးခွဲမရေးထားပါ။မြန်မာပြည်မှာဘုရင်စနစ်မှာကနန်းတွင်းရေးပေါ့။

၁၉၈၈မှာအာဏာသိမ်းပြီးတော့ခင်ညွန့်ကအမျိုးသားနိုင်ငံရေးဆိုပြီးထအော်ပါတယ်။သူပြောချင်တာကနိုင်ငံရေးကိုမိမိပါတီအာဏာရအောင်လုပ်တာမဟုတ်ဖူးပေါ့။အမျိုးသားရေး(nationalism)ဆိုတာရှိပေမယ့်အမျိုးသားနိုင်ငံရေးကိုအင်္ဂလိပ်လိုရှာရင်မတွေ့နိုင်ပါ။စာရေးသူရဲ့အသိကအိန္ဒိယစစ်တက္ကသိုလ်မှာငါတို့ကအမျိုးသားနိုင်ငံရေးလုပ်တာလို့ပြောတော့ဘယ်သူမှနားမလည်ခဲ့ပါ။တကယ်တော့အမျိုးသားနိုင်ငံရေးဆိုတာမိမိတရားမဝင်ရထားတဲ့အာဏာကိုထိန်းထားနိုင်ဖို့လုပ်တာပါ။ဒါကလဲပေါ်တင်လူမိုက်လုပ်တာပေါ့။

ဒါပေမယ့်ယခုဒီမိုအစိုးရ၂၀၁၆နောက်ပိုင်းတက်လာအပြီးမှာသူ့ကိုပြုတ်ကျအောင်လုပ်နေတယ့်နိုင်ငံရေးကိုတော့ဂန်ဒူးနိုင်ငံရေးလို့ပြောလိုပါတယ်။ဘာလို့ဂန်ဒူးနိုင်ငံရေးလို့ခေါ်သလဲဆိုတော့ရှေ့မှာဆိုပြုံးနေပါတယ်။ဒါပေမယ့်အင်တာနက်ကနေပေါ်တင်မဟုတ်ဘဲအကောင့်တုတွေကိုယူနီဖောင်းဝတ်ပြည်သူ့ပိုက်ဆံယူသူများကရုံးထိုင်ပြီးမကောင်းရေးပါတယ်။ဒါတင်လား? မဟုတ်သေးပါ။ဘုန်းကြီးတွေကိုနောက်ကနေမြှောက်ပေးပါတယ်။ဂန်ဒူးလိုပေါ့။နောက်တိုင်းရင်းသားထဲကအစိုးရကိုအပြစ်ပြောလိုသူတွေကိုမြှောက်ပေးပါတယ်။နောက်စီမံကိန်းတွေကိုမိမိတို့လက်မှတ်ထိုးခဲ့တာကိုရူးချင်ယောင်ဆောင်ပြီးပြည်သူတွေမြှောက်ပေးပါတယ်။ဒါကဂန်ဒူးထက်တောင်ပိုမျက်နှာပြောင်တာပါ။

နောက်မိမိဖာသာတိုက်ပြီးအစိုးရကတိုက်ခိုင်းလို့ပြောတာမိမိကအင်တာနက်လိုင်းဖြတ်ပြီးအစိုးရကဖြတ်တယ်လို့ပြောတာကဂန်ဒူးနိုင်ငံရေးလို့ခေါ်ပါတယ်။မိမိလုပ်ရင်မိမိခံရဲရပါတယ်။ကမ႓ာပေါ်မှာတော့နိ်ုင်ငံရေးသာရှိပါတယ်။ပါတီနိုင်ငံရေးဟာမိမိပါတီကအာဏာရအောင်ပြည်သူကိုချပြစည်းရုံးတာပါ။အမျိုးသားနိုင်ငံရေးဆိုတာကမ႓ာမှာတရားဝင်မသုံးဘဲပြည်သူ့ထံကမတရားနည်းနဲ့အာဏာသိမ်းသူအချို့ကသုံးခဲ့တယ့်စကားလုံးပါ။ဒါဟာလဲဂန်ဒူးနိုင်ငံရေးလောက်တော့မဆိုးသေးပါ။အဘကိုပြောလိုတာကသတ္တိရှိရင်ပြည်သူတွေကထောက်ခံတယ်လို့ထင်ရင်ယူနီဖောင်းချွတ်ပြီးရွေးကောက်ပွဲဝင်ပါ။ဂန်ဒူးနိုင်ငံရေးတော့မလုပ်ပါနဲ့လို့ပြောပါရစေ။

810 views0 comments

Comments


bottom of page