top of page
Search
  • Writer's pictureMyat Tun Oo

ခြေဥ၊ အထည်ချုပ်နှင့် အလုပ်သမား ပြဿနာ


မြန်မာပြည်ရဲ့ ခြေဥက ဖယ်ဒရယ်မပေးထားပါ။ ဒါကြောင့် သူပုန်ထပါတယ်။ ဘိန်းနဲ့ဆေးပြားရောင်းချင်လို့ သူပုန်ထသူလဲ ရှိပါတယ်။ အများစုကတော့ ဖယ်ဒရယ်လိုချင်လို့ပါ။ သူပုန်ထတော့ ပြန်တိုက်ရပါတယ်။ တိုက်ရာမှာ ခြေဥအရ တပ်ဟာ အစိုးရအောက်မှာမရှိလို့ ICC တို့၊ ICJ တို့ရောက်ပါတယ်။တပ်တရားစီရင်ရေးဟာ အရပ်သားအောက်မှာ မရှိတာလဲ ပါပါတယ်။ ဒါကြောင့် မြန်မာပြည်ကို လူ့အခွင့်အရေးချိုးဖောက်တယ် ဟိုဟာပိတ်မယ် ဒီဟာပိတ်မယ်လုပ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီအများစုကရှောင်ဖို့ကြိုးစားပါတယ်။ တရုတ်၊ တိုင်ဝမ်ကုမ္ပဏီတွေသာ လာပါတယ်။ သူတို့က အလုပ်သမားများစွာကို အလုပ်ပေးထားပါတယ်။ အချို့က ခရိုနီတွေနဲ့ ပေါင်းဖွင့်တာလဲ ရှိပါတယ်။ ကောင်းတဲ့ ကုမ္ပဏီကအများစုပေမယ့် မကောင်းသူလဲ ရှိပါတယ်။

ဒီခြေဥကြောင့် အမေရိကန်၊ အင်္ဂလိပ်ကုမ္ပဏီကြီးတွေက မလာပေမယ့် တရုတ်ကုမ္ပဏီတွေလဲ လုပ်မရအောင် တရုတ်ဆန့်ကျင်ရေးကို ဘီဘီစီ၊ ဗီအိုအေ၊ RFA၊ DVB တို့ကနေ မြှောက်ပေးပါတယ်။ အခြားအလုပ်သမားအဖွဲ့တွေကို ငွေပေးထောက်ပံ့ ဖွဲ့ပေးပြီးလဲ အစိုးရရော၊ တရုတ်ကုမ္ပဏီတွေပါ လုပ်ငန်းဆက်မလုပ်ချင်အောင် မြှောက်ပေးပါတယ်။ အမေရိကန်မှာ ဒီလောက် ရုရှားကမလုပ်သေးတာတောင်ဆွေ့ဆွေ့ခုံနေတာပါ။

ဒီလို အလုပ်ရှင် အလုပ်သမားပြဿနာက လူ့သဘာဝအရ မမြှောက်ပေးရင်တောင် နိုင်ငံတိုင်းမှာ ရှိတတ်ပါတယ်။ တစ်ခါတလေ အင်အားသုံးဖြေရှင်းရပါတယ်။ ဥပမာ ပြင်သစ်၊ အင်္ဂလန်နဲ့ စင်ကာပူတွေမှာ လုပ်သွားတဲ့ ဥပမာပါ။ ဒါပေမယ့် မြန်မာမှာက လက်ရှိခြေဥအရ ဆူပူရင် ချောက်ထဲကျမှာကို ကယ်ဖို့စောင့်နေတဲ့ သမ္မတရူးကရှိနေတော့ အစိုးရက ကိုင်တွယ်ရ ပိုခက်သွားပါတယ်။

ပြီးရင်ပွဲလန့်တုန်း ဖျာဝင်ခင်းချင်တဲ့ ကိုကိုကြီးတို့လို ပါတီတွေကလဲ စောင့်နေပါတယ်။ မနေ့ကအလုပ်သမားပွဲကို သွားတက်ပြီး ဖျာခင်းဖို့ စနေပါပြီ။ စရဖကလဲ ဖျာဝင်ခင်းဖို့ သု့လူများကို လွှတ်ထားပါတယ်။ အဘနဲ့ အဘတဖွတ် အကောင့်များက ပြဿနာကြီးအောင် ဖွပါတယ်။ သူတို့ကို နှိမ်နင်းမယ့်ပြည်ထဲရေးဟာလဲ အဘအောက်မှာပါ။

သင်က ကုမ္ပဏီပိုင်ရှင် Samsung၊ Apple၊ Tesla ဆိုရင် မြန်မာပြည်ကိုရွေးမလား ကွန်မြူနစ် ဗီယက်နမ်ကိုရွေးမလား စဉ်းစားရင် ဘယ်သူ့ကိုရွေးမလဲ။ တရားဥပဒေစိုးမိုးပြီး တပ်ဟာ အစိုးရအောက်မှာရှိတဲ့လိုအပ်ရင်နှိမ်နင်းလို့ရတဲ့ ဗီယက်နမ်ကိုသာ ရွေးမိမှာပါ။ စာရေးသူက ဘယ်ပါတီဝင်မှမဟုတ်လို့ စိတ်ထဲရှိတဲ့အတိုင်းရေးပါတယ်။ တိုင်းပြည်မှာ ဒီခြေဥနဲ့က ဂျပ်အေးသူ့အမေရိုက်သလို တိုင်ပတ်နေပါတယ်။

တိုင်းပြည်ဟာ ၁၀၀ % ဖွံ့ဖြိုးဖို့ရှိရင် ဒီခြေဥက ၁၀% သာ ဖွံ့ဖြိုးနိုင်အောင် လုပ်ထားပါတယ်။ဘစိန်လက်ထက်ကလဲ ဒီခြေဥနဲ့ဘဲ ဘာဖြစ်လဲဆိုရင် သု့လက်ထက်က ယခုအထည်ချုပ်စက်ရုံရဲ့ တစ်ဝက်တောင် မဖွင့်သွားပါလို့ ပြောပါရစေ။ သူ့လက်ထက်က အချင်းချင်း ဘဏ်ကချေးပြီး ဖြုန်းသွားကြလို့ဘစိန်အစိုးရနဲ့ နွယ်သူများသာ အဆင်ပြေခဲ့တာပါ။

547 views0 comments
bottom of page