top of page
Search
  • Writer's pictureMyat Tun Oo

ခြေဥအတိုင်းလုပ်ရအောင်


စာရေးသူအနေနဲ့ ၂၀၀၈ ခြေဥကို မကြိုက်ဖူးဆိုတာ စာဖတ်သူများ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် လက်ရှိခြေဥအတိုင်း ဘာတွေလုပ်နိုင်လဲ လေ့လာကြည့်ရအောင်။

တပ်မတော်က ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောထားပါတယ်။ ဒီနေရာမှာ ခြေဥကိုမိမိကြိုက်တဲ့အပိုင်းလေးသာ စောင့်ရှောက်လို့မရပါ။ ဒါက ဥပဒေရဲ့သဘောပါ။ ဥပဒေချိုးဖောက်ရင်အရေးယူခံရမှာပါ။

ပထမဆုံးက ၂၀၀၈ ခြေဥကို NLD က ပြင်ဖို့လုပ်ခဲ့ပါတယ်။ ထိုစဉ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာပါ။ ယခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ ခြေဥမှာ ရွေးကော်ကို အာဏာကုန်ပေးထားခဲ့ပါတယ်။ ဒီခြေဥဟာ NLD က ရေးဆွဲခဲ့တာမဟုတ်ဘဲ ဘသန်းရွှေကရေးဆွဲခဲ့တာပါ။ ဒါ့ကြောင့် စာရေးသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ရှိခြေဥအတိုင်းသာ သွားရမှာပါ။ တပ်ကပြင်လိုရင် NLD ပြင်လိုတာနဲ့ ညှိနှိုင်းရပါမယ်။ အပေးအယူလုပ်ရပါမယ်။ ဒါက ပထမအချက်ပါ။

နောက်လက်ရှိ ရွေးကော်ကိုမကြိုက်ရင် တပ်အနေနဲ့ လွှတ်တော်အသစ်မှာ အယုံအကြည်မရှိအဆိုတင်နိုင်ပါတယ်။ ဒါကခြေဥကပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ ရှုံးရင်လဲ ဒီမိုအဆုံးအဖြတ်ကို တပ်က လိုက်နာရမှာပါ။

နောက်ပြီးလက်ရှိအစိုးရရဲ့ သမ္မတဟာ တရားဝင်ရွေးကောက်တင်မြှောက်ခံပါ။ သူ့ကသာ နောက်သက်တမ်းမှာ သမ္မတဆက်ဖြစ်ဖို့များလို့ ခြေဥအရ NLD က အားသာနေပါတယ်။

NLD က ခန့်သူတွေကို ဥပမာ အတိုင်ပင်ခံရာထူးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးထင်ရင် အခြေခံဥပဒေခုံရုံးကို တင်လို့ရပါတယ်။ ဒါပေမယ့် တပ်ဟာ ခြေဥခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ။ ဒါကလဲ ၂၀၀၈ ဖွဲ့စည်းပုံကညပေးထားချက်ပါ။

ဒါ့အပြင် တပ်ပိုင်းဆိုင်ရာကို တပ်မတော်က စီမံခန့်ခွဲခွင့်ဆိုတာ ခြေဥမှာပါပါတယ်။ ဒါဟာစစ်ဆင်ရေးနဲ့ လက်အောက်ငယ်သား ရာထူးခန့်တာကိုသာ ပြောထားတာပါ။ ဒါပေမယ့် တပ်မတော်ကို ဥပဒေပြုပိုင်ခွင့် မပေးထားပါဘူး။ ဒဲ့ပြောရရင် တပ်မတော်ကို တပ်ချုပ်ရာထူးသက်တမ်းတိုးခွင့် ၂၀၀၈ ခြေဥမှာမပေးထားပါ။ ထင်ရှားတဲ့ ဥပမာက NLD လွှတ်တော်မှာ တပ်မတော်သားတွေ တာဝန်ထမ်းစဉ် ပြစ်မှုကျူးလွန်ရင် အရေးယူလို့ရတဲ့ ကာလစည်းကမ်းသတ်ကို ပြစ်မှုကျူးလွန်ခဲ့သည့်အချိန်မှအစား ပြစ်မှူကျူးလွန်ကြောင်း သိရှိသိအချိန်မှစလို့ဆိုပြီး NLD လွှတ်တော်က ပြင်ပေးခဲ့တာပါ။ တပ်ချုပ်အရည်အချင်းနည်းဥပဒေကို ပြဌာန်းနိုင်တာက လွှတ်တော်ပါ။ ဖွဲ့စည်းပုံက မပြဌာန်းရလို့ မပါပါ။နောက်တပ်လုပ်ပိုင်ခွင့်ဟာ ဘာတွေလဲဆိုတာကိုလဲ ခြေဥခုံရုံးက အဓိပ္ပါယ်ဖွင့်ဖို့ လွှတ်တော် (သို့) အစိုးရက ခြေဥခုံရုံးကို လျှောက်ထားနိုင်ပါတယ်။ ခုံရုံးဆုံးဖြတ်ချက်က အတည်ပါ။

ယခင်က နေဝင်းနဲ့ ဘရွှေလက်ထက် ကကနကောင်စီအမိန့်နဲ့ ရာထူးတိုးပေမယ့် သူတို့က အာဏာသိမ်းချိန်မိုလို့ တပ်အမိန့်က ဥပဒေကဲ့သို့ အာဏာတည်ခဲ့ပါတယ်။ ဒါပေမယ့် NLD အစိုးရဟာ လွှတ်တော်မှာဥပဒေတွေကို ပြဌာန်းနိုင်ပါတယ်။ ကကနကောင်စီရဲ့ အမိန့်တွေ ဥပဒေတွေကို ဖျက်သိမ်းနိုင်ပါတယ်။

အားလုံးဟာ ၂၀၀၈ ခြေဥထဲကနေ ဥပဒေအတိုင်းလုပ်ရင် ဘယ်သူပိုနာမလဲ စဉ်းစားနိုင်ပါတယ်။အကောင်းဆုံးကတော့ NLD က ပြင်ချိန်မှာ ပူးပေါင်းပြီး ပြင်တာပါ။ မဟုတ်ရင်တော့ NLD က ပိုတိုးပြီးလုပ်စရာရှိတာ လုပ်ရမှာပါ။ တစ်ခုရှိတာက NLD အနေနဲ့ မိမိလုပ်မှာကို နိုင်ငံခြားက မိမိကိုထောက်ခံတဲ့နိုင်ငံတွေကို သတိပေးပြီး သူတို့ကလိုအပ်ရင် လာကူနိုင်တဲ့ အနေအထားရှိချိန်မှာ ဥပဒေအတိုင်း ဆက်လုပ်သွားနိုင်ရင် အဆင်ပြေပါမယ်။ တပ်ထဲမှာလဲ ရာထူးတက်လိုသူတွေ အများကြီးပါ။ ၂၀၀၈ ခြေဥကို မပြင်လိုရင် ၂၀၀၈ ခြေဥကြောင့် မိမိနာရင်လဲ အပြုံးမပျက်ပါစေနဲ့။ အာဏာသိမ်းဖို့ ခြိမ်းခြောက်သူများလဲ သိမ်းစရာရှိတာသိမ်းလိုက်ပါ။ ခြိမ်းခြောက်မနေပါနဲ့။ အာဏာသိမ်းတဲ့နေ့က မင်းတို့အဘသာဝနဲ့ သူ့မြေးမလေးတွေ သေမယ့်နေ့ပါလို့ ဒဲ့ပြောပါရစေ။ ပြည်သူများကလဲ DASSK က တားထားလို့ ကြည့်နေတာပါလို့ ပြောထားပါရစေ။ သေချင်ရင် လုပ်လိုက်ပါ။

News Credit: Myanmar Harp

562 views2 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page