top of page
Search

ခြေဥပြင်ရေးခရီး နီးပြီလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 5, 2020
  • 1 min read

ခြေဥကို NLD က ပြင်မယ်ဆိုပြီး ၂၀၁၅ က မဲဆွယ်ခဲ့ပါတယ်။ အာဏာရလာတယ်။ သူက ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း ကြိုးစားနေပါတယ်။

သူတက်လာချိန်မှာ မအလနဲ့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် မအလက လွှတ်တော်မှာပြင်ပါဆိုပြီး အမြဲပြောခဲ့ပါတယ်။ ယခုလွှတ်တော်ကပြင်ချိန်မှာလဲ ဆွေးနွေးတာတွေကြည့်ရတာ ကန့်လန့်တိုက်နေပုံပါ။

ဒါဆိုရင် မတ်လ ၁၀ ရက်နေ့မှာ ပြင်နိုင်မလား။ စာရေးသူက လောင်းရမယ်ဆိုရင် မပြင်နိုင်တဲ့ဘက်ကလောင်းပါ့မယ်။ မှားခဲ့ရင်လဲ အဆဲခံလိုက်ပါ့မယ်။ ဒါဆိုဘာလို့ လွှတ်တော် လမ်းကြောင်းက ပြင်ဖို့ကြိုးစားသလဲလို့ မေးစရာရှိပါတယ်။ ပြည်သူကို ကတိပေးထားလို့ပါ။ နောက်ပြီး ကမ္ဘာကနဲ့ ICJ က သိသွားအောင်ပါ။ သူက တပ်ကိုအရပ်သားအောက်ရောက်ဖို့ ကြိုးစားတာကို အာခံခဲ့ရင် အစိုးရက ဘာမှမပြောရင်တောင် ဂမ်ဘီယာရှေ့နေတွေက ရေးမှာပါ။

ဒါထက်အရေးကြီးတာက ၂၀၂၀ အလွန်ပါ။ ဂျပုဟာ သမ္မတရူး ရူးနေလို့ ဒီခြေဥကနေ သူတပ်ရဲ့ ဒုသမ္မတအနေနဲ့ ဝင်ရွေးချင်လို့ ဒီခြေဥကို မပြင်သေးပါ။ ဒါပေမယ့် ၂၀၂၁ မှာတော့ အစိုးရသစ်က ဧပြီမှာတက်ပြီး သူက ဇူလိုင်မှာ ပင်စင်ယူရမှာမို့ အဲ့ဒီနောက်ပိုင်းမှသာ တပ်နဲ့ အမှန်တကယ် အပေးအယူတွေ ဆွေးနွေးမှုတွေ ရှိလာနိုင်ပါမယ်။

သူပင်စင်မယူရင်ရောဆိုတော့ ဘရွှေသူ့ကို တပ်ချုပ်နေရာမှာ ဆက်ထားရင် ဘရွှေဟာ နေဝင်းထက်ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဘရွှေကတော့ ထားလိုမှာ မဟုတ်ပါ။ တပ်ထဲမှာလဲ သူရာထူးတိုးပေးထားလို့ သူ့ကိုကြိုက်သူ ရှိနိုင်ပေမယ့် သူ့အောက်ကတက်မယ့်လူကို သူကပိတ်ထားရင် သူ့ကိုအမနဲ့ဘရွှေတို့နဲ့ ဟိုကပေါင်းပြီး ဖြုတ်လာနိုင်ပါတယ်။ ဒါကအတွင်းနည်းပါ။

အပြင် နိုင်ငံတကာက ဂျပုကိုကိုင်တဲ့နည်းတွေလဲ ICC နဲ့ နေရာစုံက သူဆက်နေနေရင် ဖိအားကြီးလာပါမယ်။

ပြည်သူအားလုံး အာရုံစိုက်ရမှာက လောလောဆယ် ခြေဥပြင်နိုင်နိုင် မနိုင်နိုင် ၂၀၂၀ ရွေးကောက်ပွဲကနေ NLD အာဏာဆက်ရပြီး ၂၀၂၁ တပ်အပြောင်းအလဲကတဆင့် ခြေဥပြင်နိုင်အောင် ကြိုးစားကြဖို့ပါ။ လွှတ်တော်အပြင် အခြားနည်းတွေလဲ ရှိပါတယ်။ အချို့ကိစ္စတွေမှာ ခံစစ်ကစားပြီး လိုအပ်ရင်တိုက်စစ်ပြောင်းရတာတွေ ရှိပါမယ်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page