top of page
Search

ခဲပစ်တဲ့နောက် လိုက်ခဲ့ရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 21, 2023
  • 1 min read


ဒီနေ့ သတင်းတွေထဲ ကွီးဖြိုးကို ဆွဲထားတဲ့အမှုကို တစ်သိန်းဒဏ်ငွေချတယ်လို့ ဘီဘီစီက စတင်ပေးပါတယ်။ ကွီးဖြိုးကို သစ္စာဖောက်လို့ ဆဲသူလဲ ဆဲတာပေါ့။ အများစုက နိုင်ငံခြားနဲ့ လွတ်မြောက်နေမြေမှာပါ။ ဒါဆိုရင် သူနဲ့ သူ့မိန်းမကို ဘာလို့ ဆက်ထိန်းသိမ်းထားတာလဲ ပုံမှန်ဦးနှောက်နဲ့တွေးရင် အဖြေကထင်ရှားနေပါတယ်။ မအလက ကွီးဖြိုးကို သူ့လူလို့ လူ့ပိန်းတွေကို ထင်စေချင်လို့ပါ။ ကွီးဖြိုးလိုသစ္စာဖောက်ကို မအလက ဘာလို့ပြန်မလွှတ်ပေးတာလဲ? လူပိန်းများစဉ်းစားပါ။ ကွီးဖြိုးကို ဘာလို့ထောင်မချတာလဲဆိုတာက မအလ မချရဲလို့ပါ။ သူ့သားသမီး မြေးတွေကို လုံခြုံရေးခြိမ်းခြောက်နိုင်တဲ့ကိစ္စတွေ ရှိနေလို့ပါ။

ဒီနေရာမှာ ကွီးဖြိုးကိုဝေဖန်သူများက သမ္မတဦးထင်ကျော် သူ့ဖခင်နဲ့ ယောက္ခမကိုယ်စား ဆုလက်ခံရယူတာကိုတော့ ဖာထေးပြီးရေးကြတာ တွေ့ရပါတယ်။ ဦးထင်ကျော်ဟာ သူ့အိမ်မှာနေသူပါ။ ဆုလက်ခံမယူချင်ရင် ကြိုက်တဲ့နေရာ ထွက်ပြေးလို့ရသလို ဆုမယူဘူး ငါ့ကိုသတ်ချင်သတ် ဖမ်းချင်ဖမ်းဆိုပြီး သမ္မတဦးဝင်းမြင့်လို ပြောလဲရပါတယ်။ သူနဲ့ သူ့မိန်းမက အဖမ်းခံမနေရပါ။ ဒါက ကွီးဖြိုးကိုဝေဖန်တဲ့ ဒီမိုများအတွက် တွေးစရာပေးတာပါ။ သူ့မိန်းမက ဆာဆာကာဝါနဲ့ တွေ့ဖို့တောင် ကြိုးစားလိုက်ပါသေးတယ်။ အမေစုက တားလို့မတွေ့တော့တာပါ။

စာရေးသူတို့ထဲကအချို့က ခဲပစ်တဲ့နောက်လိုက်တတ်ပါတယ်။ ဆန္ဒပြပွဲစချိန်က တရုတ်တပ်ဝင်ကူတယ်ဆိုပြီး ဂျင်းထည့်လဲ ယုံခဲ့ ဆဲ့ခဲ့ကြတာပါ။ နောက်မအလက လူတွေကို ဆုလိုက်ပေးပြီး ဒီမိုတွေနဲ့သွေးခွဲတာကို အားလုံးသတိိမူမိဖို့ ဥမာလေးနဲ့ ပြောပြပါ့မယ်။ ဥပမာ ဝီဝီကို၊ ဂူဂူကို၊ ဆေဆေကိုဆုပေးရင် ဒါက မအလမွေးထားတာမိုလို့ ဆဲလို့ရပါတယ်။ ဒါပေမယ့် အောက်စဖို့ဒ်ဆရာတော်ကို မအလဖာသာ သွားတွေ့တာကို ဝိုင်းဆဲရင် သူ့ကိုကိုးကွယ်တဲ့ ရှမ်းတွေနဲ့ ဒီမိုတွေနဲ့  သွေးကွဲစေပါမယ်။ ထို့အတူပါဘဲ ကာဒီနယ်မောင်ဘိုကို မအလကသွားတွေ့တာကို ဝိုင်းဆဲရင် သူ့ကိုကိုးကွယ်တဲ့ ဘာသာဝင်တွေနဲ့စာရေးသူတို့ ဒီမိုကြားသွေးကွဲစေနိုင်ပါတယ်။ နောက် KNU ဥက္ကဌကို ဆုပေးတာကို သူ့သမီးတက်ယူတာကို ဒီမိုတွေက ဝိုင်းဆဲရင်လဲ KNU နဲ့ ဒီမိုတွေ ပြဿနာ တက်နိုင်ပါတယ်။ ဒါက မအလရဲ့ အကွက်ပါ။

အကျဉ်းချုပ်ရရင် ကွီးဖြိုးဘာလုပ်လုပ် သူဖြစ်သူခံရမှာပါ။ သူဟာ တပ်ထဲကပုန်ကန်မယ့်လူတွေနဲ့ပုန်ကန်လို့ရပေမယ့် DASSK က ခွင့်မပြုလို့ အဖမ်းခံခဲ့တာပါ။ သူထွက်ပြေးရင် ရခဲ့ပါတယ်။ သိပ်အသေးစိတ်မရေးလိုပါ။ မအလလဲ သူ့အသက်အာမခံအတွက် ကွီးဖြိုးကို ဆွဲထားတာပါ။ ကွီးဖြိုးကိုပြောရင် သမ္မတဦးထင်ကျော်ကိုလဲ ထောက်ပြလို့ရပါတယ်။ ဒါပေမယ့် သူတို့မှာ သူတို့အကြောင်းတွေရှိမှာပါ။ ယခုအချိန်မှာ ကွီးဖြိုးတို့ဟာ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီး မျိုးဆက်သစ်တွေက တော်လှန်ရေးကိုလုပ်နေကြပါပြီ။ အားလုံး အဓိကအလုပ်က ခဲပစ်တဲ့နောက်မလိုက်ဘဲ အချင်းချင်းသွေးမကွဲအောင်အာရုံစိုက်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page