top of page
Search

ခေတ်သစ်၊ ဦးကျော်​ဇေယျနှင့် YBS

Writer: Myat Tun OoMyat Tun Oo

ခေတ်သစ်၊ ဦးကျော်​ဇေယျနှင့် YBS

ခေတ်သစ်ဆိုတာက ကွီးဖြိုးကို အမြဲဖောင်းထုသူ ဖွတ်ဇောင်းထက် ဦးစီးပါတယ်။ သူက DVB မှာ မျိုးသာထက်က ဟိုအမျိုးသားရေးသမားစိုးထွန်းရှိန်ကို မေးခွန်းပြောင်းမေးလို့ အကြောင်းပြထုတ်အပြီးမှာအောက်စျေးနဲ့ ဝင်လုပ်ရာက လူသိများလာခဲ့သူပါ။ သတင်းသမားချင်း အောက်စျေးဆွဲတာပေါ့။ မျိုးသာထက်ကတော့ ဘီဘီစီမှာ လုပ်ကိုင်ခဲ့သူ သတင်းအတွေ့အကြုံရှိသလို သတင်းသမားကျင့်ဝတ်ကိုနားလည်သူပါ။ ဖွတ်ဇောင်းထက်ရဲ့ မူလပထမက အဘတို့ရဲ့ The Voice ကပါ။

သူက YBS နှစ်ပတ်လည်မပြည့်သေးပေမယ့် အပုတ်ချလိုလို့ ညပိုင်းမှာ ခရီးသည်တွေနဲ့ ထဗျူးပါတယ်။ ညပိုင်းဆိုရင် ကြားကားနဲ့ သေချာပေါက် မကောင်းပြောသူများနိုင်အောင်ပါ။ သူ့ရဲ့ သတင်းပညာက အပေါ်စားဆန်ပါတယ်။ သူ YMBA အကြောင်းမဗျူးခင်က စာရေးသူတင်အပြီးမှာမှ ထိုသူကိုသွားဗျူးတာပါ။ cheap journalism, lazy journalism ပျင်းရိသောသတင်းပညာရှင်ပေါ့။ သူက Myanmar Now လို ဘာမှမထုတ်ဖော်ဘဲ သူပြောလိုတာကိုပြောမယ့်လူကို အင်တာဗျူးပြီး ချောက်တွန်းတာပါ။အင်တာဗျူးတာတောင် နှစ်ဖက်အမြင်ကို မဗျူးသူပါ။

ဒီနေရာမှာ YBS ကို မထသကနေ ပြောင်းလဲမှုဟာ အောင်မြင်လား ဆိုတာရယ် လက်ရှိအခြေအနေရယ်နှစ်ခုပါ။ မထသဟာ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့တူပါတယ်။ ယခင်လိုင်းမှာလုပ်ခွင့်ရခဲ့သူအများစုဟာ ယခင်စစ်အစိုးရနဲ့ တိုက်ရိုက်ပတ်သတ်သူအများစုပါ။ ၉၀% လောက်လို့ ပြောလို့ရပါတယ်။ သူတို့က လက်ရှိမြန်မာပြည် စီးပွါးရေးနဲ့ ယှဉ်ကြည့်ရင် ခရိုနီပေါ့။ စီမံခန့်ခွဲသူများကလဲ မိုးကျတွေပါ။ ယခုမြန်မာပြည်က ညွှန်မှူးအများစုလိုပေါ့။ နောက် မထသထဲက ဗန္ဓုလလိုင်းက ဦးပိုင်ကဝင်လုပ်တာပါ။ ဒါကလဲ ယခုမြန်မာပြည်ရဲ့ စီးပွါးရေးစနစ်လိုပါဘဲ ဦးပိုင်ကပါနေတာပါ။ ဒီနေရာမှာ ကားသမားတွေနဲ့ ခရီးသည်တွေပြဿနာကိုဖန်တီးပြီး ရန်ကုန်မြို့ကို မတည်ငြိမ်အောင် စလုပ်လာခဲ့ပါတယ်။ လူတွေက ကားသမားတွေကို ရိုက်ဖို့အဖွဲ့တွေဖွဲ့လာခဲ့ပါတယ်။

ဒီနေရာမှာ ကွီးဖြိုးက ဘယ်လိုပြောင်းမလဲ စဉ်းစားရာမှာ ဘဏ္ဍာငွေအခက်အခဲကြားထဲက ဗန္ဓုလကိုလဲကားအကောင်းသုံးအောင် ဖိအားပေးပြောင်းလဲနိုင်ခဲ့သလို ကျော်နေဝင်းတို့ကလဲ ကားအသစ်တွေဝယ်ပြီး ပြောင်းလဲမှုမှာ လိုက်ပါခဲ့ကြရပါတယ်။ သူတို့ပိုက်ဆံတွေ ရန်ကုန်နေပြည်သူအတွက် ထပ်ထည့်ခဲ့ရပါတယ်။ ယခင်စနစ်ဟောင်းပျက်သွားလို့ ယခင်မထသ ထိပ်ပိုင်းနေရာတွေမှာ အရပ်သားတွေဖြစ်လာခဲ့ပါတယ်။ ယခင်က ရသလောက်အိပ်ထဲထည့်ရာကနေ နောက်ပိုင်းမှာ ပြည်သူ့ဝန်ဆောင်မှုကို ယခင်ကထက် ရှေးရှုလာခဲ့ပါတယ်။ ယခင်က အဘနဲ့ပေါင်းပြီး မတရားလုပ်စားခဲ့တဲ့ ကားပိုင်ရှင် ခရိုနီအသေးစား အချို့ဟာလဲ အများပိုင်ကုမ္ပဏီအနေနဲ့ ပါလာခဲ့ရပါတယ်။ ဒါကြောင့် ကွီးဖြိုးအဓိကတာဝန်ယူခဲ့တဲ့ စနစ်ဟောင်း မထသကနေ စနစ်သစ် YBS ပြောင်းလဲမှုဟာ လုံးဝအောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါကစနစ်ပြောင်းတာပါ။

ဒုတိယအဆင့်က ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်က ကောင်းနေပြီလားဆိုတာပါ။ မြို့ကြီးတွေမှာ ပြည်သူ့သယ်ယူပို့ဆောင်ရေးဟာ ဘစ်စကားကအဓိကမဟုတ်ဘဲ ရထားပါ။ ဥပမာအနေနဲ့ လန်ဒန်၊ စင်ကာပူ၊ နယူးယောက်၊ တိုကျိုတို့ကို ကြည့်နိုင်ပါတယ်။ ဘစ်စကားချင်းယှဉ်ကြည့်ရင် ရန်ကုန်ကလက်ရှိဘစ်စကားအများစုဟာ ထိုင်းကထက်တော့ သာနေတာ မျက်မြင်ကိုယ်တွေ့ပါ။ကိုယ်တိုင် ယှဉ်စီးခဲ့ပါတယ်။ စင်ကာပူက MRT က မြန်မာပြည်ကလို ဘစ်စကားမှာ မိုးကျတွေ၊ ခရိုနီတွေနဲ့ စရှိခဲ့တာမဟုတ်လို့ လီကွမ်းယူရဲ့ စိန်ခေါ်မှုဟာ မြန်မာပြည်လောက် မဆိုးပါ။ ယခုအချိန်မှာလဲမြို့ပတ်ရထားလမ်းတွေကို စပြင်နေပါပြီ။ ဒီဟာကို နောက်ပိုင်းမှာလူတွေသုံးလာမှာပါ။

ဒီနေရာမှာ အချို့လွှတ်တော်အမတ်တွေ အထူးသဖြင့် ဖွတ်ကျော်ဇေယျတို့က သယ်ယူပို့ဆောင်ရေးကိုအစိုးရက မလုပ်သင့်ဘူး ပုဂ္ဂလိကသာလုပ်သင့်တယ်ဘာညာ ပြောလေ့ရှိပါတယ်။ လက်ရှိ အိန္ဒိယက နယူးဒေလီမြို့မှာ လေထုညစ်ညမ်းနေတာ အားလုံးသိမှာပါ။ ရေရှည်မှာ သဘာပတ်ဝန်းကျင်တိုးတက်အောင်က ပြည်သူတွေယုံကြည်စွာသုံးနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်(reliable public transport) ရှိဖို့ပါ။ ဒါမှပြည်သူတွေက ကိုယ်ပိုင်ကားမသုံးဘဲ ရထားတွေ၊ ဘစ်စကားတွေနဲ့ သွားလာကြမှာပါ။ ဒါမှမီးခိုးမထွက်ဘဲ မျိုးဆက်သစ်တွေလဲ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပျင်းလာမှာပါ။ ယခုကွီးဖြိုးသွင်းလာတဲ့ကားတွေက သဘာဝဓာတ်ငွေ့သုံးလို့ သဘာဝပတ်ဝန်းကျင်ဆိုးကျိုးလဲ နည်းပါတယ်။ ဒါကြောင့် သူလုပ်နေတာဟာ ရေတိုအရရော ရေရှည်သဘာဝပတ်ဝန်းကျင် ရှုထောင့်ကပါ မှန်နေပါတယ်။Greta Thungerg က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြောနေ လုပ်နေပါတယ်။ ကွီးဖြိုးကညသူမပြောခင်ကထဲက ကွက်ကြိုမြင်တဲ့သဘောပါ။ ဒါမျိုးက လေထုညစ်ညမ်းတာကို ကာကွယ်ဖို့က အများပြည်သူပို့ဆောင်ရေး (public transport) ကောင်းဖို့လိုပါတယ်။ ဒါကြောင့် အစိုးရက လိုအပ်ရင် အရှုံးခံ လုပ်ရမှာပါ။ ဖွတ်ကျော်ဇေယျကတော့ ရေတို လူဗြိန်းကြိုက် ဖောင်းထုရုံလောက်သာပါ။ ဒါကို ဘာမှတိုင်းပြည်အတွက်အမြင်မရှိတဲ့ ဖွတ်ဇောင်းထက်တို့က ဖွတာပါ။ သူ့မှာ သဘာဝပတ်ဝန်းကျင်ဆိုတာကိုကျောက်မီးသွေးစက်ရုံလောက် အစိုးရဖောင်းထုတာလောက်သာ သိသူပါ။

ဒါဆို YBS က အားလုံးကောင်းသွားပြီလား။ ထိုင်းက ဘန်ကောက်မှာလဲ ဘတ်စကားကျပ်တာ၊ ကားပြတ်တာရှိပါတယ်။ လန်ဒန်နဲ့ နယူးယောက်မှာလဲ ရုံးဆင်းချိန်၊ ရုံးတက်ချိန်တွေမှာ ကားကျပ်ပါတယ်။အဆင်မပြေတာတွေရှိနိုင်ပါတယ်။ နောက်ညပိုင်းကားအခက်အခဲပြဿနာ လောလောဆယ်မှာရှိနေနိုင်ပါတယ်။ အစိုးရက ဘယ်လိုအရှုံးခံဆွဲပေးမလဲ စဉ်းစားပြီးလုပ်သွားရမှာပါ။ ပျက်တဲ့ကားများတာဘာညာက စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့သာ ဆိုင်မှာပါ။ ဝကခက မကောင်းရင် လူလဲလိုက်ရုံပါ။

အကျဉ်းချုပ်ရရင် မထသကနေ YBS စနစ်ကိုပြောင်းတာအောင်မြင်ခဲ့သလို အသစ်ဝယ်တဲ့ကားတွေမှာသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းတဲ့ ဓာတ်ငွေ့သုံးလို့ ယခုပြဿနာသာမက နောင်အနာဂတ်အတွက်ပါ လုပ်ပေးထားတာပါ။ အားလုံးရထားတွေပါကောင်းဖို့ကတော့ ယခုလုပ်နေပြီး နောက် ၂-၃နှစ်မှာ ရုပ်လုံးပေါ်လာမှာပါ။ အဘ နှစ် ၅၀ ဖျက်ခဲ့တဲ့မြို့ကို ၃ နှစ်ကျော်အတွင်း ဒီခြေဥဘောင်အတွင်းဒီလောက်လုပ်နိုင်တာ အဘတို့ထက်တော့ အများကြီးတော်တယ်လို့ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page