top of page
Search

ခေတ်ပြောင်းသွားသော အမျိုး၊ ဘာသာ၊ သာသနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 17, 2020
  • 1 min read

ကိုလိုနီနယ်ချဲ့အောက်က လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ရာမှာ လူများစုဖြစ်တဲ့ ဗမာတွေကို စုစည်းရာမှာ အမျိုး၊ ဘာသာ၊ သာသနာဟာ အသုံးဝင်ခဲ့ပါတယ်။ စာရေးသူတို့ဟာ အင်္ဂလိပ်နဲ့ လူမျိုးမတူသလို ဘာသာစကားလဲမတူ ဘာသာရေးလဲ မတူခဲ့ကြပါ။ နောက်ပိုင်း လွတ်လပ်ရေးရယူခါနီးမှာတော့ဒါတွေကိုအများကြီး လျော့ချခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ မတူညီတဲ့ လူမျိုး၊ ဘာသာစကား၊ကိုးကွယ်တဲ့ဘာသာ မတူညီတဲ့ တိုင်းရင်းသားတွေကို စုစည်းရတော့မှာ မိုလို့ပါ။

မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်မှာ ၂၁ ရာစုမှာ အမျိုး ဘာသာ သာသနာက အများကြီး ပြဿနာရှိလာနိုင်ပါတယ်။ ဥပမာ အမျိုးနေရာမှာ ဗမာ၊ ရှမ်း၊ မွန်နဲ့ ရခိုင်ဟာ ကိုးကွယ်တဲ့ဘာသာတူကြပေမယ့် လူမျိုးနဲ့ ဘာသာစကား မတူကြပါ။ အခြားတိုင်းရင်းသားတွေဆို အကုန်ကွဲပါတယ်။ဗမာက သူ့ဟာကိုသွားလုပ်ရင် သွေးခွဲရာ discriminate လုပ်ရာ ကြသွားနိုင်ပါတယ်။ ၂၁ ရာစုမှာကတန်းတူညီမျှမှု (equality) နဲ့ မတူကွဲပြားမှုကနေ ညီညွတ်ခြင်းဆိုတဲ့ (unity in diversity) ကို ဖန်တီးနေကြတာပါ။

ဒါဆိုဘာသာရေးက အရေးမကြီးဘူးလားဆိုတော့ အင်္ဂလန်ဟာ သူ့ဘာသာရဲ့ခေါင်းဆောင်အဖြစ်ဘုရင်မကို ဘာသာရေးခွဲခြားခန့်ထားပေမယ့် အခြားအရာတွေမှာ တန်းတူလုပ်ပေးထားပါတယ်။ အမေရိကားမှာလဲ အိုလားမားအစ ထရမ့်အဆုံး သူတို့ကျန်းသစ္စာကျိန်ဆိုပွဲကို သူတို့ဘာသာရေးခေါင်းဆောင်ကိုသာ ဖိတ်ပါတယ်။ ပါးစပ်ကမအော်ဘဲ လုပ်တတ်ဖို့သာ အရေးကြီးပါတယ်။

မဲဆွယ်ရာမှာ ခေတ်နောက်ပြန်မစွဲဘဲ ထရမ့်လို Made America Great Again, Made Myanmar Great Again လေးနဲ့ မဲဆွယ်ပါလို့ ပြောပါရစေ။ ထရမ့်က America လို့ သုံးပြီး လူမျိုးမတူတာကို ရှောင်သွားခဲ့ပါတယ်။ အဘတို့အနေနဲ့တော့ Made Myanmar ဖွတ် Again တော့ မလုပ်လိုက်ပါနဲ့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page