top of page
Search

ခေတ်ပြောင်းသွားပြီ မအလရဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 13, 2021
  • 1 min read

မနေ့က ကွီးဖြိုးမိန်းမ DASSK အမှုမှာ လာထွက်သွားတဲ့ကိစ္စက NUG သာ မပေါ်ခဲ့ရင် ထိပ်တန်းသတင်းပေါ့။ သူမကို အပြစ်တင်သူရှိသလို စာနာသူလဲရှိမှာပါ။ အချို့ကလဲ ပြည်ပက အကောင့်တွေနဲ့ငါတို့လောက်သတ္တိမရှိဘူးပြောသူရှိနိုင်သလို နယ်စပ်ကနေပြောသူ Profile Lock ချပြီး ပြောသူများလဲရှိနိုင်ပါတယ်။ ပထမဆုံးက သူမကိုဖမ်းမယ်ဆိုတာကို သူမကို ကြိုပြောခဲ့ပါတယ်။ ရှောင်ခိုင်းခဲ့ပါတယ်။ သူမက သူမယောင်္ကျားကို ထောင်ဝင်စာပို့လိုလို့ မရှောင်ဘဲ အဖမ်းခံခဲ့တာပါ။ နောက်သူမကိုထွက်ခိုင်းဖို့ နေပြည်တော်ခေါ်လာအပြီးမှာ မထွက်ဖူးထလုပ်လို့ စစ်ကြောရေးပို့ လက်လွန်လို့ အမှုကိုကျန်းမာရေးအကြောင်းပြမလာခဲ့တာ သုံးပတ်ကျော် ကြာသွားခဲ့ပါတယ်။ ပုံမှန်မှာ မအလထံအဖမ်းခံထားရသူက မအလခေါ်ထုတ်ချိန် အစစ်ခံရမှာပါ။ သူမနည်းမျိုးစုံသုံး အနှိပ်စက်ခံပြီး သူမရှောင်လွဲဖို့ကြိုးစားခဲ့ကြောင်း ပြသွားခဲ့ပါတယ်။ ဒါပေမယ့် အချို့ပြည်ပရောက် နယ်စပ်ရောက် အာဇာနည်များလိုရဲရဲမတောက်ခဲ့တာတော့ ထင်ရှားပါတယ်။ ဒီနေရာမှာ ကွီးဖြိုးဟာလဲ ရန်ကုန်တိုင်းကနေ ခံချခဲ့ရင်တော့တမျိုးပါ။ ယခုတော့ သူလဲအငြိုးနဲ့ခံရပါမယ်။ မနေ့က ထောင် ၁၁နှစ် အချခံရတဲ့ အမေရိကန်လူမျိုးသတင်းထောက်ရဲ့အမှုဟာ Myanmar Now မှာ ၂၀၂၀ မတိုင်ခင်က ရေးတာတွေကို အငြိုးနဲ့ချတာပါ။Myanmar Now က မအလမိန်းမနဲ့ မအလ PSO တို့ ဥိးကိုနီလုပ်ကြံတာကို ဖော်ခဲ့လို့ မအလမိန်းမက မကျေနပ်တာက စပါတယ်။ မအလဟာ ကရင်ပြည်နယ်ဝကခ ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဝကခဦးအောင်မိုးညိုတို့ကိုလဲ အစပိုင်း CDM အားပေးလို့ တိုက်ပိတ်ထားခဲ့ပါသေးတယ်။ ယခုက သူတို့ခေတ်ပြီးသွားပါပြီ။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း NUG ရဲ့ အာဏာစက်နဲ့ NUG ရဲ့ ဇတ်လိုက်အသစ်တွေ ပေါ်လာလို့ပါ။


ယခုလူတွေစိတ်ဝင်စားတာက ဘယ်မြို့မှာ မုန့်ဟင်းခါး ဘယ်နှစ်ပွဲကျွေးလဲ စစ်ခွေးရဲခွေးဘယ်နှစ်ယောက်လဲ အပြန်အလှန်မေးကြတာပါ။ ညမအိပ်ခင် မုန့်ဟင်းခါးပွဲအကျဉ်းချုပ်ကို ဖတ်ပြီးမှ စိတ်ချမ်းသာစွာ အိပ်တတ်လာကြပါတယ်။ သူတို့ဟာ NUG မှာ အခွန်ဆောင်ဖို့ NUG ရဲ့ ငွေတိုက်စာချုပ်ဝယ်ဖို့၊ NUG ရဲ့ ထီထိုးဖို့၊ NUG ရဲ့ ရံပုံငွေပွဲ တက်ဖို့တွေသာ ပြောနေကြ တိုင်ပင်နေကြတာပါ။ ယခုဆိုရင် PDF ကလေးတွေက အမျှော်အမြင်ကြီးစွာနဲ့ ရန်ကုန်-မန္တလေးလမ်းပေါ်က ရဲကင်းကိုတောင် စတိုက်လာနိုင်တာ တွေ့ရပါတယ်။ အရေးကြီးဆုံးက PDF လေးတွေ ပြောက်ကျားစနစ်နဲ့ နေရာတိုင်းမှာထိပ်တိုက်မတွေ့ဘဲ ခြုံခိုတိုက်နေဖို့သာပါ။ Gen Z လေးတွေက သင်လွယ်တတ်လွယ်တာ တွေ့ရပါတယ်။ ယခုအချိန်မှာ သုံးလအတွင်း မအလက အပြတ်တိုက်မယ်လို့ အော်နေပေမယ့် သုံးလအတွင်းရန်ကုန်မကျအောင်တောင် ထိန်းရမယ့်သဘောရှိနေပါတယ်။ တပ်တွေဟာ PDF ရှိတဲ့နေရာမှာကျွန်နေပြီး ကျန်တပ်က နေပြည်တော်မှာ စုနေပါတယ်။ PDF တွေက မြေပြန့်က မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ မကွေးတွေမှာ တိုက်ပွဲစဖော်လာနေတာ တွေ့နေရပြီး တပ်ရင်းတွေကို ဝင်တိုက်အရှိန်မြှင့်လာရင်အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

လူတိုင်းဟာ ဆရာဇော်ဝေစိုး ဘာပြောမလဲ ဒေါက်တာဆာဆာ ဘာတင်မလဲ၊ မဇင်မာအောင် ဘာပြောမလဲသာ စောင့်နားထောင်နေတာပါ။ ဒါ့ကြောင့် မအလနဲ့ သူ့ဘောမတွေအတွက် အကွက်ဆန်းတယ်ထင်ရပေမယ့် ပြည်သူအတွက်က ကွီးအကွက်က ရိုးသွားခဲ့ပါပြီ။ ပြည်သူက မကြည်ဖြူတဲ့ မအလဟာမြေအောက်ကို မြန်မြန်ရောက်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 13, 2021

ဦးမြတ်!!! ကုလ ကြေညာချက် ထုတ်အပြီးမှာတော့ ြြ ကမ္ဘာကြီး ဒေါ်လာ စက္ကူ အကပ်ခံရ၍ ပို၍ ပို၍ လုံး သွားပေပြီလားဟု ထင်မြင်မိပါသည်။ ကြေညာချက်ထုတ်လေ စကစ ပိုဆိုးပြလေ ဖြစ်ရသည်မှာ နောက်ခံအမှီသဟဲ ဒေါက်တစ်တိုင်ကြောင့်ဟုလည်း သုံးသပ်မိပါသည်။

တလောက လျှပ်စစ်ကို ပါးစပ်ဖျားက မချတာသည် ချိဖကို မြူဆွယ်နေသလားဟု မိမိအမြင်ကို တင်ပြခဲ့ပါသည်။ ချိဖပြည်မှာ လေ ာင်စာလိုအပ်မှုကလည်း ရှိနေပါသည်။ယခု ဆေ ာင်းရာသီရောက်လာ၍ ပိုမိုလိုအပ်လာပါပြီ။ မကြာမီက ကချင်လူထုအပေါ် ဩဇာသက်ရောက်သော အဖွဲ့နှစ်ဖွဲ့ ခေါ်တွေ့ပြီးနောက် ကန်တီပိုက် နယ်စပ်အပေါက် ပွင့် သွားပါပြီ။လိုင်ဇာမှာ CV19 +ve ၆၀၀ ကျော်တွေ့သည်ဟု သတင်းများအရ သိရပါသည်။

ခြုံငုံ သုံးသပ်ကြည့်ပါက စကစ ချိဖ ကချင် အပေါင်းအစည်းတစ်ကွက်ကို မြင်တွေ့နိုင်ပါသည်။ မြစ်ဆုံကို အချစ် မကုန်နိုင်သေးဘူးလား??? မေးခွန်းတစ်ခု ထွက်လာပါသည်။

ဦးဖြိုးမင်းသိမ်းသည် လိှုင်သာယာမြို့နယ်တွင်းက ချိဖ စာ အသုံးပြုသော ဆိုင်/လုပ်ငန်းများကို မြန်မာစာအ‌ေနဖြင့်ပြောင်းလဲဖော်ပြရန် ပြင်ဆင်စေခဲ့ပါသည်။

အဆက် နှင့် အစပ် ။

NUG နှင့် PDF အကွဲအပြဲဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုများ ခပ်စိပ်စိပ်ဖြစ်လာသည်ကိုတွေ့မြင်နိုင်ပါသည်။

သို့ပါ၍ NUG , PDF တို့ ပို၍ ပို၍ စည်းလုံးညီညွတ်ရန် အထူး အထူး လိုအပ်လာပါပြီဟု အမြင်ကို တင်ပြအပ်ပါသည်။

ညီညာမှ ပြည် သာယာပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page