top of page
Search

ခေါင်းဆောင်မှုမကောင်းရင် ဘာဖြစ်သွားမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 13, 2020
  • 1 min read

ကမ္ဘာပေါ်မှာ ကိုဗစ်မဖြစ်ခင် G 7 လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးထိပ်ဆုံးနိုင်ငံတွေဟာ ဆရာကြီးတွေပါ။ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဂျာမနီနဲ့ ဂျပန်တို့ပါ။ ယခင်က ရုရှားပါခဲ့ပါတယ်။ G8 ပေါ့။G20 မှာတော့ ဘရာဇီး၊ တရုတ်၊ မက္ကစီကို၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့ပါပါတယ်။အများစုသော နိုင်ငံတွေက ဒီမိုကရေစီဖြစ်ပြီး စီးပွါးရေးလဲ မြန်မာပြည်ထက်ကောင်းပါတယ်။ တပ်ကနိုင်ငံရေးမှာ မပါပါ။


ဒါပေမယ့် အမေရိကန်ကိုကြည့်ပါ။ ထရမ့်နဲ့ ပြည်နယ်တွေက လူသားရင်းမြစ်နဲ့ ငွေကြေးပြည့်စုံပေမယ့်ခေါင်းဆောင်မှု စီမံခန့်ခွဲမှု လိုအပ်သွားတာကြောင့် အသေအပျာက် များခဲ့ပါတယ်။ များနေဆဲပါ။


ဘရာဇီးခေါင်းဆောင်ဟာလဲ ကိုဗစ်ကို လှောင်ပြောင်ပြီး ကြိုတင်ကာကွယ်မှုမလုပ်သလို သူ့ကျန်းမာရေးဝန်ကြီးက ခပ်ခွါခွါနေဆိုပြီးပြောလို့ ထုတ်ခဲ့ပါတယ်။ ဒုတိယခန့်တဲ့ ကျန်းမာရေးဝန်ကြီးကလဲ ထွက်စာတင်ပြီး ထွက်သွားခဲ့ပါတယ်။ ယခုဘရာဇီးရဲ့သေနှုန်းက ကမ္ဘာပေါ်မှာ ထိပ်ပိုင်းရောက်လာခဲ့ပါပြီ။


မက္ကစီကိုမှာလဲ ကျူးဘားဆရာဝန်တွေကို အမေရိကန်ပြောလို့ ပြန်လွှတ်လိုက်ပြီး အမေရိကန်ကလဲ လာမကယ်နိုင်လို့ အလောင်းပုံနေခဲ့ပါတယ်။

ယူကေမှာလဲ ဂျွန်ဆင်က lockdown ကို စောစောမလုပ်လို့ လူသိန်းချီသေခဲ့ပါတယ်။ သူ့ကျန်းမာရေးစနစ်ကလဲ အလွန်ကောင်းသလို စီးပွါးရေးကလဲ ကောင်းတဲ့တိုင်းပြည်ပါ။


ထို့အတူ အီတလီဟာလဲ ဥရောပမှာ အသေအပျောက်များတဲ့တိုင်းပြည်ပါ။ အလောင်းတောင် တပ်ကိုခေါ်ပြီး သယ်ခိုင်းခဲ့ရပါတယ်။ ပြင်သစ်မှာလဲ တိုင်ပတ်နေပါတယ်။

အင်ဒိုနီးရှားက အရှေ့တောင်အာရှမှာ ဖြစ်နှုန်းများနေပါတယ်။ အိန္ဒိယမှာလဲ ပိုးကူးနှုန်းက မြင့်နေသလို lockdown လုပ်တာ အချိုးမကျလို့ သေသူတွေများနေပါတယ်။

မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကြောင့် ကိုဗစ်ရောဂါကို ရှိတဲ့ ငွေကြေးအရင်းအမြစ် လူသားအရင်းအမြစ်နဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါကဘာကိုပြသလဲဆိုတော့ ခေါင်းဆောင်မှုဟာ ဘယ်လောက်အရေးကြီးလဲဆိုတာပါ။

စာရေးသူတို့ သူမလိုခေါင်းဆောင်ကိုရထားတာ အင်မတန်မှ ကံကောင်းပါတယ်။

ကံဆိုတာ အလုပ်ဖြစ်ပြီး ဒါဟာစာရေးသူတို့ ၂၀၁၅ မှာ NLD ကို မဲပေးခဲ့လို့ပါ။

ဆက်ပြီးကံကောင်းအောင် ၂၀၂၀ မှာလဲ NLD ကိုမဲပေးပြီး အဓမ္မဝါဒီတွေကို တိုက်ထုတ်ကြပါ။

News Credit: worldometer, BBC, Guardian, sky, CNN, politico

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

4 Comments


Myint Soe Oo
Myint Soe Oo
Jun 13, 2020

ဦးမြတ် ကျီးပေါင်းကြောင့် ရှည်ရှည် မရေးနိုင်သည်ကို နားလည်မှုပေးသည့်အတွက် ကျေးဇူးပါ။

Like

Myat Tun Oo
Myat Tun Oo
Jun 13, 2020

Myint Soe Oo, ကျန်းမာရေး ဂရုစိုက်ပါ။

Like

Myint Soe Oo
Myint Soe Oo
Jun 13, 2020

ဦးမြတ် ! ဆီးချိုတွေ တက်နေလို့?

ဘာတွေ စားမိလဲ? စိန်တလုံးတွေ ပေါ်သခိုက် အကြိုက် တွယ်မီလို့။

သွေးတွေ တိုး နေလို့? တိုးမှာပေါ့ သုံးထပ်သား ခွက်ပြတ် ကိုင်ပြစ်တာကိုး ။

အကျိုးပေါ်လာလျှင် အကြောင်းရှာကြတာနိယမပါ။

+++++++++++++++


ခုဆောင်းပါးမှာလည်း ချမ်းသာတဲ့ နိုင်ငံတွေမှာ CV19 ကြောင့် ရောဂါအဖြစ်များ သေနှုံးတိုးပွားနေရခြင်းမှာ ဘာကြောင့်လဲ။ အကြောင်းရှာတော့ ခေါင်းဆောင်


ဆင်းရဲပေမယ့် ဖြစ်နှုံး (ချမ်းသာနိုင်ငံများနှင့် ယှဥ်လျှင်) နည်း သေဆုံးသူက ခု ဂဏန်းအရေအတွက် ။ဘာကြောင့်လဲ ?

အကြောင်းရှာတော့ ခေါင်းဆောင်!


လွန်စွာ အရေးကြီးလှပါသည်။


~~~±~~~±~~~±~~~


၅၅၀ ဇာတ်တော်လာ လှည်းသား ငါးရာ ဝတ္ထု။ ခေါင်းဆောင်ကောင်း လှည်းအကြီးအမှုး ဦးစီးခေါင်းဆောင် ကောင်းမှု ကို မီးမောင်းထိုးပြထားပါသည်။(ဇတ်ဝတ္ထုအရှည် သိပြီးကြပြီ ဖြစ်ပါ၍ ရည်ညွုန်းအနေဖြင့်သာ တင်ပြအပ်ပါသည်။

ကန္တာရခရီးကို နေ့နေပူကြီးမှာ မသွား။ နား ။ ည အပူပျောက်မှ လိုရာရောက်အောင် အေးချမ်းစွာ သွား။(ကာလ ဒေသ အပေါ် ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ) ။ရေရှည်ခရီး တနေ့ထဲ ပြီးသွားမည် မဟုတ်။

ကန္တာရခရီး ညအသီးသီးမှာ ရှာမှီးစရာ လမ်းမွန်ကို ညွန်မည့် သင်္ကေတ! ဓူဝံကြယ်က လမ်းပြ။ နက္ခတ်အရာ ကျွမ်းကျင်မှသာ သည်ခရီး နီး မှာပေါ့။(အတတ်ပညာ)။

ရေပြတ်လို့ ရေငတ် ( အကြီးအမှုးစကားနားမထောင် ခရီး ပြီးပြီအထင်ဖြင့် ထင်တိုင်းကြဲ / ပန်းတိုင်မရောက်ခင် လှေတက် ထောင်ကြပြီပေါ့) ။ ရေ ရရာအခြေအရေး ပညာနဲ့ ဆွေးနွေး။ ဒီနေရာတူး။ ကျောက်ဖျာခံ ဇွဲ မသန်နိုင်တော့။ အလှည့်ကျလျှင် မနွဲ့ စတမ်း။ အမာခံတွေနဲ့ အဆန်လှေမို့ လှော်တက် တချောင်းစီ ရမယ်။(ကိုမင်းကိုနိုင်…


Like

Sunny Aung
Sunny Aung
Jun 13, 2020


ဟုတ်ပါတယ်.. အဓမ္မဝါဒီ လူညစ်တွေကို မောင်းထုတ်ဖို့အတွက် ၂၀၂၀ မှာလည်း NLD ကို ဝိုင်းဝန်း ထောက်ခံ မဲပေးကြဖို့ အရေးကြီးပါတယ်..

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page