top of page
Search

ခေါင်းဆောင်ကောင်းရဲ့ အကျိုး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 24, 2020
  • 1 min read

မနေ့က ကိုဗစ်နဲ့ပတ်သက်လို့ DASSK က မိန့်ခွန်းပြောပါတယ်။ ပြည်သူတွေက ရခိုင်ပြည်နယ်က ကိုဗစ်ကို စိုးရိမ်နေချိန်မှာ စကားပြောလို့ ပထမအနေနဲ့ ပြည်သူကို စိတ်သက်သာရာ ရစေပါတယ်။

သူမဟာ သူမရဲ့ကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံစာကို သေချာဖတ်ထားတာ ထင်ရှားပါတယ်။သူမက ပြည်သူတွေကို စစ်တွေက ကိုဗစ်ဟာစျေးကပျံ့လို့ သတိထားဖို့ မှာသွားခဲ့ပါတယ်။

ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းဆိုတာက ပြဿနာပေါ်လာမှ တွေ့ရတာပါ။ အင်္ဂလိပ်စကားပုံက“cometh the hour, cometh the man” ပေါ့။

သူမက ပြည်သူကို ရခိုင်မှာ ဘာဖြစ်နေတယ်၊ သူမအစိုးရက ဘာလုပ်နေတယ်၊ ပြည်သူက ဘာလုပ်ဖို့လိုတယ်ဆိုတာကို ရှင်းလင်းစွာချပြသွားခဲ့ပါတယ်။ ဘာတွေကိုလုပ်မယ် ဘယ်လိုစစ်ဆေးမှုတွေလုပ်မယ်ဆိုတာကိုလဲ ချပြသွားခဲ့ပါတယ်။

သူမစကားပြောရာမှာ ပြည်သူတွေကို အမှန်အတိုင်း အခြေအနေမှန်ကိုပြောသလို အစိုးရိမ်မလွန်အောင်လဲ အစွန်းနှစ်ဖက်ကို ရှောင်သွားခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်တွေအတွက် အရေးကြီးပါတယ်။ ဒီလိုကပ်ရောဂါတွေက ပြည်သူတွေရဲ့ အစိုးရအပေါ် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု public trust and cooperation with the government during the crisis က အရေးကြီးပါတယ်။ ဒါတွေကို DASSK က ကိုဗစ်ကာလမှာ လုပ်ဆောင်နိုင်ပါတယ်။ စာဖတ်သူများတွေးကြည့်ပါ ယခုလိုအချိန်မှာ ဘစိန်က မိဘပြည်သူများခင်ဗျားဆို ဘယ်သူက နားထောင်မှာလဲ? နောက်ပြည်သူတွေက ဘရွှေမန်းစကား၊ တပ်ချုပ်မအလစကား၊ သက်သက်ခိုင်စကား၊ ကိုကိုကြီးစကားတွေကို သူမစကားလောက် ပြည်သူတွေက အလေးမထားနိုင်ပါ။


နောက်အားသာချက်က သူမဟာ အနောက်တိုင်းမှာ နေခဲ့ပေမယ့် အဘတွေထက် မြန်မာစကားကျွမ်းကျင်မှုနဲ့ စကားကို ရိုးသားစွာ ထိထိရောက်ရောက် ပြောနိုင်မှုပါ။ ရိုးရှင်းတဲ့ သတင်းစကားပါးမှုsimple and clear message နဲ့ ရိုးသားမှု honesty ကလဲ ကပ်ရောဂါကာလ during the pandemic crisis မှာအရေးကြီးပါတယ်။


နောက်ပြီး သူမရဲ့ လူတွေကို ပရဟိတအနေနဲ့ လုပ်အားပေး ပါဝင်ကူညီလာအောင် လုပ်နိုင်မှုပါ။ ယခုလိုကပ်ရောဂါကို ရင်ဆိုင်ရတာဟာ စစ်ပွဲကြီးတစ်ခုလိုပါဘဲ။ သူမရဲ့ ပရဟိတတပ် /လုပ်အားပေးတပ်ဖွဲ့volunteer army ဟာ လူပေါင်း သိန်းချီပါတယ်။ သူမဟာ အဆိုပါလူတွေကို သူမရဲ့စကားလေးနဲ့ ပါဝင်လာအောင် လုပ်နိုင်ပါတယ်။ ability to mobilise the public ပါ။ ဥပမာ ဒုတိယကမ္ဘာစစ်မှာ ချာချီက သူ့လူတွေကို တပ်ထဲဝင်အောင်၊ အားတက်အောင် မိန့်ခွန်းတွေနဲ့ စွဲဆောင်ရပါတယ်။ အဲ့ဒီလို မစွဲဆောင်နိုင်ဘဲ ပြည်သူကို သေနတ်ထောက်ပြီး အတင်းလုပ်ခိုင်းရင် အဓမ္မလုပ်အားပေးမှုဖြစ်သွားပါတယ်။ မြန်မာ့သမိုင်းမှာ အင်းစိန်နားကို သူပုန်ရောက်ချိန်မှာ ဒီမိုအစိုးရလက်ထက်ဆိုတော့ ပြည်သူက ရိက္ခာတွေပို့ပြီးကူခဲ့ကြတာ မှတ်မိမှာပါ။ နောက်တရုတ်ဖြူကျူးကျော်တော့လဲ ပြည်သူတွေက တရုတ်ဖြူကိုတိုက်ဖို့ ဒီမိုအစိုးရတွေလက်ထက်မှာ တပ်ထဲဝင်ကြတာပါ။ စစ်အစိုးရလက်ထက်မှာ လူတွေက သူတို့ကိုမကြိုက်တော့ ဝင်မကူလို့ Porter လို့ခေါ်တဲ့ အဓမ္မလုပ်အားပေးခေါ်ပြီး စီမံကိန်းတွေ လုပ်ရတာပေါ့။


ယခုကိုဗစ်ဟာ ထိန်းချုပ်မှုကောင်းတဲ့ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျာမနီတို့မှာလဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် မဟုတ်ပါ။ DASSK မနေ့က ထွက်ပြောလိုက်တာဟာ တိုင်းပြည်အတွက်သူမဟာ ကိုဗစ်မှာ ဦးဆောင်မှုပေးနိုင်တာကို ပြလိုက်တာပါ။ စာရေးသူအနေနဲ့လဲ ယခုအချိန်မှာ မြန်မာပြည်ရဲ့ခေါင်းဆောင်ဟာ သူမဖြစ်နေတာကို ကျေးဇူးတင်မိပါတယ်။ သူမကို ရွေးချယ်ပေးလိုက်တဲ့ပြည်သူတွေကိုလဲ ကျေးဇူးပါလို့ ပြောပါရစေ။ ၂၀၂၀ နိုဝင်ဘာမှာလဲ ပြည်သူတွေက အရွေးမှန်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။



 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Aug 25, 2020

အဖိုးအဖွားဖခင်မိခင်တို့၏ ကောင်းမြတ်သည့် လူသားစွမ်းရည်များ စု စည်းတည်ရှိခြင်းကြောင့် ဖွားစု ဟု အမည်သမုတ်

ခေါ်ဆိုသရုပ် ထုတ်မိပါသည်။

ဖခင်၏ အရည်အချင်းကောင်းများကို စု ပေါင်း၊ စု ဆောင်း။

ဤအရည်အချင်းကောင်းများကို

တူညီအချိုးကျ မျှစေရန် အ**တု**ယူ။ အရည်အချင်းပြည့်မီအောင် ကံ(ကာယကံ ဝစီကံ မနောကံ /အလုပ်) ဉာဏ် ဝိရိယ

ဖြင့် မိမိကိုယ်မိမိ **ပြု**စုပျိုးထောင်ခဲ့ခြင်းကြောင့် အောင် ခဲ့ရပါသည်။ ဖခင်အရှိန်အဝါကို မသုံးသော်လည်း ဖခင် ပြဆို ကျင့်သုံးခဲ့သော အကျင့်(သိက္ခာ)ကို ရင်လွယ်သားသို့ ကျင့် ပွား ခြင်းကြောင်း **အောင်**မြင်မှုအဖြာဖြာ မိုးဆမ်းပန်းသို **ဆန်း**ကြယ်စွာ အသစ်တဖန် ပေါ်ထွက်လာရပါသည်။

အတိတ် ပစ္စုပ္ပန် နှစ်ဖြာကာလမှာ

မလိုသူတွေ အောင်တော့လည်း သူ မမှိုင်၊ ကျရှုံးပြန်တော့လည်း မပြုံး။

အမုန်းကမ်းမှာ မရပ်။

လိုလားနှစ်ခြိုက် အကြိုက်တွေ့သူများ၏ သြဘာသံ နားလျှံအောင်ကြားရသော်လည်း ဘဝင်မမြင့်၊ လိုလားသူအပေါင်း၏ အပြုံးလှလှ အပြုံးတွေခ အပြုံးတွေပြကြတဲ့အခါ ပြုံးမျှမျှဖြင့် တုန့်ပြန်။

ချစ်ခြင်း အရပ်လည်း မနေ။

အဆိုး အကောင်း သောင်းပြောင်းရောသည့် လောကဓံကို ညီမျှအမြင် အမုန်း အပြုံး မဝင်၊ စိတ်ထား စင်စင် ဖြင့် တုန့်ပြန်နိုင်သော စွမ်းပကား။ဘယ်ကရပါသနည်း။

သစ္စာအခြေခံ

သင်္ခါရုပက္ခာဉာဏ်။

ကြည်ညိုမှု အဆုံးသပ်ရပ်ပါပြီ။


စေ လိုသည်မှာ ငြိမ်းချမ်းဝေ

တ သက်မမုန်းဖို့၊မေတ္တာနဲ့ စေ

နာ ခံသည်ပိုး၊ ပြည့် ကောင်းကျိုး

စေတနာဖြူဖြူ ၊ မေတ္တာ ကူ

လုပ်ငန်းခွင်ကို ထူ

လူလူသူသူ လူထုခံယူ

*စု*ညီမှု အတူ

*တု*ပတလီ

*ပြု*စု စိတ်ထား

ပြည်ဆွေသားသို့။

စု တု ပြု အမှု

တိုင်းညီနောင်အပေါင်း၏

စိတ်ဘဝင်မှာ ထာဝရ.…


Like

Myint Soe Oo
Myint Soe Oo
Aug 25, 2020

ဦးမြတ်! အထက်တန်းအဆင့်မှာ

စု တု ပြု ဆောင်းပါး သင်ကြားခဲ့ရပါသည်။ စာပေမှပေးသော ကောင်းကျိုးပေါ်အောင် ဖေါ်ဆောင်စေမည့် အကြောင်းအရာအချက်အလက်များကို *စု*ဆောင်းပါ။ ယင်းအချက်များ၏ အရည်အသွေးမီအောင်

တုပပြီး အ*တု*ယူ ၊အချင်းပြည့်မီလူသား(လူငယ်)ဖြစ်အောင် စုဆောင်းထားသည့် အချက်အလက်(နည်းနာနိဿယ)အတိုင်း မိမိကိုယ် မိမိ (အောင်မြင်မှု ရရှိအောင်) *ပြု*စု ပျိုးထောင်ပါ။သို့ပါ၍ စု တု ပြု တတ်မှ အမြတ် အမွန် ဧကန် ချွန်ပါမည်။

ခုခါ ထမိန်(ထမီ)ခြုံရယ်လို့ နှိမ်ချ စွပ်စွဲ အပြစ်တင် ကဲ ၊ သဲသဲမဲမဲ ရှုံချနေသည်ကို မြင်တွေးနိုင်ပါသည်ကြေနပ်စွာ ဖြင့် ခံယူပါသည်။အကြင်နာမေတ္တာအပြည့် လွှမ်းခြုံထားသော (ဆရာလည်း ဟုတ် ၊ အမေလည်းဖြစ်သော)အမေ့ ထမီပုံအတွင်းက ထွက်လာခြင်းကြောင့်သာ ဤအခြေနေရောက် ဤစာမျိုးရေးနိုင်ခြင်းက သက်သေအဖြစ် ရပ်တည်နေပါသည်။အမေ့ထမီစ နားမှာ ပန်ဆင် တိုက်စစ်နွဲခဲ့ကြတာ ရှေးဗမာကြီးများရဲ့ အမေ့ထမီတန်ဘိုးထားမှု တစ်ခုပါ။

#ဖွားစုအားကြည်ညိုလေးစားသူတိုင်းကိုထမီခြုံဟုခေါ်သလား#။

သခင်အောင်ဆန်းသမီးမို့ ကြည်ညိုသက်ဝင်ချစ်ခင်ကြသည်လား? ကွဲပြားအောင် ခွဲခြားရန်လိုအပ်ပါသည်။

ဂျပန်က သန်းချီသော အထောက်အပံပေးသည်မှာ ဖွားစု၏ လူသားစွမ်းဆောင်ရည်(ကံ ဉာဏ် ဝိရိယ) ကို လေးစားမှုအရ လူသားချင်းစာနာထောက်ထား မပြည့်မစုံလှုပ်ရှား နေရမှုကို ကြည်ညိုတန်ဘိုးထားခြင်းကြောင့်သာဖြစ်ပါသည်။

CV19 ကိုင်တွယ်ပုံကိုကြည့်ပြီး #ဖျားသွားခြင်းကြောင့်# ကုလချုပ် ၊ အိန္ဒိယ ဝန်ချုပ် ၊ WHOတို့ အသိအမှတ်ပြုတာ စွမ်းဆောင်ရည်ကြောင့်ပါ။

ယနေ့ fb မှာ တင်ထားတဲ့ ဦးမြတ်ဆောင်းပါးအောက်က ကွန်မန့်တွေမှာ ရခိုင်လူငယ်တို့၏ အမှန်မြင် ရင်ဖွင့်သံကို တိုင်းကျော် ပြည်လျှံ အသံအမှန်ကို ကြားမြင် သိနိုင်ပါသည်။ မေတ္တာတရား သစ္စာတရားလွှမ်းခြုံထားတဲ့ ထမီတစုံကို

ယုံ သွား၍ အမြင်တွေ ကြည် သွားပါပြီ။ မေတ္တာနဲ့ တည်ဆောက်သော ယုံကြည်မှု။ မိခင်ကောင်း နှင့် သားသမီးကောင်းကြား ၊ဆရာကောင်းနှင့်…

Like

naynanmyint629395
naynanmyint629395
Aug 25, 2020

နာဂစ် တုံးက

လက်အုပ်ချီပီးဒူးတုပ်ထိုင်နေကြ

ရတဲ့ ဒုက္ခသည်ပြည်သူများ

အရှေ့မှာ မီးပူကျ ယူနီဖောင်း

တောက်ပြောင်နေတဲ့ရှုးဖိနပ် အစုံ

နဲ့

#ခုတော့ဘာမှ ပါမလာသေးဘူး

ခင်ဗျားတို့ ဘာလိုလဲ လာကြည့်တာ#


လို့ လက်ကလေးနောက်ပစ်ပီး

ပြောသွားတဲ့ ဂန္တဝင် စကားလေး

ကို မ မီလိုက်သူများသိအောင်

video လေးနဲ့ပါ တင်ပေးပါ

ရန် မေတ္တာရပ်ခံပါတယ် ဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page