top of page
Search
  • Writer's pictureMyat Tun Oo

ခွဲခြားသော နိုင်ငံတော်


မြန်မာပြည်မှာက တန်းတူညီမျှခြင်းဆိုတာက သီချင်းမှာသာရှိပြီး အပြင်မှာမရှိတာ အားလုံးသိမှာပါ။ပထမဆုံးက မင်းဘာလူမျိုးလဲဆိုပြီး ကွဲကြပါတယ်။ ၁၃၅ မျိုးထဲမပါရင် ဒါကပြဿနာတစ်ခုပါ။ အိုကေ ၁၃၅ မျိုးထဲပါရင် မြန်မာနိုင်ငံသားဖြစ်ပြန်ရင်လဲ ဘာ ဘာသာဝင်လဲဆိုပြီး တစ်ခါထပ်ခွဲပါတယ်။ဒီလူတွေက မြန်မာနိုင်ငံသားတွေနော်။ အိုကေ လူမျိုးခြင်းတူတယ် ဘာသာခြင်းတူတယ်။ ဗမာလူမျိုးဗုဒ္ဓဘာသာ။ ဒါပေမယ့် အဘသားက မတရားမှုကျူးလွန်ရင် အဖမ်းမခံရဘဲလွတ်ပြီး အခြားသူတွေကအဖမ်းခံရတာက ကွာနေပြန်ပါတယ်။ ဒါက အောက်ခြေနိုင်ငံသားတွေမှာ နေဝင်းလက်ထက် racial discrimination လူမျိုးရေးမုန်းတီးမှု၊ religious discrimination ဘာသာရေး နှိပ်ကွပ်မှုအောက် ပညာ​ရေးကနေ လူဖြစ်လာသူတွေအတွက် ပြဿနာရှိနေပါသေးတယ်။


ဒါကိုဘယ်အရာမှာ ပြသွားလဲဆိုတော့ ဇာနီထိုက်နဲ့ ဖွတ်အောင်မင်း စကားပြောရာမှာ ဖွတ်အောင်မင်းကဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးရဲ့ ဘာသာကိုးကွယ်တာကို လူတွေထင်ရောင်ထင်မှားဖြစ်အောင် လုပ်သွားတာပါ။


ဒါကအောင်မင်းရဲ့ ဘာသာရေးခွဲခြားစိတ် အမုန်းစကားဖွနည်းတစ်ခုပါ။ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ရဲ့ဇနီးပါ။ သူဟာ မြန်မာနိုင်ငံသားပါ။ သူမဘာဘာသာကိုးကွယ် ကိုးကွယ်အောင်မင်းအလုပ်မဟုတ်ပါ။ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ဇနီး မြန်မာနိုင်ငံသား DASSK ရဲ့အမေ စာရေးသူတို့အားလုံးချစ်မြတ်နိုးသူပါ။ သူမဟာ အောင်မင်းကိုးကွယ်တဲ့ နေဝင်း၊ သန်းရွှေ၊ သိန်းစိန်တို့လို သူခိုးမဟုတ်ပါ။ လူသတ်သမားတွေမဟုတ်ပါ။ တိုင်းပြည်ကို ဆင်းရဲသွားအောင်လုပ်သူမဟုတ်ပါ။ သူမဟာ အင်မတန်မှ မြင့်မြတ်သူပါ။


ဒီလူ့တန်ဘိုး Values က စာရေးသူတို့အတွက် အရေးကြီးဆုံးပါ။ သူခိုးဟာ ဆရာတော်ကြီးတွေကိုဆွမ်းကပ်ပြီး ဘုရားတည်နေလဲ သူခိုးဟာ သူခိုးဖြစ်ပြီး လူယုတ်မာဟာ လူယုတ်မာပါလို့ ပြောပါရစေ။လောကမှာ လူကောင်းရယ် လူယုတ်မာရယ်သာရှိပြီး DASSK နဲ့ သူမရဲ့ မိခင်တို့ဟာ လူကောင်းများဖြစ်ပြီး နေဝင်း၊ သန်းရွှေ၊ သိန်းစိန်တို့ဟာ လူယုတ်မာများလို့ ပြောပါရစေ။ ပြည်သူများလဲ လူကောင်းဘက်က ရပ်တည်ကြပြီး လူယုတ်မာတွေကို ဝေးဝေးက ရှောင်ကြပါ။

343 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comentarios


bottom of page