top of page
Search
  • Writer's pictureMyat Tun Oo

ခရိုနီ၅၀နှင့်ပြည်သူသန်း၅၀ဘယ်အရာရွေးမလဲ?


ခရိုနီ၅၀နှင့်ပြည်သူသန်း၅၀ဘယ်အရာရွေးမလဲ?

သာမန်ပြည်သူတွေကပိုက်ဆံမရှိရင်ငွေချေးရပါတယ်။အပေါင်ခံရင်သုံးကျပ်တိုးဖြစ်ပြီးပစ္စည်းမပေါင်ရင်တစ်လ၁၀အတိုးပါ။လမ်းဘေးကစျေးသည်လေးတွေဆိုနေ့ပြန်တိုးပါ။တပ်ထဲမှာလဲတပ်ရင်းမှူးကတော်ထံကအတိုးယူသူများကိုလစာထဲကပြန်ဖြတ်တာပါဘဲ။အတိုးမပေးရင်အပေါင်ဆုံးပါတယ်။အိမ်ပေါင်ရင်အိမ်သိမ်းပါတယ်။သာမန်ပြည်သူတွေအတွက်အတိုးမဲ့ကာလမရှိသလို၁% နဲ့ပိုက်ဆံချေးလို့မရပါ။ဒါဟာသာမန်ပြည်သူနဲ့အဘတို့ခရိုနီတွေကိုချေးခဲ့တာကွာတာပါ။

ခရိုနီထံကဘဏ်တွေကကြွေးတောင်းအပြီးမှာပထမစပြောတာကသူတို့ကိုတောင်းရင်တိုင်းပြည်စီးပွားရေးပျက်မယ်ဆိုပြီးခြိမ်းခြောက်တာပါ။ဒါကိုပညာရှင်များနဲ့စာရေးသူတို့လိုသာမန်လူများကဝင်ရှင်းပြီးနောက်မှာဘဏ်တွေကသာမန်ပြည်သူကိုအတိုးပေးနိုင်ပါ့မလားဆိုပြီးငြင်းပြန်ပါတယ်။ဒါဟာလဲအစိုးရကသာမန်ပြည်သူကဘဏ်အပ်ငွေကိုအာမခံပြီးပေးနိုင်တယ်ဆိုတာပြောအပြီးမှာယခုသူတို့ခြိမ်းခြောက်တာကခရိုနီကိုမှီခိုသူတွေအလုပ်လက်မဲ့ဖြစ်နိုင်ကြောင်းပါ။

ခရိုနီကြီးတွေဟာအဘလက်ထက်ကထဲကနည်းမျိုးစုံနဲ့သာမန်ပြည်သူမရနိုင်တဲ့အခွင့်အရေးတွေနဲ့ချမ်းသာလာခဲ့ကြပါတယ်။အိမ်ရာမြေတွေစျေးအဆပေါင်းများစွာထောင်တက်ခဲ့ချိန်မှာပြည်သူကိုမျက်နှာမမူဘဲပျော်ပျော်ကြီးရိုက်စားခဲ့ပါတယ်။

မနေ့ကအင်တာဗျူးနှစ်ခုကိုကြည့်ရဖတ်ရပါတယ်။စာရေးသူယခင်ကပြောခဲ့သလိုပါဘဲလုပ်ငန်းသဘောအရမြန်မာနိုင်ငံမှာလက်ရှိဖွဲ့ထားတဲ့အသင်းတွေကဥက္ကဌ၊အတွင်းရေးမှူးတွေဟာယခင်အဘတွေဖွတ်တွေနဲ့နည်းစပ်သူတွေများပါတယ်။အချို့စက်မှုဇုံဥက္ကဌအချို့ဆိုဖွတ်ဘက်ကနေရွေးကောက်ပွဲတောင်၂၀၁၅ကဝင်ပြိုင်ခဲ့ပါသေးတယ်။ပထမအင်တာဗျူးကမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ကအထွေထွေအတွင်းရေးမှူးဦးမျိုးမြင့်ပါ။သူကခရိုနီ၅၀ကျော်ကိုတရားစွဲရင်ဒီလုပ်ငန်းရှင်၅၀မဟုတ်ဘဲသူတို့ကိုမှီခိုနေသူတွေပါထိခိုက်မယ်ဆိုပြီးခြိမ်းခြောက်ပါတယ်။သာမန်စျေးသည်အကြွေးယူတာကိုသွားတောင်ရင်လဲသူကသူတင်မဟုတ်သူ့မိသားစုပါထိခိုက်မယ်လို့ပြောမှာပါ။ဒါနဲ့ခရိုနီ၅၀ကမဆပ်ဘဲအစိုးရကိုကျပ်မယ်ဆိုတဲ့သဘောပြောပါတယ်။သူကခရိုနီတွေဟာအတိုးတောင်မပေးကြောင်းလဲဝန်ခံပြောကြားသွားပါတယ်။သူကဘဏ်တွေမှာငွေတွေပိုလျှံနေတယ်ဆိုပြီးတော့လဲရှေ့နောက်စကားမညီထပ်ပြောပါတယ်။သူဆိုလိုချင်တာကဘဏ်တွေမှာငွေပိုနေတယ်ခရိုနီတွေ၊ဖွတ်တွေယူထားတဲ့ကြွေးကိုမတောင်းနဲ့ပေါ့။ဘဏ်တွေဟာလဲအများစုကဘယ်သူပိုင်လဲအားလုံးသိမှာပါ။ဒုတိယကရွှေလင်ဗန်းစက်မှုဇုံကလူပါ။

အကျဉ်းချုပ်ရရင်တော့ဧရာဘဏ်ကဇွဲနေဝင်းကိုစွဲသလို၊ဘဏ်တွေကစွဲစရာရှိတာတွေစွဲပြီးလုပ်စရာရှိတာတွေသာဆက်လုပ်ပါ။ခရိုနီထောင်ကျလဲပြည်သူကအေးဆေးပါ။ဇွဲနေဝင်းအမှုနိုင်နိုင်ဧရာဘဏ်နိုင်နိုင်ပါ။အိမ်ခြံမြေစျေးထိုးကျလဲသာမန်ပြည်သူကနေစရာတစ်ခုတောင်အနိုင်နိုင်ပါ။မြေစျေးတွေထိုးကျခဲ့ရင်မြန်မာပြည်မှာမြေတွေကိုမတရားသိမ်းထားတဲ့အဖွဲ့ကြီးလဲထိခိုက်ပါမယ်။အခြားထင်ရှားတဲ့ငွေချေးသူများကအဘနဲ့ပတ်သက်သူ၊နံနံလိုဖွတ်အချို့နဲ့ဇေကြီးတို့အဖွဲ့တွေပါ။ပြည်သူကအေးဆေးပါ။ခရိုနီမှီခိုသူအလုပ်မရှိရင်ယခုလက်ရှိအစိုးရရဲ့စီမံကိန်းတွေကနေအလုပ်ပေးပါလိမ့်မယ်။ဒါကမှsurgical strike လို့ခေါ်တဲ့မတရားလုပ်ထားသူခရိုနီနဲ့သူ့အနွယ်သာရွေးထိမှာပါ။ဒါဟာ၂၀၀၈ခြေဥနဲ့လဲနောက်ကြောင်းမပြန်လို့ညီပါတယ်။ဒါဆိုရင်ခရိုနီအားကိုးအဘအားကိုးပုဆိန်ရိုးတွေနည်းလာပါမယ်။တိုင်းပြည်ကိုဒုက္ခပေးသူတွေနည်းလာပါမယ်။နံနံတို့လိုဖွတ်တွေ၊ခရိုနီတွေကိုကြွေးမဆပ်လို့ထောင်ချတာကလွတ်ငြိမ်းချမ်းသာနဲ့လွတ်ဖို့တောင်နည်းသွားမှာဖြစ်သလိုနိုင်ငံရေးအကျဉ်းသားစာရင်းမှာလဲပါနိုင်မှာမဟုတ်ပါ။

ဒါကြောင့်ပြည်သူသန်း၅၀ဘက်ကရပ်တည်ပြီးဆက်သာလုပ်ပါလို့တိုက်တွန်းပါရစေ။

သန်း၅၀သောပြည်သူတွေကအေးဆေးပါ။ပြည်သူများဝန်ထမ်းများကိုပြောချင်တာကခရိုနီအားကိုးအဘအားကိုပုဆိန်ရိုးအဆိုးမြင်ဝါဒီများကိုဆန့်ကျင်ကြပါလို့သာပြောပါရစေ။အားလုံးအဆင်ပြေမှာပါ။

Photo credit : Eleven


Zawgyi version

ခရိုနီ၅၀ႏွင့္ျပည္သူသန္း၅၀ဘယ္အရာေရြးမလဲ?

သာမန္ျပည္သူေတြကပိုက္ဆံမရွိရင္ေငြေခ်းရပါတယ္။အေပါင္ခံရင္သုံးက်ပ္တိုးျဖစ္ၿပီးပစၥည္းမေပါင္ရင္တစ္လ၁၀အတိုးပါ။လမ္းေဘးကေစ်းသည္ေလးေတြဆိုေန႔ျပန္တိုးပါ။တပ္ထဲမွာလဲတပ္ရင္းမွူးကေတာ္ထံကအတိုးယူသူမ်ားကိုလစာထဲကျပန္ျဖတ္တာပါဘဲ။အတိုးမေပးရင္အေပါင္ဆုံးပါတယ္။အိမ္ေပါင္ရင္အိမ္သိမ္းပါတယ္။သာမန္ျပည္သူေတြအတြက္အတိုးမဲ့ကာလမရွိသလို၁% နဲ႔ပိုက္ဆံေခ်းလို႔မရပါ။ဒါဟာသာမန္ျပည္သူနဲ႔အဘတို႔ခရိုနီေတြကိုေခ်းခဲ့တာကြာတာပါ။

ခရိုနီထံကဘဏ္ေတြကေႂကြးေတာင္းအၿပီးမွာပထမစေျပာတာကသူတို႔ကိုေတာင္းရင္တိုင္းျပည္စီးပြားေရးပ်က္မယ္ဆိုၿပီးၿခိမ္းေျခာက္တာပါ။ဒါကိုပညာရွင္မ်ားနဲ႔စာေရးသူတို႔လိုသာမန္လူမ်ားကဝင္ရွင္းၿပီးေနာက္မွာဘဏ္ေတြကသာမန္ျပည္သူကိုအတိုးေပးနိုင္ပါ့မလားဆိုၿပီးျငင္းျပန္ပါတယ္။ဒါဟာလဲအစိုးရကသာမန္ျပည္သူကဘဏ္အပ္ေငြကိုအာမခံၿပီးေပးနိုင္တယ္ဆိုတာေျပာအၿပီးမွာယခုသူတို႔ၿခိမ္းေျခာက္တာကခရိုနီကိုမွီခိုသူေတြအလုပ္လက္မဲ့ျဖစ္နိုင္ေၾကာင္းပါ။

ခရိုနီႀကီးေတြဟာအဘလက္ထက္ကထဲကနည္းမ်ိဳးစုံနဲ႔သာမန္ျပည္သူမရနိုင္တဲ့အခြင့္အေရးေတြနဲ႔ခ်မ္းသာလာခဲ့ၾကပါတယ္။အိမ္ရာေျမေတြေစ်းအဆေပါင္းမ်ားစြာေထာင္တက္ခဲ့ခ်ိန္မွာျပည္သူကိုမ်က္ႏွာမမူဘဲေပ်ာ္ေပ်ာ္ႀကီးရိုက္စားခဲ့ပါတယ္။

မေန႔ကအင္တာဗ်ဴးႏွစ္ခုကိုၾကည့္ရဖတ္ရပါတယ္။စာေရးသူယခင္ကေျပာခဲ့သလိုပါဘဲလုပ္ငန္းသေဘာအရျမန္မာနိုင္ငံမွာလက္ရွိဖြဲ႕ထားတဲ့အသင္းေတြကဥကၠဌ၊အတြင္းေရးမွူးေတြဟာယခင္အဘေတြဖြတ္ေတြနဲ႔နည္းစပ္သူေတြမ်ားပါတယ္။အခ်ိဳ႕စက္မွုဇုံဥကၠဌအခ်ိဳ႕ဆိုဖြတ္ဘက္ကေနေရြးေကာက္ပြဲေတာင္၂၀၁၅ကဝင္ၿပိဳင္ခဲ့ပါေသးတယ္။ပထမအင္တာဗ်ဴးကျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ကအေထြေထြအတြင္းေရးမွူးဦးမ်ိဳးျမင့္ပါ။သူကခရိုနီ၅၀ေက်ာ္ကိုတရားစြဲရင္ဒီလုပ္ငန္းရွင္၅၀မဟုတ္ဘဲသူတို႔ကိုမွီခိုေနသူေတြပါထိခိုက္မယ္ဆိုၿပီးၿခိမ္းေျခာက္ပါတယ္။သာမန္ေစ်းသည္အေႂကြးယူတာကိုသြားေတာင္ရင္လဲသူကသူတင္မဟုတ္သူ႔မိသားစုပါထိခိုက္မယ္လို႔ေျပာမွာပါ။ဒါနဲ႔ခရိုနီ၅၀ကမဆပ္ဘဲအစိုးရကိုက်ပ္မယ္ဆိုတဲ့သေဘာေျပာပါတယ္။သူကခရိုနီေတြဟာအတိုးေတာင္မေပးေၾကာင္းလဲဝန္ခံေျပာၾကားသြားပါတယ္။သူကဘဏ္ေတြမွာေငြေတြပိုလၽွံေနတယ္ဆိုၿပီးေတာ့လဲေရွ႕ေနာက္စကားမညီထပ္ေျပာပါတယ္။သူဆိုလိုခ်င္တာကဘဏ္ေတြမွာေငြပိုေနတယ္ခရိုနီေတြ၊ဖြတ္ေတြယူထားတဲ့ေႂကြးကိုမေတာင္းနဲ႔ေပါ့။ဘဏ္ေတြဟာလဲအမ်ားစုကဘယ္သူပိုင္လဲအားလုံးသိမွာပါ။ဒုတိယကေရႊလင္ဗန္းစက္မွုဇုံကလူပါ။

အက်ဥ္းခ်ဳပ္ရရင္ေတာ့ဧရာဘဏ္ကဇြဲေနဝင္းကိုစြဲသလို၊ဘဏ္ေတြကစြဲစရာရွိတာေတြစြဲၿပီးလုပ္စရာရွိတာေတြသာဆက္လုပ္ပါ။ခရိုနီေထာင္က်လဲျပည္သူကေအးေဆးပါ။ဇြဲေနဝင္းအမွုနိုင္နိုင္ဧရာဘဏ္နိုင္နိုင္ပါ။အိမ္ၿခံေျမေစ်းထိုးက်လဲသာမန္ျပည္သူကေနစရာတစ္ခုေတာင္အနိုင္နိုင္ပါ။ေျမေစ်းေတြထိုးက်ခဲ့ရင္ျမန္မာျပည္မွာေျမေတြကိုမတရားသိမ္းထားတဲ့အဖြဲ႕ႀကီးလဲထိခိုက္ပါမယ္။အျခားထင္ရွားတဲ့ေငြေခ်းသူမ်ားကအဘနဲ႔ပတ္သက္သူ၊နံနံလိုဖြတ္အခ်ိဳ႕နဲ႔ေဇႀကီးတို႔အဖြဲ႕ေတြပါ။ျပည္သူကေအးေဆးပါ။ခရိုနီမွီခိုသူအလုပ္မရွိရင္ယခုလက္ရွိအစိုးရရဲ့စီမံကိန္းေတြကေနအလုပ္ေပးပါလိမ့္မယ္။ဒါကမွsurgical strike လို႔ေခၚတဲ့မတရားလုပ္ထားသူခရိုနီနဲ႔သူ႔အႏြယ္သာေရြးထိမွာပါ။ဒါဟာ၂၀၀၈ေျခဥနဲ႔လဲေနာက္ေၾကာင္းမျပန္လို႔ညီပါတယ္။ဒါဆိုရင္ခရိုနီအားကိုးအဘအားကိုးပုဆိန္ရိုးေတြနည္းလာပါမယ္။တိုင္းျပည္ကိုဒုကၡေပးသူေတြနည္းလာပါမယ္။နံနံတို႔လိုဖြတ္ေတြ၊ခရိုနီေတြကိုေႂကြးမဆပ္လို႔ေထာင္ခ်တာကလြတ္ၿငိမ္းခ်မ္းသာနဲ႔လြတ္ဖို႔ေတာင္နည္းသြားမွာျဖစ္သလိုနိုင္ငံေရးအက်ဥ္းသားစာရင္းမွာလဲပါနိုင္မွာမဟုတ္ပါ။

ဒါေၾကာင့္ျပည္သူသန္း၅၀ဘက္ကရပ္တည္ၿပီးဆက္သာလုပ္ပါလို႔တိုက္တြန္းပါရေစ။

သန္း၅၀ေသာျပည္သူေတြကေအးေဆးပါ။ျပည္သူမ်ားဝန္ထမ္းမ်ားကိုေျပာခ်င္တာကခရိုနီအားကိုးအဘအားကိုပုဆိန္ရိုးအဆိုးျမင္ဝါဒီမ်ားကိုဆန႔္က်င္ၾကပါလို႔သာေျပာပါရေစ။အားလုံးအဆင္ေျပမွာပါ။

Photo credit : Eleven


1,240 views0 comments

コメント


bottom of page