top of page
Search
ခရိုနီရဲ့သတင်းစစ်ပွဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 7, 2019
  • 1 min read
ခရိုနီရဲ့သတင်းစစ်ပွဲ
စာရေးသူအနေနဲ့ဘင်္ဂါလီတွေရဲ့သတင်းစစ်ပွဲကိုပြန်ကြားရေးကမနိုင်နိုင်တာနိုင်ငံခြားမီဒီယာတွေနဲ့မိုလို့လက်ခံပါတယ်။ဒါပေမယ့်ခရိုနီတွေကိုမတိုက်နိုင်တာတော့နားလည်ရခက်ပါတယ်။
ခရိုနီတွေကဘဏ်တွေကကြွေးယူတယ်အတိုးတောင်မပေးဘူး။နောက်အစိုးရသစ်တက်လာတော့ဘဏ်စည်းကမ်းကိုအတိအကျလုပ်လာတယ်။သုံးနှစ်အချိန်ပေးတယ်။အဲ့ဒီတုန်းကတော့အစိုးရကသုံးနှစ်တောင်မခံလောက်ပါဘူးဆိုပြီးအေးဆေးဘဲ။ယခုသုံးနှစ်ကျော်လို့ပြန်ဆပ်ရမယ့်အချိန်မှာခရိုနီတွေကသတင်းစစ်ပွဲစပါတယ်။
သူတို့ကငိုပြလိုက်တယ်။ပြီးတော့သူမွေးထားတဲ့မီဒီယာတွေကအသင်းအဖွဲ့ဥက္ကဠ၊အတွင်းရေးမှူးခရိုနီတွေကိုဗျူးတယ်။ဟိုကခရိုနီကိုထိရင်ဘာဖြစ်သွားမယ်ဆိုပြီးမဟုတ်တဲ့ကောလဟာလကိုလွှင့်တယ်။ပြီးတော့မီဒီယာကဘဲခရိုနီဘဏ်မှာအကြံပေးလုပ်ခဲ့တဲ့အဘနွယ်စီးပွားရေးပညာရှင်ဆိုသူများကိုထပ်ဗျူးပြီးဖြဲခြောက်တယ်။နောက်သူပုန်၊ဖွတ်၊စရဖအကောင့်တုတွေကကောလဟာလထပ်ဖွတယ်။ဒါနဲ့ပြည်သူတွေကဟိုဟာဝယ်သလိုလုပ်တယ်။ရွှေစျေးကကမ္ဘာ့ပေါက်စျေးထက်ကျော်ပြီးတက်သွားတယ်။ဘယ်သူမြတ်လဲရွှေရောင်းတဲ့ခရိုနီဘဲ။နောက်ပြောသူဗဟိုဘဏ်ကတောင်မှပြောသူကမိမိနဲ့မဆိုင်သရောင်အရူးကွက်နင်းပြီးခရိုနီကိုစာနာဖို့လုပ်တယ်။ဒီဗဟိုဘဏ်ကမဘသဘဏ်စာရင်းတောင်းတာတစ်ပတ်ကျော်ကြာပေမယ့်သက္ကဖွတ်ညိုဘဏ်စာရင်းကိုရှာတာမြန်သလိုလျှပ်စစ်ဝန်ကြီးဘဏ့်အကောင့်ကိုလဲချပြတာမြန်တယ်။
ဒီနေရာမှာစာရေးသူသာဆိုခရိုနီတွေကိုကိုင်မလားနိုင်ငံရေးအရဆုံးဖြတ်ပါမယ်။ဆုံးဖြတ်ပြီးရင်ခရိုနီတွေကပိုက်ဆံချေးပြီးပြန်မဆပ်လို့ပြည်သူတွေဘယ်လိုနစ်နာကြောင်းပေါ်လွင်အောင်အင်တာဗျူးတွေလိုက်လုပ်မယ်။မြေစျေးတက်တာသူတို့စျေးကစားလို့ဆိုတာကိုပေါ်လွင်အောင်အင်တာဗျူးမယ်။သူတို့ကိုကိုင်လဲဘာမှမဖြစ်ဘူးဆိုတာကိုမိမိကိုထောက်ခံတဲ့ပညာရှင်တွေကိုဗျူးမယ်။ဗဟိုဘဏ်ကိုလဲအဲ့ဒီမူဝါဒအတိုင်းဗျူးမယ်။ဒါဆိုပြည်သူကမကြောက်တော့ဘူး။နောက်ပြည်သူကလဲမိမိကိုထောက်ခံမယ်။ပိုက်ဆံထုတ်တာရွှေဝယ်တာမလုပ်တော့ဘူး။
ယခုဟာကရန်သူကလိုသလိုကစားသွားပြီးပြန်ကြားရေးကရွှေစျေးတက်အပြီးမှကြေညာချက်ထုတ်ချိန်မှာခရိုနီကိုအလျှော့ပေးသလိုဖြစ်နေပါတယ်။စာရေးသူတို့လိုထောက်ခံတဲ့အကောင့်တွေကရှင်းပြပေမယ့်စာရေးသူတို့မှာမီဒီယာမရှိပါ။
ပြောလိုတာကနိုင်ငံခြားမီဒီယာBBC, CNN နဲ့Al-Jazeera ကိုမနိုင်ရင်တောင်ပြည်တွင်းကခရိုနီမီဒီယာနဲ့သူပုန်ရဲ့သတင်းစစ်ပွဲကိုနိုင်အောင်တော့တိုက်ပေးပါလို့ပြောပါရစေ။
အထောက်အထား: ကောလဟာလထုတ်သောဒီမိုအယောင်ဆောင်သူပုန်အကောင့်
Zawgyi version
Recent Posts
See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ
ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ
NUG အတွက် အရေးကြီးချိန်
NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ
ဒီနှစ်အတွင်း အားရမိသော NUG
ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page