top of page
Search

ကိုလူချောတို့အဖွဲ့ကပြောသော ပြည်သူ့စကား

Writer: Myat Tun OoMyat Tun Oo

ကိုလူချောတို့အဖွဲ့ကပြောသော ပြည်သူ့စကား

လိုင်းပေါ်မှာ ဖွတ်အကောင့်နဲ့ အကောင့်တုများက NLD အစိုးရကို လူမကြိုက်သရောင် သူတို့ဘဲ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မလို ပြောလေ့ရှိပါတယ်။

ဘရွှေမန်းပါတီထောင်ချိန်မှာ သူ့ပါတီရဲ့ ဘဏ္ဍာရေးက အင်မတန်တောင့်တာကို သတိထားမိပါတယ်။NLD လို ၁၉၉၀ ထဲက ဖွဲ့ခဲ့တဲ့ပါတီတောင် သူ့ပါတီအမတ်တွေလစာဖြတ်ပြီးမှ ရုံးဆောက်နိုင်တာပါ။ ဒါတောင် အများကြီးမဆောက်နိုင်သေးပါ။ သူ့ပင်စင်လစာက ကောင်းလို့သာ မှတ်လိုက်ပါတယ်။ သူ့ပါတီထဲကို ယခင်ဖွတ်ပါတီက ပြောင်းလာသူတွေအများဆုံးတွေ့ရပါတယ်။

ဒီနေရာမှာ ဟိုနိုင်လူက သူ့ဘာသာပါတီဝင်တာကို စည်းရုံးရေးလုပ်ချင်တော့ NLD ကို ပမာမခန့်ရေးတင်ရာက လူတွေကသူ့ကို သတိစပြုမိလာပါတယ်။ နောက်ပိုင်းမှာ ကိုလူချောအဖွဲ့ကို အသုံးချရာကပြဿနာစပါတယ်။ သူက ဓာတ်ပုံရိုက်တယ် နောက်သူရိုက်တဲ့ ဓာတ်ပုံကို နေပြည်တော်ပို့တယ်လို့ဆိုပါတယ်။ သူက နေပြည်တော်က ဘယ်သူ့ထံပို့တယ်လို့တော့ မရေးထားပါ။ ကြည့်ရပုံက နေပြည်တော်ကသူ့ပါတီက သတင်းဌာနကိုပေး သတင်းဌာနက သူ့ပါတီအတွက် ဝါဒဖြန့်ဖို့ လုပ်ရာကစပုံပါ။ သူနဲ့ သူ့ပါတီရဲ့ အဆက်အသွယ်ကောင်းတာကိုလဲ ပြနေပါတယ်။

ဒါကို ကိုလူချောအဖွဲ့က ပြည်သူ့မေတ္တာနဲ့ထမင်းစားနေရလို့ ပြည်သူကမကြိုက်လို့ သူတို့ကို နိုင်လူအသုံးချလို့ မကျေနပ်ကြောင်း ပြောရာက ပြည်သူက စသိလာတာပါ။

ဒီနေရာမှာ ဘရွှေမန်းပါတီဟာ ဖွတ်ပါတီမဟုတ်သေးဘဲ ဖွတ်ဟောင်းပါတီအဆင့်သာ ရှိခဲ့တာပါ။ သူကNLD ထဲ ဝင်တယ်ဆိုတဲ့ ကောလဟာလနဲ့ ပေါင်းဖို့ကြိုးစားခဲ့တာကို DASSK တို့က ငြင်းခဲ့ပါတယ်။ ဒီလိုလူထောင်ထားတဲ့ပါတီကို ဝင်တယ်ပြောတာတောင် ပြည်သူထဲက ကိုလူချောတို့က အပြောမခံခဲ့ပါ။

ဒီနေရာမှာ အသစ်ထောင်ထားတဲ့ပါတီတွေရဲ့ ငွေအားနဲ့ ထင်ရောင်ထင်မှား လုပ်နိုင်မှုတွေကို ထည့်တွက်စဉ်းစားရမှာဖြစ်သလို ဒီအဖြစ်အပျက်က ပြည်သူနဲ့လုပ်စားသူတွေက ပြည်သူငြိုငြင်မှာ ကြောက်ပြီးဘယ်သူက ပြည်သူချစ်တယ်ဆိုတာကို သိပုံပါ။

မိမိပါတီကို လူကြိုက်တယ်ထင်ရင် ကိုလူချောအဖွဲ့ကို ခေါ်ကြည့်ပါ။ သူတို့က စကားပြောပါလိမ့်မယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page