top of page
Search

ကောလဟာလများကို လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 7, 2020
  • 1 min read

ree

ကိုဗစ်ဒုတိယလှိုင်းဟာ အနောက်ခြံစည်းရိုး မလုံတာက စခဲ့ပါတယ်။ လုံခြုံရေးက ၂၀၀၈ ခြေဥအရဘယ်သူ့မှာ တာဝန်ရှိလဲ အားလုံးသိမှာပါ။ ဒါပေမယ့် NLD အစိုးရဟာ ဘာမှ အပြစ်တင်မနေဘဲရင်ဆိုင်နေတာ တွေ့ရပါတယ်။


ree

ရန်ကုန်ဟာ ဒုတိယလှိုင်းရဲ့ ဗဟိုချက်ပါ။ ပေါ်လစီချတာဟာ နေပြည်တော်ကပါ။ music zone ဖမ်း မဖမ်းနဲ့ နှာခေါင်းစည်းမတပ်ရင် ဒဏ်ငွေရိုက်တာကအစပေါ့။ ဒါကို DASSK မိန့်ခွန်းမှာအထောက်အထားအနေနဲ့ ကြည့်နိုင်ပါတယ်။ music zone အကြောင်း နောက်မှ ရေးပါ့မယ်။ လူတွေကိုအရေးပေါ်ဆေးရုံတွေ ဆောက်တာ ပေါင်းစပ်ညှိနှိုင်းတာ၊ ကျွေးမွေးဖို့ အလှူရှင်တွေ စေတနာ့ဝန်ထမ်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတာက ရန်ကုန်အစိုးရ ကွီးဖြိုးနဲ့ ကွီးစိုးပေါ့။ ဟိုနယူးယောက်နဲ့ လန်ဒန်လိုဒေါ်လာသန်းချီပေးပြီး လုပ်ရတာတော့ မဟုတ်တာ အားလုံးသိမှာပါ။ မြန်မာ့နည်း မြန်မာ့ဟန် အလှူခံပေါ့။ ဒါကြောင့် အစပိုင်းမှာ အဆင်မပြေမှု ရှိနိုင်မှာပါ။ ဒါကို အစိုးရက နားထောင်ပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒီနေရာမှာ ပြဿနာက စပါတယ်။ အစိုးရမကောင်းကြောင်း လူသောင်းချီ Q ဝင်ချိန် တစ်ယောက် တင်လိုက်တာနဲ့ တပ်အကောင့်တု၊ စရဖအကောင့်၊ ဖွတ်အကောင့်၊ နေဇင်လတ်၊ PPP၊ အခြားပါတီနဲ့ ဓာတ်ခဲနွယ်အကောင့်တွေက ဝိုင်းသမပြီး တင်ကြ ရှယ်ကြတာ တွေ့ရပါတယ်။ ဒါ့အပြင်သတင်းတုများကိုလဲ ရှယ်ကြတာတွေ့ရပါတယ်။

ဥပမာ အောက်ဆီဂျင်ကိစ္စဆို တပ်နွယ်အကောင့်တွေကရှယ်ပြီး အဘက တီဗီပေါ်ထွက်လာ နောက်ပြီးတပ်ကားတွေက လိုလို မလိုလို ဆေးရုံတွေကို အတင်းလိုက်ဝေတာပါ။ သူတို့အကောင့်က အတုတင်ပြီးတော့ ပြည်သူက ဘာမှမဖြစ်လို့ သူက Facebook ပေါ်ကလွှင့် လူမကြည့်တော့ တစ်ပူးက တင်ပေးတာပါ။


ဒါဆိုရင် အဘတို့ကုပေးတဲ့ ဆေးရုံတွေ၊ Q နေရာတွေက အရပ်သားဆေးရုံတွေထက်ကောင်းနေလားဆိုတဲ့မေးခွန်းက ရှိလာပါတယ်။ လှိုင်စစ်ကြောရေးမှာ ဆေးရုံတက်ရတဲ့ လူနာအချို့ဟာ အရပ်သားဆေးရုံကနေ ပြောင်းခဲ့ရသူများ ပါနေပါတယ်။ သူတို့က အစိုးရ ဆေးရုံမှာ ရေသန့်ဗူးပေးပေမယ့် လှိုင်က တပ်ဆေးရုံထဲမှာ ရေအိုးထဲကသာ ခပ်သောက်ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ စားစရာကလဲ တပ်ကချက်ကျွေးတာဟာ အပြင်ကလို မကောင်းကြောင်း အိပ်ရာကလဲ မကောင်းကြောင်း ရင်ဖွင့်ပြပါတယ်။ ယခုလို စာရေးသူအနေနဲ့ မရေးချင်ပါ။ တပ်အနေနဲ့ ဝင်ကူတာ ကောင်းပါတယ်။ ဒါပေမယ့်ဒီလိုရေးပြရတာက တပ်ထဲမှာဆေးရုံတက်ရသူတွေက အနေအစား အဆင်ပြေနေတာမဟုတ်ဘဲကြောက်လို့သာ Live မလွှင့်တာပါ။ သူတို့ က စာရေးသူကို ပြောပြထားတာတွေ အများကြီးပါ။


နောက်တပ်ထဲမှာ အစိုးရက ၂ လစာချေးငွေထဲက ငွေတွေကို ဖြတ်နေလို့ အောက်ခြေက တိုင်နေတာလဲအများကြီးပါ။ လစာထဲက ကိုဗစ်ဖြတ်တာကလဲ ရဲဘော်များအတွက်မကောင်းပါ။

ဒီနေရာမှာ ဖွတ်နဲ့အဘတတွေကို ပြောလိုတာက မဟုတ်တဲ့ သတင်းတွေကို ရေးတာ ရှယ်တာဟာတိုင်းပြည်အတွက်မကောင်းနိုင်ပါလို့ ပြောပါရစေ။ မိမိတပ်ထဲမှာသာ လစာမဖြတ်ဘဲ အဆင်ပြေအောင် ထမင်းနပ်မှန်အောင် ကျွေးနိုင်အောင် လုပ်ပေးပါလို့ ပြောပါရစေ။

ဗဟိုအစိုးရအနေနဲ့လဲ မိမိက အာဏာကုန်ပေးထားတဲ့ ကျန်းမာရေးဝန်ကြီးက ဦးဆောင်ပြီးအလုပ်သမားဝန်ကြီး၊ စီးပွါးကူးသန်းဝန်ကြီး၊ လူကယ်ပြန်တို့နဲ့ ရန်ကုန်က အလုပ်သမားတွေဆင်းရဲသားတွေကို ပိုပြီး မြန်မြန် ကူညီနိုင်အောင် ကြိုးစားကြပါ။ မဟုတ်ရင် အလုပ်သမားအဖွဲ့တွေကအသံကုန်အော်ပြီး တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဖို့ ကြိုးစားပါလိမ့်မယ်လို့ သတိပေးထားပါရစေ။ အချို့ကိစ္စက နေပြည်တော်မှာ အားလုံးကောင်းပေမယ့် လှိုင်သာယာမှာက အဘတို့ရဲ့တောကြောင်တွေ ရောက်နေလို့ အချိန်နဲ့ အမျှ မီးထိုးပေးသူတွေ ရှိနေပါတယ်။ အားလုံးကို မိမိ မလုပ်နိုင်ရင် ရန်ကုန်အစိုးရနဲ့ Video conference ခေါ်ပြီး ပေါင်းစပ်ညှိနှိုင်းပေးပါ။ မဟုတ်ရင် တောကြောင်တွေက စက်မှုဇုံတိုင်းမှာ စောင့်နေပါတယ်လို့ ရင်လေးစွာနဲ့ ပြောပါရစေ။

News Credit: Eleven, BBC Burmese, Nyan Min Htun

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 08, 2020

ဦးမြတ် ! ကောလဟာလ

အခြေအနေအမှန်မှ သွေဖည်ပြီး ပြောဆို ရေးသား ဖြန့်ဝေမှု။အဆိုးမြင်ပေါ် အ ခြေခံပါသည်။

နားလှည့် ပါးလှည့် ဟူသော ဝေါဟာရအသုံးနှင့်လည်းတူညီပါသည်။မျက်စေ့လည် လမ်းမှားပေါ် ရောက်စေလိုခြင်း ဆန္ဒလည်းရှိပါသည်။

ရွံရှာစက်ဆုပ်ဖွယ်ဖြစ်သော ဣဿ မစ္ဆရိယ တရားဆိုး ၂ ပါး

ထူထူပြိန်းပြိန်း ကိန်း နေသူတို့ လက်ကိုင်ထားကျင့်သုံးကြပါသည်။

ခလုတ်တိုက်တာကို ဖားပြုတ်ကိုက်တယ်။

စကော ချပ် လွင့်လာတာကို စက္ကောတပ်ကြီး လွှင့် လာပြီ။

စသည်ဖြင့်။ ထန်းလက်ခြောက်ပေါ် ဥသျှစ်သီးပြုတ်ကြတော့ ယုန်

ထ ပြေးတာကို ကောလဟာလဖြစ်လိုက်တာ တတောတတောင်လုံး ဗရုတ်သုတ်ခ ဒုက္ခတွေရောက်။


****************************


နားလှည့် ပါးလှည့် ဟု သုံးခဲ့ပါသည်။ နားလှည့် အမှန်တရားမကြားနိုင်အောင် လှည့်စားခြင်း။

ပါးလှည့် ? ညာဘက်ပါး အရှေ့ရပ်မှ တောင်အရပ် (၉၀°)လှည်းခြင်းဖြင့် မျက်စေ့လည် အမြင်စောင်းစေခြင်း။

အရပ်ထဲမှာလည်း အများဆုံးသုံးကြပါသည်။ နလှည့် ပလှည့်နဲ့ ယူသွားတာ ရှိတာကုန်သွားတာပဲ။

***% တော်တော် အ တာ၊ခံ ပေါ့%***ဟူ၍ သည်အရပ်မှာတော့ အသုံးများကြပါသည်။ ရိုးသား နားမလည် အမြင်မကြွယ်သူများသည် သားကောင်များသဖွယ် ခံ ရပါတော့သည်။


*****************************


လပိုင်းမျှသာ ခြားသောကာလကပေါ့။ မြို့နယ် နှစ်မြို့နယ်ကြား အစပ်က ရွာတရွာသို့ အဖွဲ့တခုရောက်လာကာ ရွာဦးဘုန်းတော်ကြီးထံ ချဥ်းကပ်ဝင်ရောက် ဖူးမျှော် (ဝတ္ထုငွေဖြင့်္)ကန်တော့ပါ၏။ ဗေဒင့် ယတြာလည်း စွမ်းတယ်လို့ပြောရမှာပေါ့။ ရွာက မြို့တွေနဲ့ အလှမ်းဝေးလွန်းတော့ ကလေးသံထိုလို့ အော်ငိုရင်? ဘာဖြစ်လို့ပါလိမ့်? ရွာဦးကျောင်း သွား ရအောင် !! တွက်ချက်ပြီး ဗိန္ဓောဆေးလေးတိုက်လိုက် ပျောက်သွား၊ တဦး မှ တယောက်၊ ရောဂါကြီးလွန်းရင်တော့ သူ့ကံကိုက ဆေးရုံပို့ရမယ့် ကံပါလာတာကိုး။ အမြင် မကျယ်နိုင်ကြရှာ။

ဒီအဆင်ကို သိနေတဲ့အဖွဲ့က ရွာဦးဘုန်းတော်ကြီးထံ…


Like

Albert Wint
Albert Wint
Oct 08, 2020

အောက်ခြေအနေအထားအမှန်ရေးတင်ပေးတာသဘောကျပါသည် ဆေးကုသချက်အချန်မှီ အစွမ်းထက်စေသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page