ကုလဝန်ထမ်းကို ဘယ်သူပစ်လဲ
- Myat Tun Oo
- Apr 22, 2020
- 1 min read
ပုံမှန် ရန်ကုန်ကနေ စစ်တွေကိုသွားရင် ကားကြီးတွေက ဓာတ်ခဲကို သတင်းပို့ရပါတယ်။ ဓာတ်ခဲကလဲသတင်းပို့ရန် အမိန့်ထုတ်ထားပါတယ်။ ဒီကုလကားက ဓာတ်ခဲကို သတင်းပို့ခဲ့လား မပို့ဘူးလားက မသေဘဲကျန်သူသာ သိမှာပါ။ ဒါကပထမအချက်။
စာရေးသူက သတင်းကိုလေ့လာရာမှာ တပ်ကထုတ်တာရော၊ ဓာတ်ခဲကထုတ်တာရောကို လေ့လာပါတယ်။ အကျဉ်းချုပ်က နှစ်ဖွဲ့စလုံးက ငြင်းပါတယ်။ ဒါပေမယ့် သူတို့ပြောတာတွေမှာ တူတာတွေကနေလေ့လာရအောင်။
တပ်ရော ဓာတ်ခဲကပါ အဲ့ဒီနေ့မနက်က အဲ့ဒီနေရာနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ပြောပါတယ်။ အဆိုပါကားက မနက်က တံတားမဖြတ်ဘဲစောင့်နေပြီး ညနေမှာ တံတားစောင့်တဲ့ လုံခြုံရေးက ပေးသွားတာလို့ဆိုပါတယ်။ ဓာတ်ခဲကလဲ အဲ့ဒီအထိတူပါတယ်။
အဲ့ဒါအပြီးမှာ ဖြစ်စဉ်က ကွဲသွားပါတယ်။
အပစ်ခံရတဲ့နေရာက တံတားကျော်လာအပြီးမှာပါ။ ဓာတ်ခဲက တပ်က လှမ်းပစ်တယ်ပြောပါတယ်။ ဒီနေရာမှာ လုံခြုံရေးဂိတ်က ပေးဖြတ်လိုက်တဲ့ကားကို လုံခြုံရေးဂိတ်က ပြန်လှမ်းပစ်တယ်ဆိုတာက နဲနဲလွဲနေပါတယ်။ သူစိတ်ဖောက်သွားလို့ သူစစ်ပြီးသား ကုလကားကို ပစ်တာလား မေးစရာရှိပါတယ်။
အပစ်ခံရတယ်။ ဓာတ်ခဲက အပစ်ခံရတဲ့ ကားပုံလေးတောင် တင်ပေးထားပါတယ်။ သူက အဲ့ဒီနေရာမှမရှိရင် ဘယ်လိုလုပ် ဓာတ်ပုံရိုက်ခဲ့လဲ စဉ်းစားစရာပါ။
နောက် ဒဏ်ရာကိုခွဲရာမှာ ထွက်လာတဲ့ ကျည်ဆန်က M22/23 သူပုန်သုံးကျည်လို့ တပ်ကပြောပြီးဓာတ်ခဲကတော့ တပ်ကကျည်ပေါ့။ အကယ်၍ ကျည်သာ ဆရာဝန်ကြီးထုတ်တာမှန်ရင်တော့ ဓာတ်ခဲကျည်ပေါ့။ ဓာတ်ခဲထံမှာလဲ တပ်ကလက်နက်တွေရှိတာ မေ့ထားလို့မရပါ။
ဒီနေရာမှာ အသက်ရှင်သူကိုမေးရင် အဖြေမှန်အချို့ရနိုင်ပါတယ်။ ကုလက ဓာတ်ခဲကို သတင်းမပို့ခဲ့ရင်ဓာတ်ခဲပစ်တာဖြစ်ဖို့များသွားမှာပါ။ သူက ကိုဗစ်ပိုးစစ်တာမိုလို့ သတင်းပို့ချိန်မရတာလဲ ဖြစ်နိုင်ပါတယ်။
မင်းဘယ်သူပြောတာကိုယုံလဲဆိုရင် စာဖတ်သူများ မိမိဖာသာ လေ့လာပြီးသာ ဆုံးဖြတ်ကြပါလို့ ပြောပါရစေ။ စာရေးသူကပြောရင် ဘက်လိုက်သွားနိုင်ပါတယ်။ အထောက်အထားတွေက ကြာရင်ပိုများလာမှာပါ။ စာရေးသူက အသက်ရှင်ကျန်သူပြောတာကို ပိုယုံပါ့မယ်။ ဒေသခံပြောတာတော့ မယုံပါ။
စမ်းသပ်လိုသူများ မိမိကိုယ်ပိုင်ကားဖြစ် ဓာတ်ခဲထံသတင်းမပို့ဘဲ စစ်တွေကို ရန်ကုန်ကနေ ကားမောင်းကြည့်ပါ။
Photo Source: တပ်ချူပ်ရုံးနှင့် ဓာတ်ခဲစာမျက်နှာ
Ko Myat! Speciman was occured. Examine with microscope in lab. The result will be seem soon later. Plesse wait!
အင်းး ဆရာရေ
မင်းသာကြီး မလုပ်ရ ရင်
ပတ်မ. ထိုးဖောက် မဲ့သူများက
များလွန်း လိုက်ထာနော်
ကျမတို့ နိုင်ငံ မှာ ။
ကျင့်ဝတ် သင်ခန်းစာများ ကို
နှုတ်တိုက်နေတာထက်
လိုက်နာ ကျင့်ကြံကြ ဖို့ငယ်
စဥ်ကစလို့ သေချာ သင်ဖို့
နေပါပီ ထင်ပါတယ်