top of page
Search

ကုလမှာ ဘယ်သူနေရာရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 13, 2021
  • 1 min read

ဒီနေ့ စက်တင်ဘာ ၁၄ ရက် ကုလမှာ မြန်မာပြည်ကိုယ်စားလှယ် ဘယ်သူလဲဆိုတာရွေးဖို့ စပါတော့မယ်။ ဒါဟာစာရေးသူတို့ ဒီမိုတွေအတွက် အရေးကြီးသလို အာဏာရူးမအလအတွက်လဲ အရေးကြီးပါတယ်။ ဒါဆိုဘယ်သူ့ကိုပေးမလဲ?

ကုလအတွင်းရေးမှူးကိုယ်တိုင်က အာဏာသိမ်းတာကို အသိအမှတ်မပြုသင့်ကြောင်းပြောထားပါတယ်။ ဒါ့ကြောင့်မအလကို အသိအမှတ်ပြုဖို့က ခက်ပါတယ်။ ကိုယ်စားလှယ်စီစစ်ရေးအဖွဲ့က ပထမရွေးရာမှာ သူတို့က ဘယ်သူ့ကိုရွေးမလဲဆိုတာက အရေးကြီးပြီး သူတို့ကထောက်ခံတင်ပြချက်အပေါ်မူတည်ပြီး လိုအပ်ရင် အထွေထွေညီလာခံမှာမဲပေးပြီး ဆုံးဖြတ်ရမှာပါ။ မဲခွဲရင်တော့ NUG နိုင်မှာပါ။ စီစစ်ရေးအဖွဲ့မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားက အမြဲပါလို့ဒါက အရေးကြီးပါတယ်။ ဒီနှစ်အဖွဲ့ထဲပ့တာက ဘူတန်၊ ဆီရာလီယွန်း၊ ဘဟားမား၊ တောင်အာဖရိက၊ ချီလီတို့ပါပါတယ်။ အများစုက ဒီမိုထောက်ခံသူများပါ။ အင်အားကြီး သုံးနိုင်ငံမှာ ဗီတိုမရှိပါ။ တစ်နိုင်ငံကထကန့်ကွက်ရင်အထွေထွေညီလာခံမှာ မဲခွဲရမှာဖြစ်ပြီး ဒါဆိုရင် NUG က နိုင်မှာပါ။

ဖြစ်နိုင်ချေအများဆုံးက မြန်မာနိုင်ငံကိစ္စ မဆုံးဖြတ်ဘဲ ဒီအတိုင်းထားတာပါ။ ဒါဆိုရင် ဦးကျော်မိုးထွန်းဆက်နေရနိုင်ပါတယ်။ စာရေးသူခန့်မှန်းတာ မှန် မမှန် ၁၅ ရက်နေ့ သိမှာပါ။

အရေးကြီးဆုံးက ဘာလဲဆိုတော့ အမေစုပြောခဲ့တဲ့အတိုင်း ကုလကို သိပ်မမျှော်ဘဲ ပြည်သူတွေက ကိုယ့်အားကိုယ်ကိုးပြီး တိုက်ဖို့ပါ။ အောင်စိတ်နဲ့တိုက်ရင် နိုင်မှာပါ။ ပြည်သူသာ အဓိကဖြစ်ပြီး ကုလကို သိပ်မမျှော်ဘဲ လုပ်စရာရှိတာကိုသာ လုပ်ကြပါ။ အားရှိရင် တာလီဘန်ကိုတောင် သွားတွေ့သူများရှိပါတယ်။ ပြည်သူသာ အဓိကဆိုတာဘယ်တော့မှ မမေ့ပါနဲ့။ ကုလက ဘာဆုံးဖြတ်ဖြတ် မိမိဖာသာ တိုက်ရမှာပါ၊ ပြည်သူနိုင်မှ ဖြစ်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 14, 2021

ဦးမြတ်!! မိမိဉာဏ်မီသမျှဖြင့် တင်ပြအပ်ပါသည်။ တစုံတရာ အလွဲအချော်ပါဝင်ခဲ့ပါက မိမိ၏ အမြင်ညံ့ဖျင်းမှုကြောင့်သာဟူ၍ ဦးစွာဝန်ခံပါရစေ။

NUG ညီညွတ်သော အမျိုးသား အစိုးရ ဟူ၍ ဖွင့်ဆိုပါသည်။ ဉာဏ်မီသမျှ ထပ်မံဖွင့်ဆိုချင်ပါသည်။

NO(ONE) UNCONTROLLABLE GOVERNMENT

မည်သူတဦးတယောက်မျှ ချုပ်ကိုင်၍ မရသော အစိုးရ။

သို့သော် စိတ်တူကိုယ်တူ စိတ်ကြည်ဖြူသူများနှင့်တော့ ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ အစိုးရပ်တရပ် အင်္ဂါနှင့်အညီ စစ်တပ်လိုအပ်ချက်အရ PDF ဖွဲ့သည့်ခဲ့ပါသည်။ အထက်ဖော်ပြပါ အဓိပ္ပါယ်နှင့်အညီ စကစ ကို တော်လှန်လိုစိတ်ပြင်းထန်သော KIA KNU တို့နှင့်စတင်လက်တွဲခဲ့ပါသည်။နောက် CDF ။ အရှေလိုလို အနောက်လိုလို ဆန္ဒမဖြူသော EAO အချို့နှင့်တော့ လက်မတွဲဖြစ်တော့ပါ။

လေထဲက အစိုးရဖြစ်ငြား နယ်စပ်ဒေသရှိ စစ်ဘေးရှောင်များကို ထိရောက်သောအကူအညီများ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာနအနေဖြင့် ပီပြင်စွာ အကူအညီပေးနိုင်ခဲ့ပါပြီ။ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပါပြီ။

တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ

KNU ကလည်း မိမိတို့ကို ကျော်ဖြတ်နိုင်မှသာ PDF ကို မြင်တွေ့ရပါမည်ဟု ကြေညာချက်ထုတ်ပြန်ယူသည်ထိ။

ရံပုံငွေကို နွေဦးထီဖြင့် ရှာခဲ့ရာ ဝက်ဝက်ကွဲ တပါးသူများ မနာလိုဝန်တိုဖြစ်ရသည်ထိ အောင်မြင့ခဲ့ပါသည်။

စကစလက်ထက် ချုပ်ဆိုထားသောစာချုပ်လုပ်ငန်းမှန်သမျှ NUGက အသိအမှန်မပြုဟု ေကြညာချက် ထုတ်ချိန်မှာတော့ လာလိုသူတွေ မလာဝံ့၊ လုပ်ကိုင်နေသူတို့က ရပ်။

အာဆီယံဘုံသဘောတူညီချက် အသက်မဝင်သည်မို့ ကိုယ်စားလှယ်လွှတ်ပြီး လူသားချင်းစာနာသော အထောက်အထားများပေးဖို့အတွက် ၄လ တာ အပစ်အခတ်ရပ်ဆဲရန် ထွက်ပေါ်ချိန်

~NUGက D Day စတင်လိုက်သဖြင့် အချိ့ အချို့ ငုတ်တုတ် မေ့ ကုန်ကြပါပြီ။

နိုင်ငံရပ်ခြား သတင်းစာခေါင်းကြီးပိုင်းက

ဗုံး နှင့် ငြိမ်းချမ်းရေးဟူ၍ ခြောက်သလို

ဖြဲသလိုလို ရေးသားလာပြီးနောက်ပိုင်း!!

ကုလညီလာခံအဆုံးအဖြတ်ချရန် ရက်ပိုင်းအလိုတွင် **ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ နက်ရှိုင်းစွာ တွေ့ကြုံခံစားရနေချိန်တွင်…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page