top of page
Search
  • Writer's pictureMyat Tun Oo

ကုလကဒေါ်အောင်ဆန်းစုကြည်ကိုအရေးယူလို့ရလား?


ကုလကဒေါ်အောင်ဆန်းစုကြည်ကိုအရေးယူလို့ရလား?

ကုလအဖွဲ့ခေါင်းဆောင်ကအင်ဒိုပါ။အစကထဲကသူ့ကိုအယုံအကြည်မရှိပါ။သူတို့ပြောချင်တာပြောလို့ရပါတယ်။သူတို့အစီရင်ခံစာကိုလူစိတ်ဝင်စားအောင်DASSK နာမည်စွဲထည့်တာပါ။ဘာဖြစ်လို့လဲဆိုတော့အစီရင်ခံစာရေးသူတွေကိုDASSK လောက်ကမ္ဘာပေါ်မှာမသိလို့ပါ။DASSK မပြောနဲ့ဂျပုကိုတောင်ဖမ်းဖို့တကယ်မှာမလွယ်ပါ။

ယခုလက်ရှိအမေရိကန်နဲ့နေတိုးကတပ်ချထားတဲ့အာဖဂန်မှာနေ့စဉ်ပျှမ်းမျှ လူ၇၄ယောက်သေပါတယ်။ဒါဟာအားလုံးဝိုင်းအော်နေတဲ့ဆီးရီးယား၊အီရတ်၊ယီမင်ထက်များနေပါတယ်။အရပ်သားအများစုသေတာဟာအမေရိကန်ကသင်ပေးထားတဲ့အမေရိကန်လက်နက်သုံးတဲ့အာဖဂန်အစိုးရတပ်ကပစ်ချိန်မှာထိတာပါ။မြန်မာပြည်ကအဲ့ဒီခြေဖျားတောင်မမှီပါဘူး။ဘယ်ကုလအစည်းအဝေးမှာကြားဖူးပါလဲ။ဒီအထောက်အထားကဘီဘီစီကစုထားတာပါ။စာရေးသူစုထားတာမဟုတ်ပါ။

နောက်ဘင်္ဂါလီတွေထွက်ပြေးသွားတာကဘင်္ဂါလီနဲ့သာဆိုင်မှာပါ။အဆိုပါပြဿနာနဲ့တူတာတရုတ်ပြည်ဇင်ကျန်နယ်မှာမာမူတွေကိုရွာလိုက်အကျယ်ချုပ်သဘောမျိုးဖမ်းထားတာပါ။သူတို့ကတော့ဦးနှောက်ဆေးတာပေါ့။ဒီလိုဟာမျိုးကိုအနောက်အုပ်စုကအရေးမယူရဲသေးပါ။မြန်မာကိုအရေးယူရင်တရုတ်ကိုအရေးယူရမှာပါ။ဒီစီရင်ထုံးမဖြစ်အောင်တရုတ်ကကာကွယ်မှာပါ။

မြန်မာပြည်ကရခိုင်မှာတိုက်လို့ဘင်္ဂါလီထွက်ပြေးရတာဝမ်းနည်းစရာပါ။ဒါပေမယ့်သူတို့ဟာဘယ်နိုင်ငံသားဆိုတာမေးခွန်းထုတ်စရာရှိသလိုသူတို့လာနေတဲ့နေရာကမြန်မာနိုင်ငံရဲ့ပိုင်နက်ပါ။ယခင်အာရပ်နဲ့စစ်ဖြစ်ချိန်အစ္စရေးကဝင်သိမ်းချိန်မှာကပါလက်စတိုင်းတွေဟာသူတို့နိုင်ငံထဲကနေသန်းချီပြီးသူ့တိုင်းပြည်အပြင်ကိုထွက်ပြေးကြပါတယ်။ယခုဂျော်ဒန်၊လက်ဘနွန်နဲ့ဆီးရီးယားမှာပါလက်စတိုင်းဒုက္ခသည်တွေရှိနေပါတယ်ဒအားလုံးအေးဆေးပါ။ဘယ်အဖွဲ့ကမှအစ္စရေးကိုမှတရားစွဲလို့မရသေးပါ။သူ့အဘအန်ကယ်ဆန်ကစောင့်ရှောက်ပေးထားလို့ပါ။အစ္စရေးကိုတစ်ခုခုလုပ်ဖို့ပြင်တိုင်းအမေရိကန်ကထကန့်ကွက်လို့ပါ။

ယခုလိုအချိန်မှာတောင်မြန်မာ့တပ်မတော်(ရေ) ကိုအမေရိကန်ကသူနဲ့လာစစ်ရေးလေ့ကျင့်ခွင့်ပြုခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကြီးရန်ကိုအမေရိကန်ကပိုကြောက်လို့ပါ။

နောက်ပြဿနာဖြစ်တဲ့အချိန်မှာ၂ဝဝ၈ခြေဥအရတပ်ကိုအမိန့်ပေးလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။ယခုခြေဥပြင်ချိန်မှာလဲတပ်ကအစိုးရအမိန့်နားထောင်ပြီးခြေဥပေးပြင်မပြင်ဆိုတာပြည်သူတွေရောနိုင်ငံတကာပါသိလာမှာပါ။

အကျဉ်းချုပ်ရရင်DASSK က၂ဝဝ၈ခြေဥအရဘာမှတပ်ကိုအမိန့်ပေးပိုင်ခွင့်မရှိတာကိုလူတိုင်းသိပါတယ်။သူကသူတို့အစီရင်ခံစာနာမည်ကြီးအောင်လုပ်တာပါ။နောက်ဆုံးအန်ကယ်ဆန်ကိုစစ်စခန်းတစ်ခုလောက်ပေးလိုက်ရင်ကုလဟာမြောင်းထဲရောက်သွားမှာပါ။အန်ကယ်ဆန်နဲ့အဖွဲ့ဟာသူတို့နဲ့ပိုင်ရင်ကြိုက်တာလုပ်လို့ရပါတယ်။

Data Credit: BBC News


Zawgyi version
















Data Credit: BBC News

510 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comentários


bottom of page