top of page
Search

ကိုယ်ထူကိုယ်ထ တော်လှန်ကြ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 16, 2021
  • 1 min read


စာရေးသူတို့ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်က လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ဆင်မထားခဲ့ပါ။ ဒါက အမှန်တရားပါ။ ယခုအချိန်မှာတော့ အခြားလမ်းစဉ်အပြင် လက်နက်ကိုင်လမ်းစဉ်ပါကျင့်သုံးရမယ်ဆိုတာကို လူအများစုကလက်ခံလာကြပါပြီ။ ဒါပေမယ့် စာရေးသူတို့မှာ ပြင်ဆင်ထားခြင်း မရှိခဲ့ပါ။ ဒါ့ကြောင့် ယခုမှစရတာပါ။ NUG ကလဲ ဦးဆောင်မှု စပေးနေလို့ အားရမိပါတယ်။အားလုံးနားလည်ထားရမှာက ယခုအချိန် NUG မှာ လေတပ်မရှိသေးပါ။ သူ့အောက်ကတပ်ကသင်တန်းတက်နေတုန်းရှိပါသေးတယ်။

ဒီနေရာမှာ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားက ပြောစရာမရှိအောင် မအလကို ဆန့်ကျင်နေတာ တွေ့ရပါတယ်။ လိုနေတာက လက်နက်နဲ့ စစ်ပညာပေါ့။ စာရေးသူတို့ထဲက အချို့က R2P မျှော်ခဲ့ကြပါတယ်။စာရေးသူက ယခင်က US နဲ့ UK ကို drone နဲ့ လာကူမလားလို့ မျှော်ခဲ့ပေမယ့် ဒီကိစ္စက လောလောဆယ်အထိတော့ မဖြစ်လာသေးပါ။ ဒါပေမယ့် မအလရဲ့ လုပ်ရပ်ပေါ်မှာ မူတည်ပြီး ဘာမဆိုတော့ ဖြစ်လာနိုင်ပါသေးတယ်။ တရုတ်နိုင်ငံဟာလဲ ခြံစည်းရိုးခွထိုင်နေတာကနေ မအလကို ဖိအားပေးနိုင်ပါသေးတယ်။

လက်ရှိခုခံစစ်ကို ပြန်ကြည့်ရအောင်။ စာရေးသူတို့ သပိတ်မှောက်တယ် သူကပစ်တယ်။ စခန်းဖွင့်တယ်ပစ်တယ် ဝင်စီးတယ်။ လှိုင်သာယာ၊ ပဲခူးမှာ RPG နဲ့ပစ်ပြီး မအလက နှိပ်ကွပ်ပြခဲ့တယ်။ သူကလက်နက်အင်အားသာလို့ ကိုယ်က စခန်းချခုခံရင် ခံရပါတယ်။ ဒါဆိုရင် ဘာလုပ်ကြရမလဲ?

ပထမက လက်နက်မရှိသူက ရန်သူ့ရဲ့ ရုံးတွေ ကုမ္ပဏီတွေ အုပ်ကြီးရုံးတွေကို ဒန်ပေါက်ဖာလူဒါကျွေးလို့ရပါတယ်။ ကြုံရင် ကြုံသလိုပေါ့။ ဥပမာ လမ်းမှာရဲကားကိုတွေ့တယ် ဒန်ပေါက်ကျွေးလိုက်တယ်ဆိုတာမျိုးပေါ့။ ဥပမာ အနည်းဆုံးရဲကားရဲ ဘီးကိုဖောက်လိုက်တာကအစ မီးရှို့တာမျိုးပေါ့။ စစ်ကားကိုလဲ လုပ်လို့ရပါတယ်။ ကားတိုင်းက အပြင်ထွက်ရင် သေနတ်ပါတာမဟုတ်ပါ။

ဒုတိယက လက်နက်အနည်းငယ်ရှိသူ ဒေသခံ PDF တွေက ရန်သူ့တပ်ကို ခြုံခိုတိုက်ဖို့ပါ။ ရန်သူမှာရဲစခန်းရယ် တပ်စခန်းရယ်ရှိပါတယ်။ အထိုင်စခန်းကို တိုက်ဖို့ခက်ရင်တောင် ရန်သူ့ရိက္ခာသယ်တဲ့လမ်းကိုဖြတ်တိုက်တာ ရိက္ခာယဉ်ကိုဖြတ်တိုက်တာ ကင်းလှည့်နေစဉ် ဖြတ်တိုက်တာတွေ လုပ်သင့်ပါတယ်။ ဥပမာ ရန်သူ့စခန်း အဝင်အထွက်ကိုလေ့လာရင် သူတို့ရဲ့ နေ့စဉ်လုပ်တာတွေ သိလာမှာပါ။ သူတို့စခန်းက မိန်းမတွေ သူတို့ရဲ့ သားသမီးတွေ စျေးဝယ်ထွက်ရင်လဲ ရခိုင်မှာ လုပ်သလို ပြည်သူများကဝိုင်းလုပ်သင့်ပါတယ်။ ရန်သူ့တပ်ကိုတိုက်နိုင်ရင် ရန်သူ့ထံက လက်နက်ရမှာဖြစ်ပြီး သူ့လက်နက်နဲ့ သူ့ပြန်ချလို့ရမှာပါ။

ဒီနေရာမှာ သတိထားရမှာက AA ဟာ ၂၀၁၄ ထဲက လက်နက်ရိက္ခာ၊ ထောက်ပို့လမ်းကြောင်းတွေစနစ်တကျ တည်ဆောက်ခဲ့ပြီး ၂၀၁၉ မှာမ စတိုက်နိုင်ခဲ့တာပါ။ စာရေးသူတို့က ရုတ်တရက် ထတိုက်ရလို့ အမြန်လုပ်ရပါတယ်။ ဒီနေရာမှာ တိုက်ပွဲကြီးတွေကို ဖော်ဆောင်ဖို့က လက်နက်လိုမှာဖြစ်ပြီး ရန်သူအထိနာအောင်က ခြုံခို ပြောက်ကြားတိုက်တဲ့ ပြည်သူ့စစ်ဗျူဟာသာ အဓိကပါလို့ ပြောပါရစေ။နောက်ပိုင်းလက်နက်အကောင်းတွေ ရောက်လာရင်တော့ ပွဲသိမ်းမှာပါ။ ယခုအချိန်တော့ ပြောက်ကြားစနစ်နဲ့ ဖက်ဆစ်တပ်ကို တွန်းလှန်ကြရအောင်လို့ တိုက်တွန်းပါရစေ။ ဖြစ်နိုင်ရင်တော့ ပြိုင်တူတိုက်ကြပါလို့ ပြောပါရစေ။ ရန်သူဟာ ဖက်ဆစ်လိုပါဘဲ။ ကလေးသူငယ်တွေကို အကာအကွယ်ယူပါတယ်။ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ဆေးရုံတွေမှာ စခန်းချပြီး ယုတ်မာပါတယ်။ ပုံမှန်မှာ အကြမ်းဖက်အဖွဲ့တွေကသာ လုပ်လေ့ရှိပေမယ့် မအလရဲ့ဖက်ဆစ်တပ်ကလုပ်ပါတယ်။ နောက်ရွာတွေကို မီးရှို့၊စျေးတွေကို မီးရှို့တာ လုယက်တာပေါ့။ ဒါတွေဟာ ပုံပြင်မဟုတ်ဘဲ တိုင်းရင်းသားဒေသတွေကအစပြည်မမှာပါ လုပ်နေတာပါ။

အကျဉ်းချုပ်ကတော့ ပြည်သူတွေဟာ ဖက်ဆစ်တပ်ထဲက CDM မလုပ်သူကို ရန်သူလို့သာ သတ်မှတ်ရပါမယ်။ သူတို့ကားတွေ ဆီသယ်ယဉ်တွေ ဆီသိုလှောင်ရာနေရာတွေကို အဓိကထား တိုက်ခိုက်နိုင်ရင်ရန်သူ့ရဲ့ ထောက်ပို့ကို ဖြတ်နိုင်ပါမယ်။ အားလုံး ယခုအချိန်မှာ ရန်သူ့ရဲ့ လှုပ်ရှားမှုကိုလေ့လာပါ။ ဆန္ဓမစောပါနဲ့။ အချိန်ယူပါ။ ဗျူဟာဆွဲပါ။ ပြီးရင် တစ်ပြိုင်နက်ထဲမဟုတ်တောင် ဆက်တိုက်နီးပါး တိုက်နိုင်အောင် ကြိုးစားပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page