top of page
Search

ကိုယ်ထူကိုယ်ထ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 17, 2021
  • 1 min read

အချို့ကိစ္စတွေမှာ ဖယ်ဒရယ်တပ်မတော်ကြီးမလာခင် တော်လှန်ရေးအဖွဲ့တွေက ရန်သူ့စခန်းတွေကို မီးရှို့တာ၊ ဗုံးနဲ့ပစ်ပြီး ရှင်းလင်းတာတွေ လုပ်ရပါတယ်။ ဘာ့ကြောင့် သေသေ ဘာကြောင့်မီးလောင်လောင် ဖက်ဆစ်လက်ပါးစေသေရင် သူ့စခန်းမီးလောင်ရင် ဝမ်းသာပါတယ်။

မြန်မာပြည်ကို ဖက်ဆစ်တပ်ကအုပ်ချုပ်နေတာက အကြောက်တရားကို အခြေခံပါတယ်။ သူ့လက်အောက်က ဖက်ဆစ်တပ်သားတွေ သူတို့ရဲ့ မိသားစုတွေကတော့ သူတို့ကိုမိရင် ငိုပြပြီး လွတ်သွားလို့ အကြောက်တရားမရှိဖြစ်နေပါတယ်။ ရခိုင်မှာ AA က ဖက်ဆသ်ဩဇာခံ အုပ်ချုပ်ရေးမှူးတွေကို သတ်ပြတဲ့အခါမှာ ကျန်သူများက အပိုးကျိုးသွားပြီး နုတ်ထွက်တာ ဘက်ပြောင်းတာတွေ ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ပြင်သစ်ဟာ နာဇီဂျာမနီလက်အောက် ကျရောက်ခဲ့ပါတယ်။ ထိုအချိန်မှာ ပြင်သစ်လူမျိုးတွေဟာ နာဇီတွေရဲ့ အုပ်ချုပ်မှုစခန်းတွေကို မီးရှို့တာ၊ နာဇီတပ်ဖွဲ့တွေ စခန်းချရာနေရာတွေကို ဗုံးနဲ့ပစ်တာ၊ နာဇီနဲ့ ပူးပေါင်းသူတွေကို သတ်ဖြတ်တာတွေနဲ့ သူ့မဟာမိတ်တပ်မတော် မလာမချင်း ခုခံခဲ့ကြပါတယ်။

သူ့စခန်းတွေ မီးရှို့ခံရလေ ဗုံးနဲ့အပစ်ခံရလေ မအလဖက်ဆစ်တပ်ဟာ ပြဿနာပေါ်လေပါ။

ပြည်တွင်းမှာမရှိတဲ့ နိုင်ငံခြားရောက်မြန်မာများလဲ သွေးအေးမသွားဘဲ ပြည်သူ့တပ်မတော်ပေါ်ပေါက်လာအောင် လစဉ်ထောက်ပံ့ကြပါ။ AK 47 တစ်လက်ဟာ ကျည်ဆန်ပါပါရင် မြန်မာငွေ သိန်း ၂၀ ဒေါ်လာ တစ်ထောင့်ငါးရာလောက် ပျှမ်းမျှ ကျပါတယ်။ သေနတ်ကို လူတစ်သောင်းအတွက် ဒေါ်လာ ၁.၅ သန်းပါ။ သူတို့စားဖို့ ယူနီဖောင်း၊ ဆက်သွယ်ရေး၊ ထောက်ပို့အတွက် ပိုက်ဆံလိုပါတယ်။ ဒါက အနည်းဆုံး လူတစ်သောင်းကို ငါးသိန်းထောက်ပံ့ရင် ဒေါ်လာ ၃.၅ သန်း တစ်လကို လိုပါတယ်။ ဒါတင် တစ်လ ငါးသန်းပါ။ နောက် ဂြိုလ်တုဖုန်းလိုပါတယ်။ ဒါကအစပါ။ စနိုင်ရင် လက်နက်ကြီးတွေ လေယဉ်ပစ် SAM တွေရရင် နယ်မြေထိန်းနိုင်ပါပြီ။ တော်လှန်ရေးဟာ ရေရှည်ပါ။ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကြရမှာပါ။ NUG မှာ လူအင်အား၊ စိတ်ဓတ်အင်အားရှိပြီးသားပါ။ လက်နက်ကတော့ ပြည်ပက ကိုရီးယား၊ UK၊ US၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းရောက် မြန်မာတွေက ဝိုင်းထည့်ဝင်ကြပါ။ NUG အနေနဲ့လဲ လစဉ် AA လို ပိုက်ဆံကောက်နိုင်တဲ့ ကွန်ရက်ထူထောင်ပါ။ ပြည်တွင်းက သူဌေးများကလဲ ပြည်ပက ဘဏ်အကောင့်ထဲကနေ ထည့်ဝင်ကြပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page