top of page
Search

ကြွေးမှပြောသော အဘတွေရဲ့ စီမံခန့်ခွဲမှု အရည်အချင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 25, 2020
  • 1 min read

နံနံပင်တို့က သတင်းစာရှင်းလင်းပွဲတွေမှာ စစ်အစိုးရလက်ထက် ဘွဲ့ရဘယ်လောက်ရှိကြောင်း၊အရည်အချင်းဘယ်လိုရှိကြောင်း ပြောလေ့ရှိပါတယ်။ နောက်အောင်မင်းလို နယ်သာလန်မှာတောင်းစားရသူက ကြွေးကို NLD လက်ထက်မှာမ များလာသလိုနဲ့ သတင်းတုတွေနဲ့ ဂျင်းထည့် နေခဲ့ပါတယ်။ ယခုတော့ လွှတ်တော်မှာ တရားဝင်ရှင်းတာ ထွက်လာပါပြီ။ ဒါကနေ စစ်အစိုးရတွေဖြစ်တဲ့ နေဝင်း၊ သန်းရွှေ၊ ဘစိန်လက်ထက် ကြွေးစီမံခန့်ခွဲမှုကိုပြသွားခဲ့ပါတယ်။


ယခုလွှတ်တော်မှာ တရားဝင်ပြောသွားခဲ့ပါပြီ။ ဒါက တရားဝင်အထောက်အထားပါ။


စုစုပေါင်း အဘယူခဲ့တာက ၁၁၆၉၆ သန်း၊ ကြွေးလျှော်ပေးတာက သန်း ၅၉၅၆ သန်း၊ ပေးချေရမယ့်ကျန်ငွေဟာ သန်း ၅၇၄၀ ကျန်ခဲ့ပါတယ်။ ဒါကို လွှတ်တော်မှာပြောတဲ့ တရားဝင်ကြွေးစာရင်းနဲ့ ပြောပါ့မယ်။

နေဝင်းကြွေး ၁၉၈၈ မတိုင်ခင်အထိ - ဒေါ်လာသန်း ၅.၂၆ ဘီလီယံ

သန်းရွှေကြွေး ၁၉၈၈- ၂၀၁၀ အထိ - ဒေါ်လာသန်း ၃.၄ ဘီလီယံ

ဘစိန်ကြွေး ၂၀၁၁-၂၀၁၆ အထိ - ဒေါ်လာသန်း ၃.၆ ဘီလီယံ

ဒါကြောင့် စစ်ဖွတ်စုစုပေါင်းအကြွေးက ဒေါ်လာသန်း ၁၂.၂၆ ဘီလီယံပါ။ သူတို့ယူဖို့ စာချုပ်ချုပ်ထားတာက ယခုထက်ပိုများပါတယ်။


DASSK အစိုးရလက်ထက်မှာ ၂၀၁၆ ကနေ ၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်ပက ချေးယူထားတာက၄၂၂.၂၅၆ သန်း (ဒေါ်လာ ၀.၄၂ ဘီလီယံသာရှိပါတယ်)။ ကျန်တာက စစ်အစိုးရ အသိဉာဏ်မဲ့ ယူခဲ့တာတွေကို ဆပ်နေရတာပါ။


ဘယ်လို ခေါင်းမရှိခဲ့တာလဲ။ အောက်က အဘတွေလုပ်သွားတဲ့ ဥပမာလေးကိုကြည့်ပါ။

ဂျာမနီက ၆၃၅ သန်းကို အဘတွေက ချေးပါတယ်။ ပြီးတော့ ပြန်မဆပ်နိုင်ခဲ့လို့ ဟိုက တိုးရင်းပေါင်းမှတ်သွားခဲ့ပါတယ်။ ဒါနဲ့ စုစုပေါင်း သန်း ၁၅၇၀ ဖြစ်သွားခဲ့ပါတယ်။ ဟိုက ကြွေး ၆၉၉ သန်းလျှော့ပေးတာတောင် သန်း ၈၇၁ ကျန်နေပါသေးတယ်။


နော်ဝေးက ပထမ ချေးယူငွေဟာ သန်း ၃၀ သာရှိပေမယ့် စစ်အစိုးရလက်ထက် အသုံးမကျ ခေါင်းမရှိခဲ့လို့ တိုးရင်းပေါင်း သန်း ၅၃၄ သန်းဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီလိုတွေချေးခဲ့လို့ တိုင်းပြည်ကြီးတိုးတက်သွားခဲ့ပါသလား? အားလုံးသိတဲ့အတိုင်း နေဝင်း၊ သန်းရွှေ၊ သိန်းစိန်နဲ့ ဖွတ်ထိပ်ပိုင်းတွေ၊ ခရိုနီတွေသာချမ်းသာသွားခဲ့ပြီး တိုင်းပြည်ကတော့ ကမ္ဘာ့အမွဲဆုံးဖြစ်သွားခဲ့ပါတယ်။

ဒီဟာကို နားမလည်ရင် ဥပမာနောက်တစ်ခုနဲ့ကြည့်ပါ။ အိမ်မှာ ဖဲရိုက် အရက်သောက်သူကအိမ်ထောင်ဦးစီးက စီးပွါးမလုပ်တတ်ဘဲ အိမ်ပေါင်ငွေချေးရာကနေ ချစ်တီးက တိုးရင်းပေါင်းပြီး အိမ်သိမ်းသလို သူ့သမီးတွေ မယားတွေကိုလဲ သိမ်းယူမှာပါ။ ဒါက အဘနဲ့ ပေါက်ဖော်ကြီးရဲ့ ဇတ်ထုတ်ပါ။ပါးစပ်ကတော့ အမျိုး၊ ဘာသာ၊ သာသနာလို့ အော်နေတာပါဘဲ။


အဲ့ဒီလို တိုင်းပြည်ကို အာရှမှာ ချမ်းသာတဲ့ တိုင်းပြည်ကနေ အဆင်းရဲဆုံးဖြစ်အောင် အုပ်ချုပ်သွားခဲ့တဲ့စစ်တပ်ထွက်အစိုးရတွေက စီမံခန့်ခွဲမှုကောင်းတယ် အုပ်ချုပ်မှုကောင်းတယ်ထင်ရင်တော့ စိတ်ရောဂါအထူးကုသွားပြီး စစ်ကြည့်လိုက်ပါလို့ ပြောပါရစေ။ ပါတီတွေမှာ မူဝါဒကွာနိုင်ပေမယ့် အဘတွေအသုံးမကျဘဲ တိုင်းပြည်ကို မွဲအောင်လုပ်သွားတာကတော့ သမိုင်းပါဘဲ။ သမိုင်းဆိုတာ မအအောင်သင်တာပါ။ အဓမ္မကို ဓမ္မပြောင်းလို့မရပါ။


ပြည်သူတွေအနေနဲ့ တွေးရမှာက ကြွေး သန်း ၃၀ ကနေ သန်း ၅၃၄ ဖြစ်သွားအောင် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်အစိုးရဖွတ်နဲ့ သူတို့အပေါင်းအပါ ပါတီတွေကို ပြန်တင်မလား တိုင်းပြည်ကို တိုးတက်အောင်အဆင်အမြဲ ဆောင်ရွက်နေတဲ့ NLD ပါတီကိုသာ ရွေးမလားဆိုတာ စဉ်းစားကြပါ။

Information Source: ပြည်သူ့လွှတ်တော် ငွေကြေးကော်မတီ အစီရင်ခံစာ

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page