top of page
Search

ကိုဗစ်အတွက် ဘယ်လိုဆေးရုံဆောက်ခဲ့ရလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 19, 2020
  • 1 min read

လူအချို့က အစိုးရကို ကိုဗစ်ကိုင်တွယ်ပုံ ဝေဖန်ရာမှာ ဘာလုပ်ပါလား ဟိုဟာလိုသေးတယ် ဘာညာဆိုပြီးပြောလေ့ရှိပါတယ်။ ဒီနေရာမှာ စင်ကာပူက ဘယ်လိုပြင်ဆင်ခဲ့သလဲဆိုတာကို ပထမလေ့လာရအောင်။ စင်ကာပူဟာ ၂၀၀၃ မှာ SAR ရောဂါဖြစ်ပြီးမှာ ဒီလိုကပ်ရောဂါကို ကိုင်တွယ်ဖို့ဆေးရုံလိုတယ်ဆိုတာ သိလာခဲ့ပါတယ်။ ဒါနဲ့ သူတို့က စပြင်ဆင်လာပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၁၃ မှာအမျိုးသားကူးစက်ရောဂါဌာန (National Centre for Infectious Disease) ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲ့ဒီဆေးရုံဟာ ကုတင် ၃၃၀ ရှိပြီး ခွဲစိပ်ဆောင်တွေ၊ အထူးကြပ်မတ်ကုသဆောင် (ICU) တွေပါပါတယ်။ အဆိုပါဆေးရုံဟာ လိုအပ်ရင်ကုတင် ၅၀၀ အထက်ကို တိုးချဲ့လို့ရပါတယ်။ အဲ့ဒီဆေးရုံမှာအမျိုးသားဓာတ်ခွဲခန်းလဲရှိပါတယ်။ စင်ကာပူဟာ ဒီဆေးရုံဖြစ်ဖို့ ၁၅ နှစ်အချိန်ယူတည်ဆောက်ခဲ့ပြီးဒေါ်လာသန်း၉၀၀ ကုန်ခဲ့တာပါ။ စင်ကာပူမှာ ပြည်တွင်းစစ်မရှိတာနဲ့ တပ်ဟာအစိုးရအောက်မှာရှိတယ်ဆိုတာ အားလုံးသိပြီးသားပါ။

ယခုကပ်ရောဂါစဖြစ်ချိန်မှာ လူအများရောဂါဖြစ်လို့ ကမ္ဘာပေါ်မှာ ယာယီဆေးရုံတွေဆောက်ကြပါတယ်။ တရုတ်၊ အင်္ဂလန်တို့ အမေရိကန်တို့မှာ ဆောက်ကြပါတယ်။ တရုတ်ကတော့ အသစ်ကြီးကိုဆောက်တာပါ။ သူကပိုက်ဆံရှိပါတယ်။ အင်္ဂလန်ကဆေးရုံဆောက်ရာမှာ အစိုးရက ယခင်ပြပွဲနေရာကိုပိုက်ဆံအလုံအလောက်ပေးပြီး ဆေးရုံအဖြစ်ပြောင်းဆောက်ခိုင်းလို့ သိပ်ပူစရာမလိုပါ။ သူ့ဆေးရုံနာမည်က Nightingale Hospital လို့ခေါ်ပါတယ်။ နယူးယောက်မှာကတော့ ပန်းခြံထဲမှာ တဲထိုးဆောက်ခဲ့ပါတယ်။ သူတို့အားလုံးက အစိုးရချမ်းသာ စစ်မရှိလို့ အားလုံးအဆင်ပြေပါတယ်။ မနေ့က ဂျပန်မှာခူနာများလို့ ဆေးရုံတွေ ပြဿနာတက်နိုင်ကြောင်း သတင်းတက်လာခဲ့သလို မော်စကိုမှာလဲ လူနာတင်ယဉ်တွေ စောင့်နေရပါတယ်။

ဒါမျိုးကို ကိုင်တွယ်ဖို့ မြန်မာပြည်ကလဲ ဆေးရုံဆောက်ဖို့ပြင်ဆင်ပါတယ်။ ဒီနေရာမှာ စကွာတာကပိုက်ဆံပါ။ တရုတ်၊ အင်္ဂလိပ်၊ အမေရိကန်က ငွေနဲ့ခင်းဆောက်ပါတယ်။ မြန်မာပြည်က ပေါ်လစီအရတော့ ဆောက်မယ်လို့ ဆုံးဖြတ်ပါတယ်။ အလှည့်ကျတာက ရန်ကုန်ပါ။ ဒါပေမယ့် ဘတ်ဂျက်မပါလာပါ။ ဒါကို ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်ရပါတယ်။ ခြေဥအရ လုပ်ရတာ အင်မတန်ခက်ပါတယ်။ ပထမဘယ်နေရာမှာလုပ်မလဲ ဆုံးဖြတ်ရတာနဲ့ အရေးကြီးဆုံးက ဘာမှဘတ်ဂျက်မရှိတဲ့အတွက် အလှူခံရတာပါ။ ဒီနေရာမှာ အာရှတော်ဝန်လိုဆေးရုံတွေ၊ ဘဏ်တွေက လာလှူခဲ့ပါတယ်။ဖောင်ကြီးကို ဆေးရုံပြောင်းရာမှာ နည်းစနစ်ကျစေဖို့ ဆေးတက္ကသိုလ်က ပါမောက္ခကြီးများက တိုင်းအစိုးရကို အကြံပေးကြပါတယ်။ သူတို့ပြောတဲ့အပေါ်မူတည်ပြီး အင်ဂျင်နီယာများက ဘယ်လိုပြောင်းမလဲ ပုံစံဆွဲပါတယ်။ အမှိုက်ထုတ်စနစ်ကအစ အသေးစိတ်တိုင်ပင်လုပ်ရပါတယ်။ နိုင်ဆောက်လုပ်ရေးလုပ်ငန်းလို ဆောက်လုပ်ရေးသမားတွေက ဝိုင်းကူပါတယ်။

ဒီလိုအပ်ချက်ကို ကျန်းမာရေးက တစ်တိုင်းပြည်လုံးအတွက်လိုပေမယ့် နေရာက ရန်ကုန်မှာမိုလို့ ရန်ကုန်အစိုးရနဲ့ ကျန်းဦးစီးက ပူးပေါင်းဆောင်ရွက်ရပါတယ်။ လိုအပ်တဲ့ ဝန်ထမ်းတွေကို ကျန်းမာရေးကဖြည့်စည်းဆောင်ရွက်ပေမယ့် မလောက်တာကို အရပ်ဖက်က ဝင်ကူပါတယ်။ အဲ့ဒီကြားထဲကမှ လိုအပ်တာကို ကွီးကတပ်ကို စာထုတ်အကူအညီတောင်းပြီး တပ်ကလာကူပါတယ်။

ဒီကြားထဲမှာ တရုတ်ကပညာရှင်များကလဲ လာရောက်ကူညီနေပါတယ်။ ဒီနေရာမှာ အမေရိကန်၊ ဩဇီနဲ့ဥရောပက လာမကယ်နိုင်ပါ။ ဒါက ချစ်ခြင်း မုန်းခြင်းမပါတဲ့ အမှန်တရားပါ။

ပြောပြချင်တာက စင်ကာပူမှာ ၁၅ နှစ်လောက်ပြင်လာရတာကို မြန်မာက ၁၅ ရက်နဲ့ ထပြင်ရတာပါ။လိုအပ်ချက်တွေတော့ ရှိမှာပါ။ နောက်မြန်မာက တရုတ်၊ အင်္ဂလန်နဲ့ အမေရိကန်လို ငွေရော လူရော မရှိပါဘူး။ ဘတ်ဂျက်ချပေးပြီးဆောက်ရတာ ပြောင်းရတာ မဟုတ်ပါဘူး။ ဒီကြားထဲကမှ ယခုလိုဖြစ်မြောက်အောင် ဦးစီးဆောင်ရွက်ခဲ့တဲ့ ဗဟိုနဲ့ရန်ကုန်တိုင်းအစိုးရကိုရော ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ပြည်သူတွေနဲ့ အရပ်ဖက် စစ်ဖက်ဆရာဝန်များကိုပါ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

လိုအပ်တာတွေရှိနိုင်ပေမယ့် ဒါဟာအဆိုးထဲက အကောင်းပါ။ ယခုလို ဦးဆောင်နိုင်ရင် ပူးပေါင်းဆောင်ရွက်ရင်တော့ ကိုဗစ်မက အကုန်နိုင်ပါမယ်လို့ပြောပါရစေ။

Credit: Phyo Min Thein, Naing Group, Asia Royal, CNA, Sky News,The guardian, straittimes

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 19, 2020

ကိုမြတ် ! ဗ.ဝ.တ (ဖေါင်ကြီး)ကို care centre အဖြစ် ပြောင်းလဲလိုက်ခြင်းဟာ အစိုးရ၏ စူးရှထက်မြက်သောအမြင်ကြောင့်ဆိုလျှင် ငြင်းကြဦးမှလား? ကျွန်တော်လည်း နယ်မှာနေပြီး ချမ်းသာတဲ့မိသားစုကပေါက်ဖွါးကြီးပြင်းရတဲ့စာရင်းထဲမှာမပါပါဘူး။ ဗုဒ္ဓဘုရားရှင် အဆုံးအမနဲ့ ရင်းနှီးကျွမ်းဝင်ကြတဲ့ သာမန်ပြည်သူမှာ #ရှိတာလေးနဲ့ယဥ်အောင်ဝတ်ရှိတာလေးနဲ့ဝအောင်စား#ဆုံးမမှုနဲ့ သက်ရှင်ကြီးပြင်းလာကြရပါသည်။ခြိုးခြံချွေတာခြင်း(မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ခြင်း) ခုကျွန်တော်တို့တိုင်းပြည်ဆင်းရဲတော့ ခုချက်ချင်း ဝုန်းကနဲ မဆောက်နိုင်ရှာပါဘူး။ အဲဒီတော့ ဖေါင်ကြီးဆိုတာ#ရှိတာလေးနဲ့ယဥ်အောင်ဝတ်လိုက်တာပါ#။ လှ ယဥ်ကျေး မယ်! လောကသား အများစုက လှတာကိုပဲရှေ့တန်းတင်ကြပါ၏။ #ဥစ္စာဓနတွေကြွယ်ဝလို့ အလှပြင့်နိုင်သူတိုင်း လှကြပါသည်# ရာနှုံးအများစုကတော့ အလှမာန် ဓနမာန်တွေတက်ပြီး မိမိကိုးကွယ်ရာဘာသာကိုပင် အသုံးချသင့်လျှင် အသုံးချရမှာပဲ အထိ ရာနှုံးအများစုထဲက သူဌေးကြီးတစ်ဦးပြောဘူးပါသည်။ဓနကြောင့်တော့ လှ ပါသည်။မယဥ်ကျေးတော့ပါ။ ယဥ်ကျေး နောက်မှာကပ်လျက်ကစာသားမှာ #လိမ္မာ#စာသားလေးကကပ်ပါလျက်။ ရှိတာလေးနဲ့ ယဥ်အောင်ဝတ် ရသမျှနှင့် မျှအောင် ( ဝ အောင်မဟုတ်)စား ။ ဤအဆုံးအမကို ယဥ်ကျေးလိမ္မာသူတို့သာ ကျင့်သုံးကြပါ၏။ #တပေါစ #မင်္ဂလသုတ် ယခုကာလမှာ ပြည်သူတွေဟာ ရှိသမျှလေးကို မျှဝေ​ပြီး ကျန်းမာရုံမျှ မျှအောင်စားတတ်လာပါပြီ။ မင်္ဂလသုတ်လာတရားတွေ ပြည်သူအများစုနှင့် အစိုးရ ရင်မှာကိန်းနေပါပြီ။ ဘုရားရှင်လမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးခြင်းသည် ဘုရားရှင်အလိုတော်ကျ #အကျင့်ဖြင့်ပူဇော်ခြင်းဖြစ်ပါသည်# ပကတိအခြေတစ်ရပ်အပေါ် အမှန်မမြင်သူအပေါင်းကတော့ #ဘာသာခြားအားပေးအစိုးရ #ရယ်လို့ရှုမြင်သုံးသပ်ကြပါသည်။ ကိုမြတ်ရဲ့ အမြင်ကရော ? မေတ္တာဖြင့် %

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page