top of page
Search

ကိုဗစ်၏ မျက်နှာလိုက်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2021
  • 1 min read

မအလ ကျောင်းပြန်ဖွင့်ရန် ကြိုးစားချိန် ဇွန်လဆန်းက အိန္ဒိယမှာ ကိုဗစ်ဆိုးနေချိန်ပါ။ ပုံမှန်ဦးနှောက်ရှိသူဆို ကျောင်းမဖွင့်ပါ။ မအလက အာဏာရူးလေ။ သူဖွင့်မှာကိုလဲ သူ့အောက်က ပုဇွန်ဦးနှောက်များ အခွင့်အရေးသမားများက မကန့်ကွက်ရဲပါ။ ကျန်းဝန်ကြီး အချောင်သမား သက်ခိုင်ဝင်း လင်ဗိုလ်အရှိန်ကြောင့် ရာထူးရထားသူ ခင်ခင်ကြီးတို့က ဘာမှ မပြောရဲပါ။ ဒါ့ကြောင့်ဖွင့်ပါတယ်။

ကျောင်းဖွင့်ချိန် အလုပ်ဆင်းသူက Non CDM အခွင့်အရေး အချောင်သမား ဆရာ/ဆရာမများကျောင်းထားသူက တပ်မိသားစု၊ ဖွတ်မိသားစုနဲ့ Gen Lee မိသားစုပါ။ ဒါ့ကြောင့် ယခုကိုဗစ်ဖြစ်ရာမှာ ကိုဗစ်အကူးခံရသူက Non CDM ဝန်ထမ်းများပါ။ အကူးခံရသူ ကျောင်းသား ကျောင်းသူတွေကလဲ မအလစကားနားထောင်ပြီး ကျောင်းတက်သူများပါ။

ထိုကျောင်းသားများကတဆင့် သူတို့မိဘ ဖွတ်၊ တပ်၊ Gen Lee နဲ့ Non CDM များကို ကိုဗစ်ကအဓိကထား ကူးနေပါတယ်။ သူက လူစုလူဝေးကြောင့်ပါ။

အကျဉ်းချုပ်ရရင် ယခုအခါမှာ ကိုဗစ်က ဖက်ဆစ်မအလရဲ့ အပေါင်းအပါများကို အငြိုးတကြီးနဲ့ဖြစ်နေ ကူးနေပါတယ်လို့ ပြောပါရစေ။ Best of Luck ပါ မအလ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 20, 2021

ဦးမြတ်!! **စေတနာ ကောင်းလျှင် ၊ ကံ (အလုပ်)ကောင်းပြီး ၊ (ကံ ကံ၏အကျိုးအရ)အကျိုးပေးကံ ရလဒ် ကောင်း ရသည်*မှာ

မဖောက်မပြန်မှန်သော သစ္စာဖြစ်ပါသည်။

စေတနာ ဆိုးလျှင်ဖြင့် အကျိုးပေး ဆိုးရပါသည်။

မျက်နှာမူ ရှေ့ရှုရာ အပေါ် မူတည်ပြီး စေတနာကောင်း မကောင်း ဆုံးဖြတ်နိုင်ပါသည်။

~ကမရ ဝက ဒေါက်ထွေး ကြီးမှုးပြု ကျန်းဝန်ထမ်းများသည် ကုသရေးထက် ကာကွယ်ရေးအပိုင်းကို ဦးစားပေးခဲ့ကြပါသည်။ဖြစ်လာခဲ့လျှင်လည်း ဦးဖြိုးနှင့် တိုင်ပင်၍ အရေးပေါ်အတွက် အရံအင်အားကုသရေးစင်တာများကြိုဆောင်ရွက်ပြီးဖြစ်ပါသည်။**အများပြည်သူ ကပ်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးကို ဦးစားပေး မျက်နှာမူခဲ့ပါသည်။**

ထိုစဥ်က ကျောင်းမဖွင့်တော့ ကလေးတွေ အသက်ကြီးကုန်မှာပေါ့ ၊ ဖွင့်ပြန်တော့လည်း ကလေးတွေကို သတ်နေတာလား ပြောခဲ့ကြသူ

GLတေွသည်တခါ နှုတ်ဆိတ်နေသည်ကတော့

မထူးဆန်းပါ။

~ခု စကစ က အေးချမ်းလို့ ကျောင်းဖွင့်တယ်ဟူသော အမြင်၊ ချ ပြချင်ပါသည်။ အခြေခံအကြောင်းကို ထည့်မတွက်ပါ။ သူတို့စေတနာက ငါစွဲများလွန်းနေတော့ အတ္တဗဟိုပြုမှုကြောင့် အကျိုးရလဒ် မကောင်းခြင်းဖြစ်ပါသည်။

~ဟိုတခါက မြူးဇစ်ဇုန်က ဖြန့်လို့ ပြန့်ခဲ့ရပါသည်။

~ခုခါက လှည်းကူးမြို့နယ်က ကျောင်းက အစပြုခဲ့ပါသည်။ စါမျက်နှာသတင်းများအရ ကမာရွတ်မြို့နယ်က ကျောင်းလည်း အခြေနေဆိုးနေကြောင်း သိရပါသည်။ယနေ့ဆိုလျှင် ဖြူးမြို့နယ်ထဲရှိ အခြေခံကျောင်းထိ ပြန့်လာပါပြီ။သည်လိုပုံ သည်လိုအချိုးဖြင့် ခေါင်းလောင်းသံ တညံညံ ပေးနိုင်တော့မည် မဟုတ်ပါ။

ခုချိန်မှာတော့ အဖြူ နှင့် အမဲ ၊(GL နှင့် ထောက်ခံသူတို့တတွေ) သဲသဲကွဲကွဲ မြင်တွေ့ရပါတော့မည်။ ဒါကိုမှ ဆက်မိုက်ဦးမည်ဆိုပါကလည်း ဘယ်သူမပြု မိမိ အမှုသာ ဖြစ်ပါသည်။

အကြင်နာ နှင့် ငါအစွဲ ။ ဘယ်သူက ဖြူပြီး မြတ်သည်လဲ။ သင်ခန်းစာဆိုသည်မှာ အလကားမရပါ။ ပေးဆပ်ရင်းနှီးမှသာ ရပါသည်ဟူသော အမြင် မြင်နိုင်ကြပါစေ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page