top of page
Search
  • Writer's pictureMyat Tun Oo

ကိုဗစ်၊ မအလနှင့် လူမျိုးတုန်း သတ်ဖြတ်မှု

ကိုဗစ်၊ မအလနှင့် လူမျိုးတုန်း သတ်ဖြတ်မှု



ကမ္ဘာပေါ်မှာက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တာဆိုရင် လူတွေအများကြီးကို လက်နက်နဲ့သတ်တာ၊ ရွာတွေကိုမီးရှို့တာကို ပြေးမြင်ကြမှာပါ။ မအလဟာ ဒါတွေကို ကျူးလွန်ပြီးပါပြီ။ ယခုကတော့တစ်နေရာထဲကို ပြစ်မှုကျူးလွန်တာမဟုတ်ဘဲ တစ်တိုင်းပြည်လုံးကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားနေတာပါ။

မအလဟာ သူမလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ပေါ်တင်ပြောပြီးသားပါ။ ခိုးရဲတယ်။ ဓားမြတိုက်ရဲတယ်။ လူသတ်ရဲတယ်။ မုဒိမ်းမှုကျူးလွန်ရဲတယ်။ ခယ်မ ဆွေဆွေလှကို အိမ်ပေါ်တင်ထားပြီး ခယ်မရော မိန်းမရောနဲ့ နေတယ်။ ဒါက တစ်လင်တစ်မယား ဥပဒေကို ချိုးဖောက်တာပါ။ မအလမှာ ဘာစည်းမှ မရှိပါဘူး။ ဒါတွေက ထားလိုက်ပါ။

ကိုဗစ်ပထမလှိုင်းကို အမေစုအစိုးရက အောင်မြင်စွာနဲ့ ကျော်ဖြတ်ခဲ့တာ အားလုံးမှတ်မိမှာပါ။ တစ်ကမ္ဘာလုံးကလဲ ချီးကျူးကြပါတယ်။ ဒီအချိန်မှာ ဒုတိယလှိုင်းကို ရခိုင်ဘက် အနောက်တံခါးက မအလရဲ့ ဖက်ဆစ်တပ် အသုံးမကျလို့ ခြံစည်းရိုးဖောက် လေယဉ်နဲ့ရောက်လာပြီး ကူးခဲ့ပါတယ်။ အမေစုအစိုးရဟာ လုံခြုံရေးတာဝန်ယူထားတဲ့ မအလ စောက်သုံးမကျလို့ ရောက်လာတဲ့ပိုးကို သူ့အစိုးရရဲ့ ရှိတဲ့အင်အား ပြည်သူတွေရဲ့အင်အားယူပြီး UK၊ US က မလုပ်နိုင်တဲ့ ပိုးရှာမှု Track and Trace နဲ့ရောဂါပိုးရှိသူနဲ့ ထိတွေ့သူတိုင်းကို ထမင်းအလကားကျွေးပြီး Facility quarantine နဲ့ ပြုစုစောင့်ရှောက်ပေးထားခဲ့ပါတယ်။ ထိုအချိန်မှာ ဖွတ်များ၊ အဘတများက ဖက်ဆစ်တပ်က ဟိုလိုကျွေးတယ်၊ ဒီလိုကျွေးတယ်ဆိုပြီး အမေစုအစိုးရကို ပုံပျက်အောင် ပြောကြရေးခဲ့ကြပါတယ်။ ဒါပေမယ့် NLD အစိုးရက ဒုတိယလှိုင်းကို အောင်မြင်စွာဖြတ်သန်းခဲ့ပြီး ရွေးကောက်ပွဲကိုလဲ အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။

အမေစုအစိုးရဟာ ကိုဗစ်ကိုနိုင်ပြီး တိုင်းပြည်ပုံမှန် လည်ပတ်ဖို့ ကိုဗစ်ကာကွယ်ဆေးဟာ အဓိကကြတယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ စင်ကာပူပြီးရင် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ဒုတိယမြောက်နိုင်ငံပါ။ DASSK နဲ့ ကျန်းမာရေးဝန်ကြီးတို့က မြန်မာပြည်လူဦးရေရဲ့ အများစုကို ဇွန်လအပြီး ကာကွယ်ဆေးထိုးဖို့ ပြင်ခဲ့ပါတယ်။ DASSK နဲ့ သူမဝန်ကြီးရဲ့နည်းဗျူဟာက မှန်ကြောင်း ယခု အစ္စရေး၊ စင်ကာပူ၊ UK နဲ့ US ကို ကြည့်ရင်သိနိုင်ပါတယ်။ အဆိုပါနိုင်ငံတွေမှာ ကာကွယ်ဆေးကြောင့် ရောဂါပိုးတွေ့သူ ရှိပေမယ့် ပြင်းထန်ရောဂါနဲ့ ဆေးရုံတက်ရသူနည်းတာ သေသူနည်းတာ တွေ့ရပါတယ်။ တရုတ်ထုတ် ကာကွယ်ဆေးနဲ့ ရုရှားကာကွယ်ဆေးထိုးတဲ့ နိုင်ငံတွေမှာတော့ မထိရောက်တာ တွေ့ရပါတယ်။


ဒါပေမယ့် မအလဟာ မိမိအာဏာ မိမိအကျိုးအတွက် အာဏာသိမ်းခဲ့ပါတယ်။ သူအာဏာသိမ်းတာကိုဆရာဝန်တွေက ဆန့်ကျင်ပြီး သပိတ်မှောက်ပါတယ်။ ပုံမှန်မှာက ဆရာဝန်တွေကို ဖမ်းဝရမ်းမထုတ်ဘဲဒီအတိုင်းထားရင် ယခုအချိန်မှာ အဆိုပါ ဆရာဝန်တွေက ဝင်ကယ်နိုင်မှာပါ။ ဒါပေမယ့် မအလကဆရာဝန်တွေကို လိုက်ဖမ်းလို့ အားလုံးထွက်ပြေး တိမ်းရှောင်နဲ့ ယခုအချိန်မှာ ကယ်သူမရှိတော့ပါ။ ဖွတ်များက ဆရာဝန်တွေက ကျင့်ဝတ်နဲ့မညီ သပိတ်မှောက်တယ်ပြောပေမယ့် ကျင့်ဝတ်နဲ့မညီတာက မအလနဲ့ သူ့ရဲ့ ဖက်ဆစ်တပ်ပါ။ သူတို့ဟာ သစ္စာဖောက်ပြီး တိုင်းပြည်အာဏာကို လုယူခဲ့ကြလို့ ကျင့်ဝတ်နဲ့မညီတာက ဆရာဝန်တွေမဟုတ်ဘဲ မအလနဲ့ ဖက်ဆစ်တပ်ပါ။ ကျင့်ဝတ်လိုက်နာတဲ့တပ်ဟာ အာဏာမသိမ်းပါဘူး။


ဒါဆိုရင် ကျန်ခဲ့တဲ့ ဆရာဝန်တွေက ကယ်မှာပေါ့ဆိုရင် မြန်မာပြည်မှာက နဂိုထဲက ကျန်းမာရေးဝန်ထမ်းအင်အားက နည်းပါတယ်။ ကျန်ခဲ့တဲ့ Non CDM ဆရာဝန်များကလဲ အခွင့်အရေးသမား လက်ထောက်ဆရာဝန်များ၊ ဆေးခန်းထိုင်ချင်သူ အထူးကုများ၊ သူများပြုတ်ချိန် ရာထူးလုလိုတဲ့ အချောင်သမားဆရာဝန်များပါ။ ဥပမာ စောက်သုံးမကျတဲ့ ခင်ခင်ကြီးနဲ့ အဘဘောမတဲ့ အောင်လင်းဒွေးညီမ စုစုဒွေးတို့ပါ။ ယခုလိုအချိန်မှာ အာဏာလုသူခိုးနဲ့ အချောင်သမား Non CDM များကြောင့် ကိုဗစ်ရောဂါပြင်းပြင်းထန်ထန်ဖြစ်ရင်တော့ သေဖို့သာ ရှိပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မအလဟာ ကျောင်းတွေကို အတင်းဖွင့် လူစုလူဝေးနေရာတွေကိုအတင်းဖွင့်ပြီး အမေစုအစိုးရလုပ်သမျှ ကန့်လန့်လိုက်လုပ်ရာက ပိုးအခြေအနေက ပိုဆိုးလာပါတယ်။ဒါဆိုရင် အမေစုကို ဝေဖန်ခဲ့တဲ့ ဘောမများအဖေ မအလအုပ်ချုပ်ချိန် ကိုဗစ်စင်တာတွေက ပိုကောင်းသွားလားဆိုတော့ ပုံတွေကြည့်လိုက်တာနဲ့ မအလဖွင့်တဲ့ ကိုဗစ်စင်တာဟာ အမေစုတို့ ကွီးဖြိုးတို့လုပ်ခဲ့တာနဲ့ မိုးနဲ့မြေ ကွာနေတာကို တွေ့ရပါတယ်။ စစ်တပ်ဟာ အမေစုလက်ထက်က နှမ်းလိုက်ဖြူးပေမယ့်သူအုပ်ချုပ်ချိန်မှာ ယခင်စစ်အစိုးရလက်ထက်အတိုင်း လုပ်သမျှ တလွဲဖြစ်နေတာ အားလုံးတွေ့ကြမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘဲ စစ်ဆေးဟာ အရပ်သားကိုဗစ်လူနာတွေကို မကုနိုင်ဘဲ တပ်ထဲမှာတောင် တိုင်ပတ်နေတာတွေ့ရမှာပါ။ မြဝတီမှာတော့ နေ့တိုင်း လူနာ နှစ်သိန်းငါးသောင်း ကုပေးတယ်ဆိုပြီး ဂျင်းထည့်လေ့ရှိပါတယ်။


ဒါထက်ပိုဆိုးတာက ပြည်သူတွေကို အောက်ဆီဂျင်တောင် လုံလောက်အောင်မပေးနိုင်တာပါ။ အမေစုအုပ်ချုပ်စဉ်က သတင်းတုတွေနဲ့ အောက်ဆီဂျင်မလောက်ဘူး တပ်ကအောက်ဆီဂျင်လိုက်ဝေဆိုပြီး မအလက နှမ်းဖြူးပေမယ့် သူအာဏာသိမ်းအုပ်ချုပ်ချိန်မှာတော့ အောက်ဆီဂျင်ဟာ တစ်တိုင်းပြည်လုံးမှာ ပြတ်လတ်နေပြီး လူအများစုဟာ အောက်ဆီဂျင်ပြတ်လို့ သေနေကြပါတယ်။ မအလဟာ လေတပ်က လေယဉ်တွေကို အောက်ဆီဂျင်ပို့ဖို့မသုံးဘဲ မိမိအာဏာတည်မြဲဖို့ စစ်ဆင်ရေးအတွက် ပစ္စည်းပြောင်းတာနဲ့သာ အလုပ်များနေခဲ့ပါတယ်။


အကျဉ်းချုပ်ရရင် မအလဟာ သူ့ရဲ့အာဏာသိမ်းမှုကနေ မြန်မာပြည်မှာ ကိုဗစ်နဲ့ လူထောင်ပေါင်းများစွာသေအောင် ဖန်တီးနေပါတယ်။ ကိုဗစ်နဲ့ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်။ မြန်မာပြည်ကပြည်သူများ ကိုဗစ်နဲ့သေရတာဟာ မအလနဲ့ အာဏာသိမ်းဖက်ဆစ်တပ်မှာ တာဝန်ရှိကြောင်း သတိပေးပါရစေ။ တချိန်မှာ မအလ စစ်ကောင်စီနဲ့ ဝန်ကြီးအဖွဲ့အားလုံး တာဝန်ခံရမှာပါ။ ရင်ကြားစေ့တာ ပြီးသွားခဲ့ပါပြီ။

2,058 views1 comment

1 opmerking


Myint Soe Oo
Myint Soe Oo
04 jul. 2021

ဦးမြတ်!!!လူသားတို့၏ စိတ်စွမ်းရည်( E Q) နိမ့်ကျသူတို့သည် တန်ခိုးရှင် ကယ်တင်ရှင် ဖန်ဆင်းရှင်တို့၏ ကယ်ယူဆယ်တင်မှုကို ယုံကြည် အားထားကြသလို ကိုယ့်အားကို ကိုယ်အားလိုစိတ် မရှိကြောင်း ယခင်ဆောင်းပါးတစ်ပုဒ်မှာ ရေးသားအသိပေးခဲ့ပါသည်။ ပြောခဲ့သလိုပါပဲ။ ယတြာရူးပါ ပူးတွဲရူးနေတော့ ပို ဆိုးသွားခဲ့ပါသည်။

ကိုဗစ်စင်တာတွေမှာ ကွပ်ပျစ်တွေနဲ့မို့ ဟိုဘိ ယောင်ယောင်ဆင်တူလို့ စွပ်စွဲဝေဖန်မှု အပြင်းအထန်ခံခဲ့ရပါသည်။ရှင်းပါအံ့။

ကို ဗစ် = ကွပ် ပျစ်

၂ ၅ =၂ ၅

နံတူသတ်က အသေ ရ။

~ခုနွေဦးမှာ ဆရာဝန်တွေကို ကြည့်မရလောက်အောင် မျက်မုန်းကျိုးနေမှုက သိသာလှပါသည်။ ပြီးခဲ့တဲ့ ပထမ လှိုင်းတုန်းက ဂုဏ်ပြုတဲ့အနေနဲ့ နားကြပ်နဲ့ အပ်ကိုင်စွဲထားသော လိုဂိုနှင့်အတူ **တိုင်းပြည်ကို ကယ်တင်သော သူရဲကောင်းများ**စာသားသည် သူတို့မရှိရင် တိုင်းပြည်ကြီး ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုသော အယူအတွေး ပုံရိပ်၏ သိက္ခာကို အတော်အထိုးအနှက်ခံရဟန်ရှိပါသည်။သည်ကြားထဲ နွေဦးမှာက ဒေါက်ဇော်စိုး ၊ ဆောင်းဦးလှိုင် ၊ မီးအိမ်ရှင်ဆရာကြီး ဦးမင်းသန်းထွတ် စသည့် နောက်ပါခြံရံ ဖော်လိုဝါများသူတို့က ပါဝင်လာသောကြောင့် ပိုမို ဆိုးရွားစေခဲ့ပါသည်။ဆရာဝန်နှင့်ဆေးကျောင်းသား ငယ်ငယ်တချို့ နွေဦးမှာ အသက်သေကြေသည်ထိ ဖြစ်ခဲ့ရပါသည်။သည်လို အာဃာတကြီးမားမှုကြောင့် လက်သည်းဆိတ် လက်ထိပ် နာ ဆိုသလို ဓါတခွဲ ကျွမ်းကျင်သူတို့ပါစီဒီအမ်မှာ ပါဝင်လာမှုသည် ယခု (တ) အကျော့မှာ လုပ်ငန်များ ပရမ်းပတာဖြစ်မှုက သက်သေပြနေပါသည်။

~±±CV19 ယခုလှိုင်းသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ် စကားကဲ့သို့ ထင်မြင်မိပါသည်။~CV19 ကြောင့် သေဆုံးမှုသည် မီးခိုးယမ်းနှင့် အသံမထွက်သော အသံတိတ်လက်နက်ဖြင့်သဖြင့် အပြစ်အာပါတ် လွတ်နေနိုင်သလို

~ထကြွဒေသမှာ အင်အား ချိနဲ့ လျော့ပါးစေပြီး

ကန့်သတ်မှုတွေ တင်းကြပ်စွာလုပ်ဖို့ အခွင့်ကောင်း ဖြစ်သလို

~ဆေးဝန်ထမ်းများ အာဏာဖီဆန်မှုကို ပေါ်ပေါ်ထင်ထင် သိမြင်နိုင်အောင်(ကုသရေး ဆရာဝန်တွေ…


Like
bottom of page