top of page
Search

ကိုဗစ်ဖြစ်မှာစိုးလို့ ဘာမှမလုပ်ဘဲနေမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 21, 2020
  • 1 min read

သင့်အိမ်ရှေ့မှာ မီးလောင်နေတာကို ကိုဗစ်ဖြစ်လို့ မီးထွက်မငြိမ်းဘူးလား?

သင့်သားကို ခွေးကိုက်နေတာကို ကိုဗစ်ဖြစ်လို့ ခွေးကို မောင်းမထုတ်ဘူးလား?

သင့်အိမ်ကို သူခိုးတက်နေတာကို သူခိုးထံက ကိုဗစ်ကူးမှာစိုးလို့ သူခိုးကို မောင်းမထုတ်ဘူးလား?

သင့်အိမ်ကို ဓားမြတိုက်ဖို့လာနေတာကို ကိုဗစ်ဖြစ်မှာစိုးလို့ ရဲကိုမခေါ်ဘဲ နေမလား?

သင့် သမီးနဲ့မိန်းမကို မုဒိမ်းကျင့်ဖို့ ကြိုးစားနေရင် ကိုဗစ်ကူးမှာကြောက်လို့ မုဒိမ်းသမားကို မခုခံဘဲ နေမလား?


လူသတ်သမားက သင့်အိမ်တံခါးခေါက်နေတာကို ကိုဗစ်ကူးမှာစိုးလို့ ရဲမခေါ်ဘဲ နေမလား?


မြန်မာပြည်မှာ ကိုဗစ်ဖြစ်မှာကြောက်လို့ ဖွတ်နွယ်ဆရာဝန် ဆယ်လီအချို့ပြောစကားယုံပြီး နိုဝင်ဘာ ၈ရက်မှာ မဲထွက်မပေးခဲ့ရင် မြန်မာပြည်မှာ သူခိုးထက်ဆိုးတဲ့၊ ဓားမြထက်ဆိုးတဲ့၊ ခွေးထက်ဆိုးတဲ့၊ မီးထက်ဆိုးတဲ့၊ မုဒိမ်းကောင်ထက်ဆိုးတဲ့၊ လူသတ်သမားထက်ဆိုးတဲ့ ဖွတ်တွေ တက်လာပါလိမ့်မယ်။

ပြည်သူများ စဉ်းစားပါ။


သင့်အနာဂတ်အတွက် နိုဝင်ဘာ ၈ ရက်မှာတော့ မဲထွက်ပေးလိုက်ပါ။


နိုဝင်အဘာ ၈ ရက်နေ့ မဲထွက်ပေးတာကလွဲပြီး အခြားအချိန်မှာ

လောလောဆယ်မှာ ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ

✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ ဖျားရင် အနံ့ပျောက်ရင် ချက်ခြင်း သတင်းပို့ပါ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 comentário


Myint Soe Oo
Myint Soe Oo
21 de out. de 2020

ဦးမြတ်!ဆောင်းပါးသုံးပုဒ်ကို ခြုံအုပ်၍ တပုဒ်အသွင်ဖြင့် အမြင်မျှရန် ရေးသားအပ်ပါသည်။

အကြမ်းဖက် နှင့် အစွန်းရောက်

အစွန်းရောက်လို့ အကြမ်းဖက်ရပါသည်။ အာဏာ ဓန ဖက်ကမ်းကပ် ငါနှင့်အမျိုး အစွန်းရပ် တဖက်စွန်းကပ်မှုကြောင့်ပေါ်လာရပါသည်။ အတ္တ ပရ နှစ်ရပ်၊ ပရ ပျက်ကွက် ရက်ရက်စက်စက် အတ္တအတွက် ရမက်ကမ်းကပ် ဆန္ဒဇောပြင်း အယူမမှန် ပညာဉာဏ် မရှိမှုမှာ မြစ်ဖျားခံပါသည်။

အမှန်မမြင်မိုင်အောင် ငါအစွဲက

ဖုံးအုပ်ထားခြင်းကြောင့်ပါ။

အစွန်းကပ် အကြမ်းဖက်သမျှ ငြိမ်းချမ်းမှုမှန်သမျနှင့် လက်လှမ်း၍ ဝေး ကွာနေပါဦးမည်။လူသားတို့၏ ဗီဇသည် ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်လိုကြပါသည်။ မငြိမ်းချမ်းလျှင် မရွှင်လန်းသောကြောင့် မငြိမ်းချမ်းစေသည့် အတ္တစဲွဲပြင်းသည့် အကြမ်းဖက်မှုမှန်သမျှ ရှုံချကန်ကွ​ြကပါသည်။ ဤနည်းဖြင့် အစွန်းရောက် အကြမ်းဖက်တို့သည် လူဆန်သူများ၏ အဝန်းအဝိုင်းပြင်ပတွင် အထီးကျန် နန်း မှာသာ စံရပြီး နိဂုံးချုပ် မလှပသည်မှာ အတိတ်မှာ သာဓက သမိုင်းများစွာရှိပါသည်။

တရွာနှင့် တယောက်

တကမ္ဘာနှင့် တယောက်

အထီးကျန် ဆန် သလို အထီးကျန်ဘဝကိုလည်း စံ ရသည်မှာ ခုခါမြင်တွေ့လွယ်ပါသည်။

အစွန်းကပ်ပြီဆိုကတည်းက မကောင်းတော့ပါ။ သို့ပါ၍

မဇ္စျိမပဋိပဋာ

ပေါ်ထွန်းလာရပါသည်။ အစွန်းမကပ်သောလမ်း၊ ငါ ဗဟို မပြုသောလမ်း၊ အတ္တ ပရ ညီမျှပြီး ကျင့်သုံးသူတို့ စည် ဝေ ဝ. သည့်လမ်း။ ငြိမ်းချမ်းရေးပန်းတို့ ဖြန့်ခင်းထားသည့်လမ်း။ အများစုနှင့် လိုက်လျောညီထွေသည့်လမ်း။

ချမ်းသာမှု စခန်းကို ရောက်စေသည့်လမ်း။

ဤအရည်အသွေးမျာသည် မဖောက်မပြန်မှန်သော သစ္စာ၏ ဂုဏ်ရည်များဖြစ်ပါသည်။

ဖော်ပြပါအရည်အသွေးများ မကိန်းပါက သစ္စာကို မျက်ကွယ်ပြု၊ သစ္စာဖောက်သူအဖြစ် ရောက်ရှိရပါသည်။ သစ္စာဖောက်သူတို့ သွားသောလမ်း မငြိမ်းချမ်းရသည်မှာ

လောကတွင်း အလွယ်မြင်တွေ့နိုင်ပါသည်။

မဇ္စျိမပဋိပဋာကျင့်သုံးရန် အယူအမြင်အမှန် ဉာဏ်လိုပါသည်။

ဉာဏ်အရာမှာ အောင်

အမြင်အသစ်က ဆန်း

အယူဖြူဖြူ စု


Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page